ဘာသာမဲ့တဦးဘဝ
ကျွန်တော်အသက်၃၅နှစ်လောက်ထိ ကိုယ်ဖြစ်ချင်တာ ဖြစ်အောင်လုပ်နိုင်သလိုပါပဲ။ မိဘက ခရစ်ယန်ဖြစ်ပေမဲ့ ..ကိုယ်ကတော့ ဘာသာမဲ့ဘ၀ပါပဲ။ အသက်၃၅ကျော်တဲ့အချိန်မှာ ကိုယ်လုပ်တိုင်းမဖြစ်တော့တာ သိလာရပြီး၊ ကျန်းမာရေးချို့တဲ့လို့ သေလုနည်းပါး လနဲ့ချီရောဂါခံစားပြိးတဲ့နောက် လူရဲ့စွမ်းအားဟာ အနတ္တဖြစ်ကြောင်းကောင်းကောင်းသိသွားတယ်။ ဗုဒ္ဓဘာသာနိုင်ငံကလာတယ်ဆိုတော့ ဗုဒ္ဓအတွေးခေါ်များလွမ်းမိုးပြီး တရားစာအလွတ်မဖတ်ရွတ်ချင်ပေမဲ့ တရားထိုင်ခြင်းကို အပြင်းထန်လုပ်ပါတယ်။ မရပါဘူ။ နောက်ဆုံးတော့ ဇနီးသည်ရဲ့မေတ္တာတရားနဲ့ပတ်ဝန်းကျင်ခရစ်ယန်များရဲ့ဆုတောင်းပေး၊ ဂရုစိုက်မှုတွေကြောင့် ဘုရားရှိတယ်ဆိုတာ ဇွတ်မှိတ်ယုံလိုက်ရပါတယ်။ သဘာဝလောကကြီး ဘစ်ဘင်သီအိုရီ၊ ဒါဝင်သီအိုရီတွေအရဖြစ်လာရတယ်..ဆိုရင်လဲ .. အဲဒါတွေမတိုင်မှီက အခြေအနေကိုမေးရင် အံ့သြစရာပဲ။ ဘုရားရှိတယ်ဆိုတဲ့ သီအိုရီလဲ အံ့သြစရာပဲ။ ဘာသာရေးတခုမရှိရင် သေရင်ဘယ်ရောက်တဲ့မေးခွန်းရဲ့အဖြေမရပဲ .. စိတ်ဂယောင်ခြောက်ခြားဖြစ်ရတာပဲရှိမယ်.. ။ နောက်ဆုံး ဘုရားရှိတယ်ဆိုတာ ယုံပစ်လိုက်တဲ့နောက်ပိုင်းတော့ အိပ်မက်ဆိုး၊ ကယောင်ခြောက်ခြားအတွေးများ ၂နှစ်၊၃နှစ်အတွင်း လုံးဝပျောက်သွားပါတယ်။ ပြသနာရဲ့အဖြေကိုရသွားပါတယ်။
စားဝတ်နေရေးဖူလုံပြီး .. အလုပ်အင်မတန်၊မအားလပ်သူများကတော့ အသက်၅၀ကျော်လည်း အလုပ်များပြီး၊ ပျော်ပျော်နေကြပါတယ်။ အလုပ်နည်းသွားရင်သာ ..စိတ်ဂယောင်ချောက်ခြားဖြစ်မှုများ ပေါ်တတ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ယောင်္ကျားတွေပဲ အရူးတွေများပါတယ်။ အရူးမတွေနည်းတယ်။ မြန်မာပြည်လည်း ဒီအတိုင်းပါ။ ဆိုလိုတာကတော့ ဘာသာတရားယုံလွယ်တဲ့ မိန်းမတွေက စိတ်ခြောက်ခြားမှုနည်းတယ်။ ယောင်္ကျားအရူးတွေပဲ များပါတယ်။ ...
ဘာသာမဲ့ ..ဘာထရန်ရက်ဆဲဆိုတဲ့ အတွေးခေါ်ပညာရှင်ကြီးက သေသည်၏အခြားတဖက် ဆိုတာကိုစဉ်းစားလိုက်တိုင်း မှောင်မဲနေတာပဲ..တဲ့။ ဘုရားရှိတယ်ယုံတဲ့လူတယောက် သေသည်၏အခြားတဖက်ကို စဉ်းစားလိုက်တိုင်း လင်းထိန်နေတာပဲ။ မှန်ကြည့်သလို ကိုယ့်ရုပ်ကိုပြန်မြင်ရင် ချောလှ၊ ခန့်ငြားတယ်ထင်သူချည်းပဲမဟုတ်လား..။ ဘုရားရှိတယ်ယုံသူတယောက် သေရင် ကောင်းကင်ဘုံရောက်မယ်ဆိုပီး ယုံပစ်လိုက်တော့ လောကမှာအသက်ရှင်ရတာ အိုကေသွားတာပဲ။ ငရဲမရောက်ချင်တော့ ဘုရားရှိတယ်လို့ပဲ ယုံလိုက်တာပေါ့ဗျာ..။ ဒီလိုနဲ့ ခရစ်ယန်၊မူဆလင်တွေ လူဦးရေအဆမတန်များလာတော့တယ်။
လူငယ်တဦးဖြစ်တဲ့ ဇေယျာရဲ့ဘလောက် http://zayya.wordpress.com/2011/12/15/godproblem/ OSHO ကိုဖတ်မိပြီး၊ ဒီစာကိုရေးရတာပါ။ ယုံကြည်ချက်တခုဖြစ်လာဖို့ နှစ်ပေါင်းများစွာကြာပါတယ်။ ယုံကြည်ချက်ပြောင်းဖို့က ပိုပြိးကြာသေးတယ်။ လူတွေဆယ်ကျော်သက်ရောက်တော့ ငယ်စဉ်ကမိဘရိုက်သွင်းတဲ့ယုံကြည်ချက်ကို သဘောမကျတော့ပြန်ဘူး။ အသက်၃၅နှစ်ကျော်လာချိန်မှာ ငယ်စဉ်ကရိုက်သွင်းထားတဲ့ယုံကြည်မှုဘက်ကို ပြန်လိုက်သွားလေ့ရှိပါတယ်။ ဒီလိုနည်းနဲ့ ကွန်မြူနစ်ယုံကြည်မှုတွေ ဘုရားမဲ့ဝါဒကို သေသည့်တိုင်နေထိုင်နိုင်ပါတယ်။ ကွန်မြူနစ်ဝါဒက သေရင်မြေကြီးဖြစ်၊ဘ၀သိမ်း၊ လူသားမျိုးဆက် စင်္ကြာဝဌာမှာမျိုးမတုန်းရေးပဲ အဓိကထားကြတယ်။ ကွန်မြူနစ်ဝါဒကြီးစိုးတုံးကတော့ ဘာသာကြီး၂ခု (မူဆလင်၊ခရစ်ယန်) စည်းလုံးရတယ်။ အခုကွန်မြူနစ်စနစ်ကျဆုံးသွားတော့ အဲဒီဘာသာကြီး၂ခု ရန်ပွဲပြန်စလာကြတယ်။ ဘာသာမဲ့နဲ့ဘုရားစုံဝါဒတွေလည်း အထူးသဖြင့်ဥရောပနိုင်ငံသားများ အများကြီးဖြစ်လာတော့တယ်။ Government is our GOD သမားတွေများပါတယ်။
ရူးသွားတဲ့လူတွေကိုကြည့်ရင် ဘာသာမဲ့တွေများတယ်။ နိုင်ငံတွေကိုကြည့်ရင် ချမ်းသာတဲ့နိုင်ငံတွေမှာ ပိုပြီးရူးကြတယ်။ ကိုယ့်ကိုယ်ကိုသတ်သေသူ များတယ်။ မြေပုံကိုကြည့်ပါ။ အနီရောင်တွေက အရူးများတဲ့နိုင်ငံ(ချမ်းသာ)ဖြစ်ပြီး၊ အ၀ါရောင်တွေက အရူးနဲတဲ့နိုင်ငံ(ဆင်းရဲ)တွေဖြစ်တာတွေ့ရတယ်။
နိဂုံးအနေနဲ့ .. အလုပ်မရှိ၊ တယောက်တည်းနေရချိန် ရူးသွတ်မသွားချင်ရင် ဘာသာတခုကို ရိုးရိုးလေးပဲယုံလိုက်ပါ...။
မောင်သာမန်
http://en.wikipedia.org/wiki/Mental_disorder
0 comments:
Post a Comment