Friday, January 1, 2010

ဒီနှစ်အတွက်ခရစ်တော် 2010 Christ and We

သောင်္ကြာနေ့ (၁-ဇန္န၀ါရီ-၂၀၁၀) ထိန်းသိမ်းခြင်းအားဖြင့် အဖိုတန်သောပြဌာန်းခြင်းတခု
ု အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသောလက်ဝါးကပ်တိုင်မှာ အသေခံတော်မူသောသခင်မှတပါး၊ အဘယ်အရာကိုမျှ သင်တို့တွင် ငါမသိမမှတ်ဟု ငါစိတ်ပြဌာန်းခြင်းရှိ၏။ ၁ကော၂း၂
ယနေ့ ဧည့်သည်တော် Jon Walker ရဲ့ ကျမ်းပိုဒ်နဲ့ ခွန်အားယူရန်ဖြစ်ပါတယ်။ နှစ်သစ်အတွက် ပြဌာန်းချက်များလုပ်ဆောင်ရန် သင်စဉ်းစားနေရင် ရှင်ပေါလု ပြောကြားချက်လေးနဲ့ စဉ်းစားပါ။ သူရဲ့ "ဒီနှစ်အတွက် ခရစ်တော်လက်ဝါးကပ်တိုင်မှာ စွန့်လွှတ်အသေခံခြင်းကလွဲရင် ငါ့အသိဟာ ဗလာနတ္တိပဲ" ဆိုတဲ့ ပြဌာန်းချက်ပါပဲ။
ဒီ အချက်ဟာ ပြက်သားစွာပဲ ရိုးစင်းပါတယ်။ ကယ်တင်ခြင်းဟာ ခရစ်တော် တခုတည်းပါ။ ဘယ်လို အဓိပ္ပါယ် ပေါက်ပါသလဲ ....

- ဘုရားနဲ့ သင့်ရဲ့ ကောင်းတဲ့ကျင့်ဝတ်များ ပေါင်းစပ်ထားခြင်း မဟုတ်ပါဘူး
- ဘုရားနဲ့ သင်ံရဲ့ နှစ်ပေါင်းများစွာ ကျမ်းစာလေ့လာခြင်း ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်ရဲ့ ဆယ်ဘို့တစ်ဖို့ အလှုငွေ ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်ရဲ့ သင့်ရဲ့ ဘုရားရှိခိုးကျောင်း ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်ရဲ့ အလွတ်ရတဲ့ ကျမ်းစာပိုဒ်များ ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်နောက်ဆုံးတက်ခဲ့တဲ့ ခရစ်ယာန်သင်တန်းတခုမှ ရခဲ့တဲ့ဓမ္မပညာ ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်ရဲ့ညစာ (သို့မဟုတ် - အစာရှောင်ခြင်း) ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်ရဲ့ ယာဉ်မောင်းကောင်းမွန်ခြင်း ရဲစခန်းကမှတ်တမ်း ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်ရဲ့ လိမ္မာသိတတ်တဲ့ သားသမီးများ ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်ရဲ့အလုပ်ကောင်းကောင်းရှိနေခြင်း ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်ရဲ့ ခင်ပွန်းသည်ကောင်းကောင်းရှိနေခြင်း ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင်တို့မှာရှိတဲ့ နောက်ဆုံးပေါ် တက်ကနိုလော်ဂျီအတတ်ပညာများ ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး

ရိုးစင်းတဲ့ ဘုရားရှင် ဖြစ်ပါတယ်။ ဘုရားနဲ့ သင့်ရဲ့ ဗလာနတ္တိ ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ "ဒီနှစ်အတွက် ခရစ်တော်လက်ဝါး ကပ်တိုင်မှာ စွန့်လွှတ်အသေခံခြင်းကလွဲရင် ငါ့အသိဟာ ဗလာနတ္တိပဲ" ဆိုတဲ့ ပြဌာန်းချက်ပါပဲ။

Ref: A Resolution Worth Keeping by Jon Walker

တကမ္ဘာလုံးနဲ့ မြန်မာပြည်အနှံ့ ခရစ်စမတ်ပွဲတော် အသက်ရှင်သောဘုရားကြွလာခြင်း ကိုးကွယ်ဝတ်ပြုခြင်းများ နဲ့ အတူ ၂၀၁၀ နှစ်သစ်ကို ကြိုဆိုကြပါတယ်။ ဆန်ဖရန်စစ္စကို ပထမမြန်မာအသင်းတော်မှာ ဆရာတော်လတ်ယေရှဲ နဲ့ အသင်းသားများ ပွဲတော်နဲ့ နှစ်သစ်ကြိုဆိုဝတ်ပြုပွဲများကို တဆင့်ဖေါ်ပြလိုက်ပါတယ်။ Click FBBC Web.Blog







New York Myanmar Baptist Church - New Year Greeting
http://www.mbcnewyork.org/

No comments: