Monday, March 28, 2011

နေ့စဉ်မျှော်လင့်ချက် Daily Hope - 26 March 2011

သင်၏အားနည်းခြင်းသည် ဘုရားသခင်၏တန်ခိုးတော်ဖြင့်အကောင်းဆုံးဖြစ်ရသည်
“ငါ့ကျေးဇူးသည် သင့်အဘို့ လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါ့ကို၌ အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွား ခြင်းငှါ သာ၍ငါအလိုရှိ၏။”(၂ကော ၁၂း၉)
ကျွန်တော်ခင်ဗျားရဲ့ မှတ်စုဖတ်ရတယ် ဘုရားသခင်က ခင်ဗျားကိုနောက်ဆယ်စုနှစ်တစ်စုအတွင်း လုပ်ဆောင် ရန်ပေးထားသည်များကို တွေးကြည့်သည်အခါတွင်လုပ်နိုင်မည် မဟုတ်ကြောင်းအဖြေရသည်။
ကျွန်တော်ပြောတာကို ခင်ဗျားကြားလျှင် အံ့အားသင့်မည် ဒါပေမဲ့ကျွန်တော်သဘောတူသည်။ ဘုရားသခင် ကခေါ် လုပ်ခိုင်းသည်၊ သင်သည်ဘုရားသခင်မပါဘဲမလုပ်သင့်ပါ။ အကယ်ဘုရားသခင် မပါဘဲ လုပ် ဆောင်ရလျှင်၊ ဤအရာသည် ဘုရားသခင်က ခိုင်းစေခြင်းမဟုတ်ပါ။
သင်ခံစားရသည်ကို ကျွန်တော်သိသည် ဘုရားသခင်သည် သင့်ကိုခိုင်းစေသည်၊ သင်၏အင်အားနှင့်ဆန့်ကျင် သောအလုပ်ဖြစ်သည်၊ သို့သော် ဤအလုပ်သည်ဘုရားသခင်ခေါ်၍ခိုင်းခြင်းဖြစ်သဖြင့်သူ၏အင်အားသည် သင့် အပေါ်သို့သက်ရောက်ပြီး၊ပေးသောလုပ်ငန်းတာဝန်အတွက်လုံလောက်မည်။
ဘုရားသခင် ပြောသည်မှာ သင်၏အားနည်းခြင်း၊ မယုံသင်္ကာခြင်း၊ နှင့် မိမိကိုယ်မိမိ ယုံကြည်မှုနည်းခြင်းတို့ သည် ဘုရားသခင်အတွက် အံ့သြစရာများမဟုတ်တော့ပါ။ တခြားသူများကို ကျိုးစားဖုန်ကွယ်လို့ရသည်။ သို့သော်လည်း သင်ကိုဖန်ဆင်းသူအား ဘာကိုမှဖုန်းကွယ်မရပါ။
အမှန်က ဘုရားသခင်က သင်ကိုဖန်ဆင်းကထဲက အားနည်းစေသည်။ သူသည်ဘုရားသခင်ဖြစ်အမှားတော့ မလုပ်ပါ၊ သင်ကိုဖန်ဆင်းထဲကအားနည်းစေသည်မှာ ဖြစ်နိုင်ခြေရှိသည်။ သင်သည်ဘုရားသခင်ရှေ့မှာ ဒူးထောက်ရန်? “ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။ သို့ သော်လည်း ဆင်းရဲဒုက္ခကို ငါခံရစဉ်အခါ၊ သင်တို့သည် ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာပြုကြပြီ။” (ဖိ ၄း၁၃-၁၄)
သူငယ်ချင်းခင်ဗျာ ဘုရားသခင်သည်အခြားလူများကို အလုပ်လုပ်ရန်မခေါ်ပါ၊ သင်ကိုသာ သူ၏အင်အားနှင့် ခေါ်သင်လုပ်နိုင်ခြင်းဖြစ်သည်။ သင်ကိုချစ်သော ဘုရားသခင်သည်၊ သခင်ခရစ်တော်နောက်လိုက်သည့် သင်ရဲ့ကံကြမာအတွက် သင်၏ခြေလှမ်းတိုင်းတွင်ပါဝင်သည်။Daily Hope Your Weakness: God’s Power Made Perfect Saturday March 26, 2011 Posted by Jon Walker
စံဝင်းချို (ဘာသာပြန်သည်)

No comments: