Tuesday, May 24, 2011

အန်တီရှန်းလုန်၏ လက်ဆောင်တစ်ခု

၂၀၀၈ အချိန်၊ ကျွန်တော့်ဇနီးသည်ကို အန်တီရှန်းလုန်က သူကိုယ်တိုင်လက်နှင့်ထိုးထားသော လက်ဝါးကပ်တိုင်လေးကို လက်ဆောင်ပေးခဲ့သည်။ အမေရိကား၊ သြစတြေလျား၊ မလေးရှား တို့တွင် လူတိုင်းကားပိုင်ဆိုင်ကြသောကြောင့် ကားမှန်တွင် ချိတ်ဆွဲထားခြင်းအားဖြင့် မိမိသည်ယုံကြည်သူဖြစ်ကြောင်း သိစေပါသည်။ (ထိုနိုင်ငံများရှိ မြန်မာများမှာ ကားတစ်စီး ဒေါ်လာငါးရာမျှဖြင့်ဝယ်နိုင်ပေသည်။ ကားဈေးကြီးသော မြန်မာနိုင်ငံတွင်လည်း မကြာမီ လူတိုင်းကားဝယ်နိုင်မယ်မျှော်လင့်ပါသည်။) ကျွုန်ုပ်၏ ဇနီးသည်က သူ၏ကားတွင် ချိတ်ဆွဲထားခြင်းဖြင့် ဂုဏ်ပြု၊အောက်မေ့ကာ မိသားစု အတွက်၊ ကောင်းကြီး မင်္ဂလာ ဖြစ်စေပါသည်။
လူ့သဘောမှာ မြင်ရသည့်အရာကို ပိုစွဲလမ်းပါသည်။ နှလုံးသားတွင် လက်ဝါးကပ်တိုင်ရှိရန်သာ အဓိကဖြစ်သော်လည်း ဘုရားကိုပိုပြီးသတိရနိုင်ရန် လက်ဝါးကပ်တိုင်ပုံကို အထိမ်းအမှတ်လုပ်ကြသည်။ လယ်ဆွဲထားသည်။ သို့မှ ပိုပြီးနေသာထိုင်သာရှိပါသည်။
အန်တီရှန်းလုန်သည် အသက် ၈၀ ကျော်ပြီဖြစ်သည်။ သူ့ခင်ပွန်းသည် မြန်မာနိုင်ငံတွင် ရာထူးကြီးထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ သူဖခင်သည်လည်း အင်္ဂလိပ်ခေတ်ကတည်းက ရိုးသား၊ဖြောင့်မတ်သော ကချင်အမျိုးသားကြီးဖြစ်သည်။
ယခုအခါ ကျမ်းစာလာသည်အတိုင်းဆိုပါက ကောင်းကြီးမင်္ဂလာရသောသူသည် သားသမီး၊ မြေး များသာမက မြစ်၊တီ၊တွတ်များအထိ မြင်ရသည် ဆိုပါသည်။ အန်တီရှန်းလုန်သည် သားသမီး၊မြေး၊မြစ်များစွာနှင့် ကျမ်းမာစွာနေထိုင်လျှက်ရှိပါသည်။

ဇော်အောင်

No comments: