Friday, September 18, 2009

Nightingale Award ဆုရရှိသူ

Nightingale Award ဆုရရှိသူ ခရစ်ယာန် သူနာပြုဆရာမလေးတစ်ဦးနှင့် တွေ့ဆုံခြင်း
'ငါသာလူနာဖြစ်မယ်ဆိုရင် ဘယ်လိုပြုစုခံချင်မလဲ' ဆိုတဲ့ စာနာစိတ်ထားတဲ့အခါ ပျော်ပျော်ရွှင်ရွှင်နဲ့ လူနာများကို ပြန်လည်ပြုစုနိုင်ခဲ့ပါတယ်။ စေတနာစိတ်နဲ့ ပြုစုတဲ့အခါ ဘုရားက ကြည့်ပြီးလက်ခံသုံးတယ်ဆိုတာ သိလာရတယ်။

၂၀၀၈ ခုနှစ်သည် HCFI နှင့်အတူ HFC (Myanmar in Singapore) အတွက် ဆောင်ပုဒ်မှာ "Bearing Fruits for His Glory" ဖြစ်သည့်အတိုင်း ကျွန်ုပ်တို့အတွက် ၀မ်းမြောက်ဂုဏ်ယူစရာ အကြောင်းဖြစ်စေသူ၊ သူနာပြုဆရာမလေးနှင့် တွေ့ဆုံမေးမြန်းရန် United Square အောက်ရှိ Food court မှာ -
A သမီးလေး၊ ဒီဆရာက Docar Magazine အယ်ဒီတာ ဆရာတင်ဝင်းမှန်ပါ။ အန်တီက Healthcare Christian Fellowship (Myanmar in Singapore) အဖွဲ့မှာ အမှုဆောင် Endeavour ပါ။ နာမည်လေးက ကြိန်ခန်းလျန် နော်၊ မိဘတွေကကော
B ဦးဆွပ်ဒိုထောင်နဲ့ ဒေါ်အေးအေးလွင်ပါ။
A မိဘတွေအတွက် ဂုဏ်ယူရတဲ့ သမီးလေးနော်။ အသက်ကကော ၊
B ၂၇ နှစ်ရှိပါပြီ။
A ဘယ်အသင်းတော်ကလဲ။
B ယခု စင်ကာပူမှာတော့ Judson Baptist Church ကပါ။
A ဘယ်တုံးက ဘယ်မှာနှစ်ခြင်းခံခဲ့ပါသလဲ။
B ၂၀၀၀ ခုနှစ်က ဆရာဦးမျိုးနိုင်ဆီမှာ ရေနှစ်ခြင်းခံခဲ့ပါတယ်။ ရန်ကုန်မြို့ သံလမ်းက လူမျိုးပေါင်းစုံ နှစ်ခြင်းအသင်းတော်မှာပါ။
C ဆရာမ မနှစ်တုန်းက စင်ကာပူ သူနာပြုကောင်စီမှ ဆုချီးမြှင့်ခံရတယ်လို့ ကြားရတယ်။ ဟုတ်ပါသလား။
B ဟုတ်ပါတယ် ဆရာ၊ ကျေးဇူးတော် သက်သက်ပါဘဲ။
C ဘုဆုလဲဟင်
B ၂၀၀၇ ခုနှစ် Nightingale Award ပါ။
C ဆုချီးမြှင့်ခံရတုန်းက ဘယ်လိုခံစားရပါသလဲ။
B မထင်မှတ်ဘဲနဲ့ ရရှိတာမို့ အရမ်းလည်းပျော်တယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်သက်သက်ဘဲမို့ ဘုရားရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
ဆက်လက်ဖတ်ရှုရန် Click Here
DOCAR Magazine မှတဆင့်ဖေါ်ပြပါသည်။

No comments: