နောက် ဌာနလေးတခုရဲ့အကြီးအကဲ ..
လူမူရေးအဖွဲ့ရဲ့အကြီးအကဲ
ကုမ္ပဏီတခုရဲ့အကြိးအကဲ ..စသဖြင့် နိုင်ငံရေး၊ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး ဆိုင်ရာအကြီးအကဲ ... ရှိကြပါတယ်။ ရွာထိပ်က ကျောင်းထိုင်ဘုန်းကြီးလဲအကြီးအကဲတမျိုး၊ ရွာသူကြီးကလည်း အကြီးကဲတမျိုး ရှိကြပါတယ်။
ဘာပဲ အကြီးအကဲဖြစ်ပါစေ .. ပြသနာမျိုးစုံကို ခေါင်းရှုပ်ခံနိုင်ခြင်းဟာ အကြီးအကဲဖြစ်ရခြင်းရဲ့ အရည်အချင်းတရပ်ပါ။ တခါတခါ .. နင်တို့လုပ်ချင်တာလုပ်တော့ .. ဆိုပြီး .. နားညည်း၊ ဦးနှောက်ခြောက်လို့ အလုပ်ကထွက်ချင်စိတ်၊ ထွက်စာတင်တတ်တယ်..
အသင်းတော်တခုရဲ့ သင်းအုပ်ဆရာနဲ့ အသင်းတော်ဥက္ကဌ ပါဝါပြိုင်ပွဲမှာ တယောက်က ပါဝါကြီးလွန်းရင် တောက်တယောက်က ခပ်ညံ့ညံ့ဖြစ်သွားတတ်ပါတယ်။ ဒီတော့ ပါဝါကို တယောက်ကပဲ ကြီးစိုးလာပြီး နောက်ဆုံး မြန်မာပြည်နှစ်၅၀ခရီးလို နိုင်ငံတော်ပါဝါကို ထိပ်ဆုံးစစ်ဗိုလ်ချုပ်ကြီးတဦးက စစ်အာဏာရှင်နဲ့အုပ်ချုပ်တော့ တိုင်းပြည်တော့မပျက်ပါဘူ။ ကမ္ဘာ့အလည်မှာ ရှက်ဖွယ်နိုင်ငံဘ၀ ရောက်သွားတယ်။ နိုင်ငံသားဖြစ်ရတာလည်း မြန်မာပတ်စပို့ကိုင်ရတာ ကမ္ဘာ့အယ်မှာ တော်တော်မျက်နှာငယ်ရတယ်။ တခြားနိုင်ငံသားအဖြစ် ပြောင်းနိုင်သူများ ဥပမာ .. စင်ကာပူနိုင်ငံသား၊ အမေရိကန်နိုင်ငံသား အဖြစ် ပြောင်းလိုက်ကြတာပေါ့ဗျာ...။
အခု ဒီစာကတော့ ထောင်မှုး (အကျဉ်းထောင်အကြီးအကဲတဦး) ၃၅နှစ် အတွေ့အကြုံပါပဲ။ မိတ်ဆွေက ယောင်္ကျားဖြစ်ရင် .. မိန်းမအကျဉ်းထောင်ထဲ ဖြစ်ပျက်နေတာတွေကို အံ့သြဘွယ် ဖတ်ရှုရပါလိမ့်မယ်။ မူရင်းအင်္ဂလိပ်စာအုပ် "All Well" ကို တိုက်ရိုက် မြန်မာမှုပြုခြင်းဖြစ်ပါတယ်။ အင်းစိန်ထောင်လို့ အမည်ထည့်ထားတဲ့အတွက် သူ့အတွေ့အကြုံများ ညှပ်ထည့်ထားမယ်လို့ ယူဆပါတယ်။
ဘာလဲဟဲ့ လူ့ငရဲ ဆိုတဲ့ ထောင်မှာ နှစ်၂၀ကျော် နေထိုင်သွားတဲ့ လက်ရှိ NLD ခေါင်းဆောင်၊ သတင်းစာဆရာကြီးဦးဝင်းတင်ရဲ့ စာအုပ်ကိုဖတ်ဖူးသူများ .. ရသနောက်တမျိုး တွေ့ရပါလိမ့်မယ်။ ဆရာဦးဝင်တင်က မိန်မမရှိတဲ့ လူပျိုကြီးဆိုတော့ မိန်းမထောင်အကြောင်းမရေးပဲ .. နိုင်ငံရေးအကျဉ်းသားများအကြောင်းပဲ အဓိကရေးခဲ့ပါတယ်။
အခုစာအုပ်ကတော့ ထောင်မှုးအကြီးအကဲတစ်ဦးက ရေးထားပါတယ်။
စာရေးဆရာရန်အောင်မောင်မောင်ကို ၁၉၂၉မှာ ရမည်းသင်းခရိုင်၊ ရန်အောင်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ဥပစာ(က)တန်းတက်ပြီး နောက်ပိုင်း ထောင်ပိုင်အဖြစ်အမှုထမ်း ၃၅နှစ်ကြာခဲ့ပါတယ်။ လုံးခြင်းစာအုပ် (၁၉)အုပ်နဲ့ ဆောင်းပါးပေါင်း ၄၀၀ကျော် ရေးသားခဲ့ပြီး၊ ၁၉၈၉မှာ သက်ပြည့်ပင်စင်ယူပါတယ်။ ၁၉၉၁မှာ ကွယ်လွန်ပါတယ်။ ဇနီးဒေါ်အေးမြင့်အောင်နဲ့ သားသမီး၉ယောက်ကျန်ခဲ့ပါတယ်။
ဖတ်ရှု၊ ကိုယ်ချင်းစာနိုင်ပြီး .. မိမိရဲ့ အနည်းဆုံး အိမ်ထောင်အကြီးအကဲဘ၀ကို အောင်မြင်စွာ၊ တာဝန်ထမ်းဆောင်နိုင်ပါစေဆုတောင်းရပါတယ်။
Download Link
http://murann.com/ebooks/Yan Aung Mg Mg _ thaungtathate.pdf
ဇော်အောင်
0 comments:
Post a Comment