Monday, November 2, 2009

Doulos သင်္ဘော

၂၀၀၉ ခုနှစ် အောက်တိုဘာလ (၁၁)ရက် တနင်္ဂနွေနေ့ တွင် JBCS မှ အသင်းအုပ် ဆရာ Rev. Augustus နှင့် အသင်းတော် လူကြီးများ၊ အသင်းသူ အသင်းသား များနှင့် Doulos သင်္ဘော မှ ဦးဆောင်သူများ ပူးပေါင်း၍ မြန်မာတိုင်းရင်းသား (၃၀၀) ကျော်ကို သင်္ဘော ခန်းမ အပြည့် အလျှံ ဖိတ်ခေါ် နိုင်ခဲ့ပါသည်။
JBCS နှင့် M.V Dolous သင်္ဘောမှ ဦးဆောင်သူများက လာရောက် လေ့လာ လည်ပတ်သူ များကို အခမ်းအနား အပြင်အဆင် ဖြင့်ကြိုဆို၍ မြန်မာ့ရိုးရာ မုန့်ဟင်းခါး၊ မြန်မာ့ ရိုးရာ ၀ိညာဉ်ရေးရာအငြိမ့်သဘင် နှင့် ဓမ္မဒေသနာ သင်္ဘော အတွေ့ အကြုံ များကို သက်သေခံ ဝေငှ ခြင်းများဖြင့် မိတ်သဟာရ ဖွဲ့ နိုင်ခဲ့ပါတယ်။
Click Here to Article ... 7mins Youtube Sermon

Friday, October 23, 2009

တပ်ပုန်းမြန်မာခရစ်ယာန်မိတ်သဟာယ ဓမ္မသီချင်း

ဓမ္မသီချင်းများ
၃၈၉ ပုဒ် ပါဝင်သော
ချီးမွမ်းခြင်းနှင့်ကိုးကွယ်
သီချင်းပေါင်းချုပ်
တပ်ပုန်းမြန်မာခရစ်ယာန်မိတ်သဟာယ
(မလေးရှား) မှ ထုတ်ဝေသည်။
ဤဓမ္မသီချင်းပေါင်းချုပ်စာအုပ်ကို နိုင်ငံရပ်ခြားတွင် ရောက်ရှိနေကြသော ယုံကြည်သူများအားလုံးတို့သည် အသင်းတော်အသီးသီးတို့၌ ဘုရားဝတ်ပြုကိုးကွယ်ရာတွင် သော်၎င်း၊ အိမ်၌ ယုံကြည်သူများစုရုံးလျှက် မိတ်သဟာရဖွဲ့ရာတွင်၎င်း၊ အလွယ်တကူအသုံးပြုနိုင်ရေးအတွက် ရည်ရွယ်ပါသည်။
KEPONG MYANMAR CHRISTIAN FELLOWSHIP
Pstor Paul Khai Tom
Email: khaitom@gmail.com +60 (012) 6340490
Click Here to Download

Thursday, October 22, 2009

Christinity - translated to Burmese

This is a translation of "History of CHRISTIANITY" in Burmese Language
နောက်ဆုံးမှာတော့ စာရေးသူ စပီဂယ်လ်ရဲ့ ကိုယ်ပိုင် မှတ်ချက်လေးဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အရှေ့တိုင်းတွေမှာ အထူးသဖြင့် တရုပ်ပြည်ကြီးမှာ ဘာသာရေးလွတ်လပ်ခွင့်ရရှိချိတ် ခရစ်တော်ကို ယုံကြည်သူ အထူးများလာခြင်းဟာ အမှန်ပါပဲ။ ကျွန်တော်တို့ မြန်မာများလည်း ခရစ်တော်ကို ပိုမိုသိကျွမ်းလာကြပါတယ်။
Click Here

Monday, October 5, 2009

Typhoon in Philippines

Baptist World Aid & Rescue24 Int'l Medical Team update - day 2
Manila, Philippines 4th October 2009
The BWAid Rescue24 International Medical Team consisting of a doctor and two paramedics from North Carolina, USA, a doctor from Singapore (Jennifer from International BC), a doctor, a paramedic and a professional relief worker from Hungary has completed its second day among the typhoon and flood victims of Manila.
With the worries of a second typhoon hanging over their heads the medical team has assisted 117 sick and needy persons in the past two days.

As the floods most severely effected the poorest of the poor, the places and the stories where patients are coming from are heart breaking. Many had to leave shanty houses that were taken shortly after by the flooding river with all their possessions inside. Many were afraid to leave, risking another typhoon in homes that have become life threatening.
“We met a 3-year old little boy today who had to walk in shoulder high water to find something in the room that serves as the living space of the entire family.
Our medical post was set up next to a Government evacuation center - a basketball court with a roof but no walls. The people there are crammed together with the belongings they could carry out before their homes were submerged in water. Many came with wounds inflicted by underwater objects, bronchitis, pneumonia, skin diseases, sleeplessness and anxiety.
The team could administer more than medicines they brought and purchased locally. The good words, the smiles and the visits to the most desperate places gave a little bit of hope for a tomorrow that looks rather grim for many of the victims.” – says David GÁL, BWAid Rescue24 coordinator.
Manila Baptists are sending volunteers to assist the BWAid Rescue24 efforts and at the same time, hundreds of food aid packages were handed out by churches all over Manila. It is a great pleasure to see Baptists from four nations working together to be the hands and feet of Christ reaching out to the desperate.

Please continue to pray for our relief team as they minister to the needy in love and in Jesus’ name. Jennifer requests for prayers for her family members (Husband: Edwin and Children: Shih-yen, Brian, Melissa and Victoria)
Indonesia:
We are waiting for news from the Indonesian Baptist Convention on how we can respond with help for the victims at Padang. The relief works are expected to come after this week when the search & rescue efforts will wind down. We are grateful that member churches are appealing for funds from members to be sent to the two disaster areas.
Peter Tang
Singapore Baptist Convention

Thursday, September 24, 2009

The Miracle of Sarah Part 1 & 2

Sarah was born on Aug 27thShe lives with her family in Kota KinabaluHer father is a doctor/ pastorOne afternoon, while playing with her friend in the garden, Sarah accidentally hung herself ........ watch both the videosAt the end of the videos are actual photos of beautiful Sarahas she recovers in a hospital, some family photos and additional information about Sarah's condition and full recoveryThis is a true story
http://www.youtube.com/watch?v=z8JJ36esBE0



Part 2
http://www.youtube.com/watch?v=T7qn6iBfwWM&NR=1

Tuesday, September 22, 2009

"မည်သူနှင့် လက်ထပ်ပေါင်းသင်းရပါအံ့"

လူငယ်ထုအတွက် ရည်ရွယ်ပြီး နေ့စဉ်ခွန်အား အယ်ဒီတာတဦးဖြစ်သူ Kurt De Haan ရဲ့ စာအုပ်ငယ်ကို "မည်သူနှင့် လက်ထပ်ပေါင်းသင်းရပါအံ့" စာအုပ်ခေါင်းစဉ်နဲ့ နော်တာမလာဖော ဘာသာပြန်ထားပါတယ်။ စာမျက်နှာ ၄၃ မျက်နှာရှိပြီး ကမ္ဘာဦးကျမ်း ၂၄ က္ကုဇက် နှင့် ရဗက္ကာ တို့အကြောင်းကို အခြေခံပါတယ်။ ခေတ်သစ် လူငယ်များ၊ မျက်မှောက်ခေတ်စနစ်၊ အခြေအနေများနဲ့ လိုက်လျောညီထွေစွာ ရေးသားထားခြင်းဖြစ်ပါတယ်။

Saturday, September 19, 2009

30th Family Camp - San Francisco


Photo by Peter Lau & Richard Choo
30th Anniversary Burmese Christian Family Camp
This is 30th anniversary celebration of Burmese Christian Family Camp. We were gathering at beautiful "Silver Spur Christian Camp" at Toulumne, California from September 5 t 7. Members from eight churches and fellowship plus inviting special guests will be there. Here are speakers for this camp:
Rev. Dr. Latt Yishey (San Francisco)
Rev. Zauya Lahpai (San Jose)
Rev. Sammy Myo-Sett (Concord)
Rev. Harold Ho (Fremont)
Sayama Christine Ang (Fremont)
Dr. Garrick Law (San Francisco)
Dr. Victor Hui (San Francisco)
Dr. Jimmy Chao (San Jose)
Dr. Raymond Mu (Manteca)
Naw Bawk Lazum (San Francisco)
There were Children program and youth program participated. Very special, experienced inspired and enjoyable evenings with many popular activities every night.

Friday, September 18, 2009

Nightingale Award ဆုရရှိသူ

Nightingale Award ဆုရရှိသူ ခရစ်ယာန် သူနာပြုဆရာမလေးတစ်ဦးနှင့် တွေ့ဆုံခြင်း
'ငါသာလူနာဖြစ်မယ်ဆိုရင် ဘယ်လိုပြုစုခံချင်မလဲ' ဆိုတဲ့ စာနာစိတ်ထားတဲ့အခါ ပျော်ပျော်ရွှင်ရွှင်နဲ့ လူနာများကို ပြန်လည်ပြုစုနိုင်ခဲ့ပါတယ်။ စေတနာစိတ်နဲ့ ပြုစုတဲ့အခါ ဘုရားက ကြည့်ပြီးလက်ခံသုံးတယ်ဆိုတာ သိလာရတယ်။

၂၀၀၈ ခုနှစ်သည် HCFI နှင့်အတူ HFC (Myanmar in Singapore) အတွက် ဆောင်ပုဒ်မှာ "Bearing Fruits for His Glory" ဖြစ်သည့်အတိုင်း ကျွန်ုပ်တို့အတွက် ၀မ်းမြောက်ဂုဏ်ယူစရာ အကြောင်းဖြစ်စေသူ၊ သူနာပြုဆရာမလေးနှင့် တွေ့ဆုံမေးမြန်းရန် United Square အောက်ရှိ Food court မှာ -
A သမီးလေး၊ ဒီဆရာက Docar Magazine အယ်ဒီတာ ဆရာတင်ဝင်းမှန်ပါ။ အန်တီက Healthcare Christian Fellowship (Myanmar in Singapore) အဖွဲ့မှာ အမှုဆောင် Endeavour ပါ။ နာမည်လေးက ကြိန်ခန်းလျန် နော်၊ မိဘတွေကကော
B ဦးဆွပ်ဒိုထောင်နဲ့ ဒေါ်အေးအေးလွင်ပါ။
A မိဘတွေအတွက် ဂုဏ်ယူရတဲ့ သမီးလေးနော်။ အသက်ကကော ၊
B ၂၇ နှစ်ရှိပါပြီ။
A ဘယ်အသင်းတော်ကလဲ။
B ယခု စင်ကာပူမှာတော့ Judson Baptist Church ကပါ။
A ဘယ်တုံးက ဘယ်မှာနှစ်ခြင်းခံခဲ့ပါသလဲ။
B ၂၀၀၀ ခုနှစ်က ဆရာဦးမျိုးနိုင်ဆီမှာ ရေနှစ်ခြင်းခံခဲ့ပါတယ်။ ရန်ကုန်မြို့ သံလမ်းက လူမျိုးပေါင်းစုံ နှစ်ခြင်းအသင်းတော်မှာပါ။
C ဆရာမ မနှစ်တုန်းက စင်ကာပူ သူနာပြုကောင်စီမှ ဆုချီးမြှင့်ခံရတယ်လို့ ကြားရတယ်။ ဟုတ်ပါသလား။
B ဟုတ်ပါတယ် ဆရာ၊ ကျေးဇူးတော် သက်သက်ပါဘဲ။
C ဘုဆုလဲဟင်
B ၂၀၀၇ ခုနှစ် Nightingale Award ပါ။
C ဆုချီးမြှင့်ခံရတုန်းက ဘယ်လိုခံစားရပါသလဲ။
B မထင်မှတ်ဘဲနဲ့ ရရှိတာမို့ အရမ်းလည်းပျော်တယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်သက်သက်ဘဲမို့ ဘုရားရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
ဆက်လက်ဖတ်ရှုရန် Click Here
DOCAR Magazine မှတဆင့်ဖေါ်ပြပါသည်။

Monday, September 14, 2009

Festival of Praise စင်ကာပူမှာ ချီးမွမ်းခြင်းပွဲတော်


ချီးမွမ်းခြင်း - တီးမှုတ်၊ကခုန်၊သီဆိုကျူးဧခြင်း
စင်ကာပူတွင် အသင်းတော်ကြီး ၃ခု Mega Church ရှိပါသည်။ နိုးကြားထကြွသောအသင်းတော်သည် လူငယ်အင်အားကို အထူးအားပေးသောကြောင့် ထိုအသင်းတော်ကြီးများသည် လူပေါင်း သောင်းနှင့်ချီသော ၀တ်ပြုကိုးကွယ်ခြင်းများ အပတ်စဉ် တနင်္ဂနွေနေ့တွင် ၃ကြိမ်ခန့် ၀တ်ပြုကိုးကွယ်ကြပါသည်။ စင်ကာပူ SINGLISH စကားပြောသူများအတွက် English Worship အဓိကထားသော်လည်း အခြား တရုပ်၊ ဖိလစ်ပင်း၊ အင်ဒိုနီးရှား အစီအစဉ်များလည်း ရှိပါသည်။ New Creation Church (Suntec City), FCBC Faith Community Baptist Church and City Harvest Church (Singapore Expo) ဒီ အသင်းတော်၃ခုကတော့ လူပေါင်းသောင်းနဲ့ချီပြီး စင်ကာပူမှာ ကျော်ကြားတဲ့အပြင် ကမ္ဘာအနှံ့ စင်ကာပူမှတဆင့် ရောက်သွားတဲ့ အသင်းသားများရဲ့ နိုးကြားမှုကြောင့် နိုင်ငံတကာမှာလည်း လူသိများပါတယ်။ အထူးသဖြင့် Pastor Prince (New Creation Church) ရဲ့ တရားဒေသနာများကို အမေရိကားက Gospel Channel မှာ အပတ်စဉ် TV လွှင့်ထုတ်ပေးတာ တွေ့ရပါတယ်။ အမေရိကားမှာလည်း နိုးကြားတဲ့ အသင်းတော်များစွာရှိပေမဲ့ ကိုးရီးယားအသင်းတော်များကတော့ လက်ရှိအနိုးကြားဆုံးလို့ ပြောရပါမယ်။ ဘုရားသခင်က အသင်းတော်ကို ကြီးရမယ်၊ ငယ်ရမယ်၊ လူ၁၀၀ထက်မပိုစေနဲ့၊ လူသောင်းနဲ့ချီရမယ် ... ကျမ်းစာမှာမရေးထားပါဘူး။ လူတွေက မြင်ရသောအရာကို ဦးစားပေးတတ်တဲ့ ဗီဇသဘောကြောင့် မိမိကိုယ်ကိုယ် ကြီးမားစေချင်တဲ့သဘောရှိပါတယ်။ ဒါပေမဲ့ ဒီအသင်းတော်ကြီးတွေမှာ ဘုရားကို နံပါတ်၁ ဖြစ်နေတဲ့ သီဆိုချီးမွှမ်းခြင်းကို ဖေါ်ပြချင်လို့ ဒီစာတိုလေးကို ရေးရခြင်းဖြစ်ပါတယ်။

သီဆို၊ကခုန်၊တီးမှုတ် ချီးမွှမ်းခြင်းကို ဓမ္မဟောင်း အထူးသဖြင့် ဒါဝိပ်မင်းကြီးခေတ် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်ကတည်းက ကျမ်းစာမှာရေးသားထားပါတယ်။ ဆာလံကျမ်းကိုလည်း ဆာလံ ၁၊ လူဆိုး၊မတရား၊မထီမဲ့မြင်လူများနဲ့ ဝေးအောင်နေခြင်းကို စတင်ရေးသားထားပြီး ... ဆာလံ ၁၅၀၊ သီဆို၊တီးမှုတ်၊ကခုန် ချီးမွှမ်းခြင်းနဲ့ အဆုံးသတ် ရေးထားပါတယ်။

ဆာလံကျမ်း ၁၅ဝ
၁သန့်ရှင်းရာ ဌာနတော်၌ ဘုရားသခင်ကို ချီးမွမ်းကြလော့၊၊ ဘုန်းတော်ထင်ရှားသော ကောင်းကင်မျက်နှာ ကြက်ပေါ်မှာ ချီးမွမ်းကြလော့၊၊ ၂ထူးဆန်းသော တန်ခိုးတော်များကြောင့် ဘုရားသခင်ကို ချီးမွမ်းကြလော့၊၊ အလွန် တရာ ကြီးမြတ်တော်မူခြင်းရှိသည်အတိုင်း၊ ချီးမွမ်းကြလော့၊၊ ၃တံပိုးမှုတ်ခြင်းရှိသည်အတိုင်း ချီးမွမ်းကြလော့၊၊ တယောနှင့်စောင်းကိုတီးလျက် ချီးမွမ်းကြလော့၊၊ ၄ပတ်သာတီးလျက်၊ ကခုန်လျက် နှင့် ချီးမွမ်းကြလော့၊၊ ကြိုးနှင့်ပြည့်စုံ သော တုရိယာကို တီးလျက် နှဲခရာကို မှုတ်လျက် ချီးမွမ်းကြလော့၊ ၅အသံကျယ်သော သံလွင်ကို တီးလျက် ချီးမွမ်း ကြလော့၊၊ အကြီးဆုံးသော လင်းကွင်းကိုလည်း တီးလျက် ချီးမွမ်းကြလော့၊၊ ၆အသက်ရှိသောသူအပေါင်း တို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ ၊၊ ဟာလေလုယ၊၊
ဒါဝိဒ်မင်းကြီးနှင့် ရှင်အာသပ်အစရှိသော ပရောဖက်များတို့သည် စီရင်ရေးထားသော ဆာလံကျမ်းပြီး၏

စင်ကာပူက အသင်းတော်များ စုပေါင်းပြီး သီဆိုချီးမွှမ်းခြင်း Festival of Praise F.O.B ကို လွန်ခဲ့သော ၃နှစ်ကစတင်ပြီး ၆လတကြိမ်း ကိုးစား၊ဆုတောင်း လုပ်ဆောင်ခဲ့တာ လူငယ်များက အဓိက အခန်းမှာ ပါဝင် သီဆို၊တီးမှုတ်၊ကခုန် ကြပါတယ်။ လူကြီးများက စပျစ်နွယ်၊သံလွင်ပင်များကဲ့သို့ ၀န်းရံ ပံ့ပိုး ပါဝင်အားပေး၊ နားဆင်ရင်း ၀တ်ပြုကိုးကွယ်ခဲ့ကြပါတယ်။ ကျေးဇူးတော် သက်သက်ပင်ဖြစ်ပါတယ်။ အသင်းတော်မှာ လူငယ်များ သီဆို၊တီးမှုတ်၊ကခုန် ချီးမွမ်းကြတာကို အပတ်စဉ်ပြုလုပ်ခြင်းဟာ ၂၁ရာစု အသင်းတော် နိုးကြားခြင်းရဲ့ အဓိကလုပ်ငန်းဖြစ်နေပါပြီ။

လူငယ်များ အသင်းတော်နဲ့ ဝေးရာကို ပြေးချင်စိတ် ပေါက်နေတဲ့ ၂၁ရာစု အလွန်လျှင်မြန်တိုးတက်နေတဲ့ (Materialized Age) ကွန်ပြုတာ၊ အင်တာနက် ခေတ်ကြီးမှာ သီဆိုချီးမွမ်း၊ကခုန်ခြင်းနဲ့ပဲ လူငယ်များနဲ့ ငယ်ရွယ်သူများကို ဘုရားသခင်ရဲ့ ကြီးမြတ်ခြင်း၊ ကောင်းမြတ်ခြင်း၊ အံ့သြဘွယ်ရများ၊ ဖန်ဆင်းခြင်းများကို ပြောပြခြင်းဟာ မလွဲမရှောင်သာ လုပ်ငန်းတခုဖြစ်လာပါတယ်။ စင်ကာပူ ယုဒဿန်အသင်းတော် လူငယ်များရဲ့ လစဉ်ပထမအပတ် စနေညတိုင်း ၇နာရီခွဲမှာ သီဆိုချီးမွှမ်းခြင်း ဦးဆောင် ချက်ပြုတ် ကြွေးမွေး၊ တီးမှုတ်၊ ကခုန်၊ သီဆို၊ တရားဒေသနာဟောကြား၊ ပါဝင်ဆင်နွှဲသူများကို အထူးလေးစားပါတယ်။ လူငယ်များ ကြိုက်တဲ့ Retreat ရက်ရှည် Camping များလည်း လုပ်ဆောင်ရင်း ချီမွမ်းခြင်း သီဆို၊တီးမှုတ်၊ ကခုန်ခြင်းအားဖြင့် ဆည်းကပ်နေတဲ့ လူငယ်များကို အားပေး၊ဂုဏ်ပြုပါတယ်။

ဆာလံ ၁၅၀ ချီးမွမ်းခြင်းအားဖြင့် အသင်းတော်များ ဘုန်းတော် ထင်ရှားပါစေ။
The End.... Ref: Singapore 2009 Festival of Praise video

Friday, September 11, 2009

MFC - ကယ်တင်ခြင်း, ခရစ်ယာန်အသက်တာ


Mission for Christ ကယ်တင်ခြင်း, ခရစ်ယာန်အသက်တာ
ကယ်တင်ခြင်းနှင့်ကယ်တင်ရှင်
ကယ်တင်ခြင်းသုံးမျိုး
လုံခြုံမှု
ထာဝရဘုရားသည်ငါ၏သိုးထိန်း
ပညတ်တရားနှင့်ကျေးဇူးတရား
ကယ်တင်ခြင်းသင်ခန်းစာများ
Road Map
အံ့ဘွယ်တန်ခိုးနိမိတ်လက္ခဏာများ
မိမိကိုယ်ကို ပူဇော်ခြင်း
ကောင်းမြတ်ခြင်းသက်သေ
လောတ၏အမှားများ
ခွင့်လွတ်ခြင်းခါးသီးမှုနှင့်နာကြည်းမှုများ
ကိုပျောက်ကင်းအောင်ကုသနည်း
သူငယ်ချင်းထံသို့ပေးစာ
သွားကြစို့
ဂေါလျက်ကိုအောင်မြင်ခြင်း
ဖေဖေ့အချစ်ဆုံး
ယုံကြည်သူသင့်အားဘုရားစေလွတ်
Click Here for Website, eGroup

Wednesday, September 9, 2009

Passionletter-September-09 - U Naw Church, Yangon

သင်းအုပ်သ၀ဏ်လွှာ
ကနဦး အသင်းတော် ဦးနှောနှင့်အတူ ဒေါ်မင်းလေး အောက်မေ့ဘွယ်ရာ - ရွှေမြိုင်မြကြီး
ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းခြင်း - ဆရာဂျေပီတာ
အချင်းတို့ များပြားစွာမွေးဖွားကြလော့ - ဆရာဦးလှိုင်ဝင်အောင်
အသင်းတော် ကျောင်းနေ့ - ဇော်(ထီလာ)
အမှတ်တရမှ ထာဝရသို့ - မမိုးသစ်


Click Here

Sunday, September 6, 2009

သင်၏လက်၌ ရှိသောအရာ - Maran ခွန်ဆန် (Pol)

Saturday, September 5, 2009

ဓမ္မအထောက်ကူပြုစာစောင် (သြဂုတ်၊စက်တင်ဘာ ၂၀၀၉)


စက်တင်ဘာ ၂၀၀၉
သြဂုတ် ၂၀၀၉


Click the Image to see Scrib Document

Friday, September 4, 2009

န့စဉ်ခွန်အား စာစောင်ကို 1938, RBC Ministries

နေ့စဉ်ခွန်အား စာစောင်ကို 1938, RBC Ministries (formerly Radio Bible Class) အဖွဲ့မှ ထုတ်ဝေခဲ့ပြီး မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံပေါင်း၄၀ ဘာသာစကားနဲ့ ထုတ်ဝေနေပါတယ်။ ဂျပ်ဆင်အသင်းတော် အင်တာနက်စာမျက်နှာမှာလည်း မြန်မာဘာသာနဲ့ဖတ်လို့အဆင်ပြေအောင် မီဒီယာအဖွဲ့မှာ စီမံထားပါတယ်။ နေ့စဉ်ခွန်အား အင်္ဂလိပ်ဘာသာ ပင်တိုင်စာရေးဆရာအဖွဲ့ ၂၀ကျော်လောက်ရှိရာမှာ စင်ကာပူအခြေစိုက်ခဲ့ ၃ဦး ပါဝင်နေတာကိုတွေ့ရပါတယ်။ http://www.scribd.com/doc/18671893/Odbauthors စင်ကာပူဂျပ်ဆန်အသင်းတော်မှလည်း မြန်မာဘာသာနဲ့ နေ့စဉ်ခွန်အားစာစောင်များကို နှစ်ပေါင်းများစွာမှာယူ ဖြန့်ဝေလျှက်ရှိရာမှာ ယခုအခါ တိုးချဲ့ပြီး ဖတ်ရှုလိုသူများကို အိမ်တိုင်ယာရောက် စာတိုက်မှပို့ပေးနေပါတယ်။ အသင်းတော် ဥက္ကဌ 90600834 နဲ့ အတွင်းရေးမှုး 93628486 တို့ထံဆက်သွယ် မှာယူနိုင်ပါတယ်။

အင်တာနက်မှ မြန်မာ၊အင်္ဂလိပ် ၂ဘာသာ BUGLISH နဲ့ဖတ်လိုသူများအတွက် Burmese.Bible မှစီစဉ်ထားတဲ့ စမ်းသပ် အင်တာနက်စာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။ မယုံကြည်သော်လည်း အင်္ဂလိပ်စာလေ့လာလိုသူများ၊မြန်မာစာလေ့လာလိုသူများ (တဘာသာ) ယှဉ်တွဲလေ့လာရင်း သခင်ယေရှုအကြောင်းကို သိနားလည်စေနိုင်ပါတယ်။
http://burmesebible.com/rbc/

စက်တင်ဘာ ၂၀၀၉ အတွက် PDF Daily Bread ကိုလည်း Scribd မှတဆင့် ဒေါင်းလုပ်ဖတ်ရှုနိုင်ပါတယ်။
အားလုံးရွှင်လန်းပါစေ။
Original Posting from JBCS.org.sg

Tuesday, August 25, 2009

ရန်ကုန်ညီအစ်ကိုများအသင်းတော် ၉-၈-၂၀၀၉ နေ့ ဒေသနာဝေငှချက် (ဦးတင်မောင်ထွန်း)

ထိုသူများက မျက်မမြင်သည် ကိုယ်တော်ထံ ရောက်လာလျှင် မျက်စေ့ပြန်၍မြင်မည်ဟု ယုံကြည်၍ ကိုယ်တော်ထံခေါ်လာပြီး တို့တော်မူပါမည်အကြောင်း တောင်းပန်ကြပါသည်။ ဤတွင် မယုံကြည်သေးသောသူ အကျိုးဖို့ဖြစ်ရန် ယုံကြည်သောသူများပြုနိုင်သော မင်္ဂလာကိုတွေ့ရသည်။
.....
ထိုလူကန်းအား ကိုယ်တော်သည် မြေပေါ်၌ တံတွေးထွေး၍ ရွံ့လုပ်ပြီးမှ သူ၏မျက်စေ့ကို ရွံ့နှင့်လူး၍ ရှိလောင်ရေကန်၌ မျက်စေ့ကို ဆေးလော့ဟု မိန့်တော်မူပါသည်။ ထိုသူသည် အမိန့်တော်အတိုင်း နာခံ၍သွားဆေးပြီးမှ မျက်စေ့မြင်လျှက် ပြန်လာပါသည်။
........
မျက်ကန်းသည် မျက်စေ့မြင်ဖို့ရန် မိမိမတတ် နိုင်ကြောင်းကို သိပါသည်။ ယနေ့ ကျွန်ုပ်တို့သည် မိမိတို့မတတ်နိုင်ကြောင်းကို သိဖို့လိုပါသည်။ ထိုသို့သိခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ပြီးနောက် ကိုယ်တော်တတ်နိုင်ကြောင်းကို သိဖို့လိုပါသည်။
.....
မည်သည့်အမှုအရာ၌မဆို ဘုရားသခင်၌ အဖြေရှိပါသည်။ ဘုရားသခင်၏အချိန်ကို ကျွန်ုပ်တို့ စောင့်တတ်ကြဖို့လိုပါသည်။ ကျွန်ုပ်တို့အသက်တာ အမှုအရာကို ကိုယ်တော်၌ အပ်ထားခြင်းမှန်ပြီး ကိုယ်တော် စီရင်ပြုပြင်နေခြင်းမှန်ပါက ကျွန်ုပ်တို့အတွက် အံ့သြဘွယ်ရာသက်သေနှင့် ကောင်းကျိုးရှိပါသည်။ ယနေ့ ကျွန်ုပ်တို့ ကိုယ်တော်ကိုခေါ်၍ ကိုယ်တော် မလာသေးပါက စိတ်မပျက်ပါနှင့်။ ကိုယ်တော်မလာသသင့်သေး၍ အချိန်မကျစေး၍ မလာခြင်းဖြစ်ပါသည်။ ထိုသို့မလာခြင်းမှာ သာ၍ကြီးသော ကျေးဇူးကို ပြုလို၍ဖြစ်ပါသည်။
Click Here for Whole Sermon