Tuesday, February 9, 2010

Burmese Bible မှ စာအုပ် နှင့် ဆောင်းပါးအချို့ (eBooks)

အင်တာနက် eBooks များ ခေတ်စားသည့်အချိန်တွင် Burmese Bible မှ စာအုပ် နှင့် ဆောင်းပါးအချို့ကို Scribd တွင် အလျှင်းသင့်သလို တင်ပြထားပါသည်။ ထိုအထဲမှာ လူဖတ်များသော စာအုပ်အချို့ကို စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရောက် မြန်မာများရဲ့ တပ်ပုန်းအသင်းတော်မှ ထုတ်ဝေသော ဓမ္မသီချင်းစာအုပ်။ ခရစ်ယာန် ဘာသာရဲ့ သမိုင်းအကြောင်း မြန်မာလိုဘာသာပြန်တင်ပြထားသော စာအုပ်။ ခရစ်ယာန်လူငယ်များ ..ဘ၀ကြင်ဖေါ် ရှာဖွေရာလမ်းညွန် စာအုပ်။ ရန်ကုန်မြို့ ၆မိုင် ညီအစ်ကိုများအသင်းတော်မှ လစဉ် ထုတ်ဝေသော ဓမ္မပညာအထောက်အကူပြုစာစောင်။ သင့်လက်၌ ရှိသောအရာများအကြောင်း ရေးသားထားသည့် ဆောင်းပါး။ တိုကျိုမြို့တွင်ရှိသော ကချင် ခရစ်ယာန်အသင်းတော် ၂ပါး အကြောင်း ခရီးသွားဆောင်းပါး။ ဆရာကြီးမူလယ် လွန်ခဲ့သော နှစ်၅၀ခန့် အမေရိကန်ပြည် ခရီးစဉ်။ ဆန်ဖရန်စစ္စကိုမြိုမှ ယုံကြည်သူ မြန်မာများရဲ့ အနှစ် ၃၀ကျော်က စတင်ခဲ့တဲ့ First Burmese Baptist Church ။ နေ့စဉ်ခွန်အား Our Daily Bread တွင် ရေးသားသော ခရစ်ယာန်စာရေးဆရာများ ၂၀၀၉ စာရင်း။ မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်မှ အမေရိကန်နိုင်ငံ မြန်မာအသင်းတော်များသို့ သွားရောက်ခဲ့ပြီး အပြန် စင်ကာပူ၊ ယုဒဿန်နှစ်ခြင်းအသင်းတော်တွင် ဟောကြားသော ဒေသနာဖြစ်ပါသည်။ ဆရာ အာသာကိုလေး။ ဆရာဇော်သူလင်း ရေးသားထုတ်ဝေခဲ့သော သမ္မာကျမ်းစာ (ဓမ္မသစ် အခြေခံလမ်းညွန်) စာအုပ်။ ဆရာအင်ဒရူး ရေးသားပြီး စင်ကာပူမြန်မာများ၏ Grace Baptist Church, HCF Health Care Fellowship တို့တွင် ဝေငှပို့ချခဲ့သော ကျမ်းစာလေ့လာခြင်း ။ စင်ကာပူ ယုဒဿန် နှစ်ခြင်းအသင်းတော် အင်တာနက်တွင် ဖေါ်ပြခဲ့သည် ၆လတာ စာပေများကို စုစည်းတင်ပြထားခြင်း စာအုပ်။ အမေရိကန်တွင် Feb.2008 - Feb.2009 ရောက်ရှိစဉ် မြန်မာအသင်းတော်များ၊ ဓမ္မဆရာများ၏ တရားဒေသနာများ။
http://burmesebible.com/media/ebooks.htm

No comments: