Sunday, December 4, 2011

6-Dec-2011 မှာ ထိုင်းနိုင်ငံ၊ ဖူးခတ်ဒေသကို မစ်ရှင်ခရီးထွက်ကြမယ်


ဂျပ်ဆင်အသင်းတော် (စင်ကာပူ-မြန်မာ) သင်းအုပ်နဲ့ ၂၂ဦး ဒီကနေ့ 6-Dec-2011 မှာ ထိုင်းနိုင်ငံ၊ ဖူးခတ်ဒေသကို မစ်ရှင်ခရီးထွက်ကြမယ်ဖြစ်ပါတယ်။ နှစ်စဉ်သွားနေကျ ဆူနာမီမစ်ရှင်ဖြစ်ပါတယ်။ အသင်းတော်မှာ အိမ်ထောင်ရှင်မ မအေးအေးလွင်ရဲ့ တနင်္ဂနွေ ၀တ်ပြုစည်းဝေးမှာ သက်သေခံစကားပြောချက်ကို မှတ်တမ်းတင်ပါတယ်။

မစ်ရှင်ဆိုတာ
ကျွန်မ ဒီတခေါက် ဆူနာမီမစ်ရှင်ဆိုပြီး ဆရာဘုတ်က ကြေငြာတော့၊ ဇန္န၀ါရီမှာ ကိုယ်မိဘရှိရာ မြန်မာပြည်ပြန်ဖို့ပဲ စိတ်ကူးရှိလို့ ဖာသိဖာသာပဲနေခဲ့ပါတယ်။ ဆရာကလည်း မခေါ်ဘူး။ ကျွန်မကလည်း ကိုယ့်ဘတ်ဂျတ်နဲ့ကိုယ် ကိုယ်ကိစ္စကိုယ် စီမံနေပါတယ်။ ကိုယ်မသွားလည်း တခြားသူတွေရှိတာပဲ ..လို့ ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲ့ပါတယ်။
နောက် ..ပိုင်း မစ်ရှင် နီးကပ်လာချိန်မှာတော့ ဆရာဘုတ်ကပြောတယ်။ လိုက်ခဲ့ပါအုန်း.. ကား၂စီး ဖူးခက်မှာငှားထားပါတယ်။ လူက မပြည့်သေးဘူး။ ...ခေါ်တော့လည်း ဒီတခေါက်တော့ မလိုက်တော့ပါဘူးဆရာရယ် ..လို့ ခပ်ပေါ့ပေါ့ပဲ ဖြေလိုက်ပါတယ်။ အကြောင်းတွေက ဆုံလာပါတယ်။ ဘုရားက ကျွန်မ ဒီခရီးစဉ်ကို လိုက်ဖြစ်အောင် သွေးဆောင်မှုကို အံ့သြဘွယ်ရာ အဖြစ်တွေ ကြုံလာရပါတယ်။

ကျွန်မနဲ့ အန်တီချွန်ချွန်းတို့ မမျှော်လင့်ပဲ စင်ကာပူဆရာဝန်များရဲ့ သက်သေခံခြင်းကို တက်ရောက်နားထောင်မိပါတယ်။ ဆရာဝန်ကြီးတဦးရဲ့ ဇနီးသည်က သက်သေခံစကားပြောခြင်းပါ။ သူတို့မှာ သားလေးတစ်ယောက်ရှိတယ်။ ပညာထူးချွန်တော့ ဆရာဝန်ဘွဲ့ရပြီး စင်ကာပူမှာ ဆရာဝန်အဖြစ်အလုပ်လုပ်ပါတယ်။ (မှတ်ချက်၊ စင်ကာပူဆရာဝန်များသည် အမေရိကန်မှာ ဆရာဝန်များကဲ့သို့ အလွန်လစာကောင်းပါသည်။ ၁၀နှစ်အလုပ်လုပ်ပြီးလျှင် ဆေးခန်းထောင်လျှင်ပင် လစဉ် ဒေါ်လာ ၃သောင်းအထက် ၀င်ငွေရှိသော အလုပ်ဖြစ်ပါသည်။ ဆေးရုံအငယ်တန်းဆရာဝန်၏ ပျှမ်းမျှဝင်ငွေမှာ ဒေါ်လာ၇ထောာင်အထက့်ရှိပါသည်။)

သူ့သားရဲ့ ဇနီးသည်လည်း ဆရာဝန်မပဲ။ ဖခင်ကြီးကလည်း လုပ်သက်ရင့် ဆရာဝန်ကြီး၊ ဘန်ဂလိုမှာနေထိုင်ပြီး အလွန်သက်တောင့်သက်သာလှတဲ့ ဘ၀ပါပဲ။

တနေ့တော့ (လွန်ခဲ့သော၁၅နှစ်က) သားဖြစ်သူ မိဘ၂ဦးထံ ခွင့်ပြုချက်တခုလာတောင်းတယ်။ သူတို့ဇနီးမောင်နှံ ဘုရားထံဆပ်ကပ်ပြီး တောင်အာဖရိက လူမဲများဆီ၊ မစ်ရှစ်အဖွဲ့နဲ့ ဘ၀ကို မြုတ်နှံတော့မယ် .. လို့ ပြောလာတယ်။ မစ်ရှင်အဖွဲ့က ဘ၀ကိုစွန့်လွှတ်ရမယ်ဆိုတော့ မိဘထောက်ခံချက်တောင်းခိုင်းတာကြောင့်ပါ။ ဖခင်ကြီးကတော့ ဘာမှမပြောပဲ ပြုံးပြီးကြည့်ပါတယ်။ မိခင်ကြီးကတော့ .. သားငယ်ရဲ့မျက်နှာကိုကြည့်ပြီး အရမ်းဝမ်းနည်းပါတယ်။ ဘုရားအလုပ်ဆိုတော့ မတားရက်ပေမဲ့.. သားရယ်၊ ပင်ပမ်းဆင်းရဲပါတယ်။ ဖြစ်ပါ့မလား .. လို့ပဲ ပြောနိုင်ရှာပါတယ်။ ခွင့်ပြုရပါတယ်။

နောက် သူတို့ဇနီးမောင်နှံ မစ်ရှင်အဖွဲ့နဲ့ တောင်အာဖရိက မယဉ်ကျေးတဲ့ လူမဲများဆီ ရောက်သွားပါတယ်။ သူတို့ အိမ်၊ပိုင်ဆိုင်မှုတွေကို ဒေသခံလူမည်းတွေက ဖျက်ဆီးလိုက်တယ်။ အားလုံးကြောက်ရွံ၊ စိတ်ပျက်ပြီး အစာရှောင်ဆုတောင်းကြတယ်။ ရလဒ်ကတော့ မပြန်ဘူး၊ ဒီမှာပဲ ဆက်နေမယ် ဆုံးဖြက်ခဲ့ကြတယ်။ နောက် တောင်အာဖရိကအစိုးရ တာဝန်ရှိသူတွေ ရောက်လာပြီး ဒေသခံတွေကို .. ဒီဆရာဝန်တွေက မင်းတို့ကို ကျန်းမာရေးအတွက် အခမဲ့ လာရောက် ကုသ၊ ကူညီကြမှာ .. ဘာလို့ ဒီလို ဖျက်ဆီးရသလဲ .. ဆိုပြီး လာရောက်ဖြန်ဖြေ ပြောကြားတဲ့နောက်ပိုင်း မစ်ရှင်လုပ်ငန်း အဆင်ပြေသွားပါတယ်။ ၁၅နှစ်လောက် အဲဒီမှာ လူမဲ ဆင်းရဲသားများနဲ့ အတူနေထိုင်၊ ဆေးကု၊ မစ်ရှင်လုပ်ငန်း လုပ်ခဲ့ပါတယ်။ လစာမရရှိပဲ ၀င်ငွေကောင်းလှတဲ့ စင်ကာပူဆရာဝန်ဘ၀ကို ဇနီးမောင်နှံနှစ်ယောက်စလုံး စုံပစ်ဝင်သွားသူများလည်း ရှိပါသေးသလား..လို့ အံ့သြသိရှိရပါတယ်။

မြန်မာဆရာဝန်တစ်ဦး ဒေါက်တာဖေမြတ်ဝင်း ၁၉၈၈-၂၀၀၃ အာဖရိကမစ်ရှင်လုပ်ဆောင်ခဲ့ပြီး ၀ိညာဉ်ရေးရာ မှတ်တမ်းစာအုပ်ကို ဖတ်ဖူးတော့ ဘာဖရိကရဲ့ ဆင်းရဲ၊မွဲတေမှုဟာ မြန်မာပြည်မွဲတေမှုနဲ့ ယှဉ်လို့မရပါဘူ။ (ကိုးကားခြင်း)
http://www.murann.com/ezine/index.php?option=com_content&view=article&id=375:2010-12-18-04-13-41&catid=1:spiritual&Itemid=12


နောက်ပိုင်း သူတို့သားသမီးများဟာ အခြေခံပညာကို တောင်အာဖရိက မစ်ရှင်များကျောင်းမှာပဲ တက်ခဲ့ရပါတယ်။ လူမဲများကြားမှာဆိုသော်ငြားလည်း အမေရိကန်၊ အင်္ဂလန်၊ ဂျာမန် .. မစ်ရှင်များရဲ့ သင်ကြားပို့ချမှုကြောင့် သူတို့ကလေးများရဲ့ အင်္ဂလိပ်စာတတ်မှုနဲ့၊ အင်္ဂလိပစကားပြောဆိုမှုဟာ အလွန်အဆင့်မြင့်ပါတယ်။ နောက်ပိုင်း ကလေးများကြီးလာတော့ စင်ကာပူက အဖိုးအဖွား ဆရာဝန်ကြီးဆီကိုပဲ ပို့ထားပြီး ကျောင်းတက်စေပါတယ်။

ဘုရားအလုပ်လုပ်သူများ .. ဘုရားက တကယ်ကောင်းကြီးများပေးပါတယ်။ ဆရာဝန်ကြီးကိုယ်တိုင် မစ်ရှင်ကျောင်းထွက်ပြီး အလွန်တော်လို့ စင်ကာပူမှာ ဆရာဝန်ကြီးဘ၀အဖြစ် လူလေးစား၊ ကိုယ်ပိုင်အိမ်ယာနဲ့ နေပါတယ်။ (မှတ်ချက်၊ စင်ကာပူ လူ၈၀ရာနှုန်း 80% သည် အစိုးရအိမ် HDB တိုက်ခန်းတွင် နေထိုင်ရပါသည်။ 5% ကွန်ဒိုတွင်နေထိုင်ပြီး၊ လူနည်းစုသာ ကိုယ်ပိုင်အိမ်ယာနှင့်နေထိုင်ပါသည်။) ဆရာဝန်ကြီးရဲ့ သား၊ချွှေးမလည်း လောကဆင်းရဲ၊ ပင်ပမ်းခြင်းများစွာကြားမှာ ဘုရားပေးတဲ့ မေတ္တာကို ရရှိပြီး ခန္ခာ၊ စိတ် ဆင်းရဲပေမဲ့ ကြွယ်ဝတဲ့ဝိညာဉ်ခွန်အားကို ဘုရားမေတ္တာနဲ့ရရှိထားပါတယ်။ ယခုဘ၀သာမက နောင်ဘ၀အတွက်လည်း ကောင်းကင်ဘဏ္ဍာများစွာကို စုဆောင်းထားသူများဖြစ်ပါတယ်။

ဆရာဝန်ကြီးရဲ့ ဇနီးသည်က ဆက်လက်သက်သေခံရာမှာ တနေ့၊ သူ့သား စင်ကာပူရောက်လာပြီး အိမ်ခန်းထဲမှာ Coke ကိုကာကိုလာ သံဗူးတစ်ခုကို အရသာခံ၊ ဖြေးဖြေးလေး မော့သောက်နေတာတွေပါတယ်။ သားကို မသိမသာ အကဲခတ်ကြည့်နေရင်း ဗူးက အချိုရည်တွေ ကုန်ခါနီးမှာ သားဖြစ်သူက နောက်ဆုံးအနေနဲ့ ပါစပ်ကိုမော့ပြီး၊ သံဗူးမှာ နောက်ဆုံးကျန်တဲ့ ကိုကာကိုလာ အရည်များကို ခါချပြီး အရသာခံ၊ အဆုံးမခံ တစက်မကျန်အောင် သောက်နေတာကို ကြည့်မိ မိခင်ကြီးက မျက်ရည်ကျပါတယ်။ သူ့သား ဟိုး... မယဉ်ကျေးတဲ့ လူမည်းများဒေသမှာ အစားကောင်းများ မစားပဲ၊ လူမည်းများလို့ သစ်ဥသစ်ဖု၊ အစာကြမ်းများ အတူစားသောက်ရင်း မစ်ရှင်လုပ်တဲ့ သူတို့ဇနီးမောင်နှံအတွက် မျက်ရည်ကျခြင်းပါ။ ကောင်းသော မျက်ရည်ကျခြင်းပါ။

ကျွန်မတို့ နားထောင်သူအားလုံး လည်း မျက်ရည်တွေ ကျပါတယ်။ ဒါဟာ .. သူတို့အတွက် ၀မ်းနည်းပြီး ကျတဲ့ မျက်ရည်မဟုတ်ပါဘူး။ သူတို့ကို အားကျတဲ့ မျက်ရည်ဖြစ်ပါတယ်။ ၀မ်းမြောက်တဲ့ သတင်းကောင်း၊ ဧ၀ံဂေလိအတွက် အမှုဆောင်နေသူများအတွက် မျက်ရည်ဖြစ်ပါတယ်။

ကျွန်မ ... မှားပြီ ..... လို့ နောင်တရပါတယ်။ ကျွန်မမှာတော့ ကိုယ့်မိဘ၊ ဆွေမျိုးများရှိရာ ပုသိမ်ကိုပြန်ပြီး မစ်ရှင်ခရီးကို ဆရာကိုယ်တိုင်ခေါ်တာ ငြင်းပယ်ခဲ့မိတယ်။ ကျွန်မ ဒီမစ်ရှင်ခရီးကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အခု အသင်းတော်မှာရှိသူများ လိုက်ချင်ပေမဲ့ မလိုက်နိုင်သော်လည်၊ အလွန်အရေးကြီးတဲ့ အချက်တစ်ချက်ကို အကူညီတောင်းလိုပါတယ်။ နောက်တန်းမှ ဆုတောင်းပေးသူ၊ အသင်းသားများ အလွန်အရေးကြီးပါတယ်။ ဆုတောင်းပေးဖို့၊ ဒီတပတ်တာ မစ်ရှင်ခရီးမှာ ဘုရားကွယ်ကာစောင့်ရှောက်ဖို့ နောက်တန်းအသင်းတော်၊ အသင်းသားများမှ ဆုတောင်းပေးရန် ဖြစ်ပါတယ်။

မအေးအေးလွင်
မောင်သာမန်မှ .. သက်သေခံစာပေအဖြစ် ပြန်လည်တင်ပြပါသည်။
2010 Trip - Short video at Changgi Airport Prayers - Click Here

No comments: