Friday, February 13, 2009

FBBC မြန်မာအသင်းတော် နဲ့ UBCF Fasting ကျမ်းစာလေ့လာခြင်း

FBBC မြန်မာအသင်းတော် နဲ့ UBCF Fasting ကျမ်းစာလေ့လာခြင်း
ဆန်ဖရန်စစ္စကိုနဲ့ အမေရိကန်တ၀ှမ်းမှာ ကိုးရီးယားလိုမျိုး ၁သန်းကျော်ရှိတာ အများစုက ခရစ်တော်ကိုယုံကြည်သူများဖြစ်ပါတယ်။ ဒေးလီစီးတီး ပစိဖိတ်ပင်လယ်ကမ်းခြေက Korean Central Presbyterian Church ဖြစ်ပြီး ဒီ Church အဆောက်အဦးကို ဆန်ဖရန်စ္စကို သောဒုံမြိုသားပုံစံများလာလို့ ယုံကြည်သူအမေရိကန်လူမျိုးများဟာ ယုံကြည်သူကိုးရီးယားများကို ပေးအပ်ခဲ့ပါတယ်။ ကိုးရီးယားများ သူတို့နိုင်ငံကို ကွန်မြူနစ်မြောက်ကိုးရီးယားရန်က ဘုရားအမြဲကွယ်ကာဖို့ဆုတောင်းရင်း တိုင်းပြည်တိုးတက်လာလို အမေရိကန်နိုင်ငံထိ ကြွယ်ဝ၊ကြီးပွားလာပြီး သူတို့နဲ့ သင့်လျှော်တဲ့အသင်းတော် အဆောက်အဦကိုရရှိပါတယ်။ (အမှန်တော့ အသင်းတော်အဆောက်အဦက ကျွန်ပ်တို့နှလုံးသာဖြစ်ပေမဲ့ ယုံကြည် သူများစုပေါင်း ကိုးကွယ်ဝတ်ပြုနေရာလဲ လိုပါတယ်။) ဂျပ်ဆမ်မြန်မာအသင်းတော် JBCS မှာလည်း နှစ်ပေါင်းများစွာ ဗုဒ္ဓဟူးနေ့တိုင်း အသင်းသားများ အစာရှောင် ဆုတောင်းရင်း အခုဆိုရင် မိခင်အသင်းတော်ဖြစ်တဲ့ Thomson Group Floor ကိုအသုံးပြုခွင့်ရရှိလာပါတယ်။ ပွဲတော်ရက်များမှာ ကျယ်ဝန်းတဲ့နေရာကို နှိမ့်ချမှု၊ကျေးဇူးပြုမှု၊ညှိနှိုင်းမှု ပေးနိုင်တဲ့ အသင်းတော်အတွက် ပိုမိုအဆင်ပြေတဲ့နေရာကောင်းကို ဘုရားသခင်ပေးခြင်းဖြစ်ပါတယ်။ ကိုးရီးယားများ ရက်တို၊ရက်ရှည် အစာရှောင်ခြင်းအကြောင်းကို ဆန်ဖရန်စစ္စကို FBBC မြန်မာအသင်းတော် နဲ့ UBCF ကျမ်းစာလေ့လာခြင်း 31-Feb-2009 (Sat) မှာ အခက်ခဲများစွာတွေ့လာရတဲ့ မြန်မာ၊ အမေရိကန် နိုင်ငံများအတွက် စုပေါင်း၊ အကန့်သတ်အစာရှောင်ခြင်းလုပ်သင့်နေကြောင်း၊ ရှင်မဿဲခရစ်ဝင် Matthew ၄း၂ အရ ယေရှုခရစ် ရက်၄၀ အစာရှောင်ဆုတောင်းရာမှ တောင်ပေါ်ဒေသနာတရားတော်နဲ့ ၃နှစ်အတွင်း အပြစ်သားများအတွက် အသက်အသေခံ၊ရှင်ပြန်ထမြောက်ခြင်း အံ့သြဖွယ်များကို ပုံသက်သေပြသွားခဲ့ကြောင်း ဆွေးဆွေးသွားကြပါတယ်။ (UBCF United Bible Christian Fellowship စတင်ခဲ့မှာ နှစ်၃၀ကျော်ပြီး နှစ်စဉ် ၃ရက်တာ Family Camp ကိုဦးဆောင်ပေးခြင်းဖြင့် ဆန်ဖရန်ဘေးဧ၇ိယာမြန်မာ ခရစ်ယန် အသင်းတော်များ အားလုံးအတွက် အမှုတော် ဆောင်လျှက်ရှိပါသည်။ အမှုဆောင်အသစ် ရွေးကောက်ပွဲ အပြီးတွင် ဥက္ကဌတာဝန်ကို Ma Grace မှ John Hla Oung ကိုလွှဲပြောင်းပေးပြီး၊အမှုဆောင်သစ်၁၄ဦးကို ဆရာတော် Latt Yishey က ဆုတောင်း၊ ကောင်းကြီးပေးခဲ့ပါသည်)။

No comments: