Sunday, February 22, 2009

မြန်မာခရစ်ယာန် .. နှလုံးသားထိစေတဲ့ Gospel Songs

ယခုခေတ်မှာတော့ အင်တာနက် ယူကျု၊ ဂူဂယ် စသဖြင့် ဗွီဒီယိုအတိုအထွာကလေးများ ခေတ်စားတဲ့အချိန်မှာ တဦးချင်း လုပ်ဆောင်မှုများကို အများလည်း အတူ အလွယ်တကူ ခံစားနိုင်ပါတယ်။ မြန်မာဓမ္မတေး လောကမှာတော့ ထုံးစံအတိုင်း လူငယ်များသီဆို၊တီးခတ် - ခေတ်ပေါ်ဓမ္မသီချင်းများစွာရှိပါတယ်။ ကောင်းကြပါတယ်။ အခုတင်ပြမဲ့ သီချင်း၂ပုဒ် - နေ့ရက်စဉ်တိုင်း အသက်မွေးလောက်သောအစာ (သက်မွန်) နဲ့ ကျေးဇူးတော် (ဆရာတော်ဇော်လတ်) တို့ရဲ့ နှလုံးသားထဲက ထွက်ပေါ်လာတဲ့ သီချင်း တိုတောင်းပြက်သားပြီး မြန်မာခရစ်ယန်များရဲ့ နှလုံးသားကို ထိုးဖောက် ဝေငှနိုင်ပါတယ်။ YouTube မှာ သောင်းနဲ့ချီတဲ့ မြန်မာများ နားထောင်ကြပါတယ်။ ဖန်တီးတဲ့ အမ်စီအေ (ဘန်ကောက်) အသင်းတော် - ဆရာစိုင်းအေး ဖြစ်ပါတယ်။ သံစဉ်၊စာသား ခံစားနိုင်ရန်အတွက် Click Here

2 comments:

Happy Ghost said...

ကျေးဇူးအများကြီးတင်ပါတယ်...ဒီလိုဘာသာရေးနဲ့ ဆိုင်တဲ့ blogတွေ ရှာမှရှားတဲ့ အချိန်မှာ တွေ့ ရတော့ အတိုင်းမသိဝမ်းသာမိပါတယ်....သီချင်းတွေအတွက်လည်းဝမ်းသာပါတယ်...လင့်တွေ အတွက်လည်း ကျေးဇူးတင်ပါတယ်...... ........ပို့စ် အသစ်များတင်နိုင်ပါစေ.......ထာဝရဘုရားသခင် သင့်အပေါ်မှာ ကောင်းကြီးမိုးများ ရွာသွန်းပါစေ..........

Unknown said...

အခုလို မြန်မာခရစ်ယာန်သီချင်းတွေနဲ့ ၀ဘ်ဆိုဒ်တွေအကြောင်း တင်ပြပေးတာ အရမ်းကောင်းပါတယ်။ ဘုရားသခင် ကောင်းချီးပေးပါစေ။
http://mcradio.webng.com/index4.html
http://mcradio.webng.com/index3.html
http://mccradio.webng.com/
မြန်မာခရစ်ယာန်သီချင်းများ တင်ထားတဲ့ ဆိုဒ်တစ်ချို့ပါ ပို့ပေးလိုက်ပါတယ်။