Wednesday, June 12, 2013

ဓမ္မပညာအထောက်အကူပြု လစဉ်စာစောင် - ဇွန်လ ၂၀၁၃

သခင်အလိုရှိသောအရာကိုပေးပါ - ညီအစ်ကိုကြီးဦးတင်မောင်ထွန်း
လူဦးဆောင်သောအသင်းသည် ရေရှည်မခံပါ၊ ပြသနာများဖြစ်လာတတ်သည်။ ဘုရားဦးဆောင်သော အသင်းတော်သည် ထာဝရတည်သည်။ အသင်းတော်တိုင်း ယခုခေတ်တွင် မပေးလှုနိုင်ပါ။ သခင်အလိုရှိသောအရာကို ပေးလှုတတ်သူ၊ နာခံလိုက်လျှောက်တတ်သူဖြစ်ရန် တိုက်တွန်းနှိုးဆော်ပါသည်။

ကြီးစွာသောကယ်တင်ခြင်းတရား - ညီအစ်ကိုဦးကပ်ခန့်ခုပ်
တနေ့တော့ လောကမှ ထွက်ခွာရမည့်သူချည်းဖြစ်သည်။ ယုံကြည်သူချင်း See You ဟုနှုတ်ဆက်နိုင်သည်။ မယုံကြည်သေးသူဆိုပါက Bye ဟုနှုတ်ဆက်ရမည်သာ...
http://burmesebible.com/pulpit/Pulpit%20Jun%202013.pdf

ကားတိုင်တော်အားဖြင့် - ဆရာဦးညွန့်လှ
သီဆိုချီးမွမ်းရာတွင် မတ်တပ်မရပ်နိုင်၊ လက်မမြှောက်နိုင်၊
အာမင်မအော်နိုင်သူများ၊ ယုံကြည်သူအချင်းချင်း စီရင်ရန်မလို၊ ကားတိုင်တော်အားဖြင့်သာ ဝေဒနာအားလုံးပျောက်စေသည်၊ အပြစ်အားလုံးကိုယူဆောင်သွားပြီ၊ အချင်းချင်းချစ် မိတ်သဟာရဖွဲ့စေပါသည်။

အကြံအဖန် - ညီအစ်ကိုဦးပေါလ်ခေကျိုင်း
ယခုခေတ်တွင် လဘက်ရည်ဖိုးဟု ပြောင်းလဲခေါ်ဝေါ်ကြသည်။ မိမိအကြံစည်ကို အကြံဖန်လုပ်ပြီး ဘုရားအလိုတော်ပဲဟု ပြောဆိုလုပ်ကိုင်သူများ၊ ၀မ်းရေး၊လောကအရာများအတွက် အမှုဆောင်အချို့ပင်လျှင် လမ်းလွဲခြင်းများမှ ဘုရားအလိုတော်လိုက်နာ၊အသက်ရှင်ရန်ဖြစ်သည်။

ဘုရားသခင်၏ဘုန်းတော်ကို - ညီအစ်ကိုဦးကပ်ကျင့်ထန်
သင်တို့သည်စားသော်၎င်း၊သောက်သော်၎င်း၊ မည်သည့်အမှုကိုပြုသော်၎င်း၊ ဘုရားသခင်၏ဘုန်းတော်ကို ထောက် ခပ်သိမ်းသောအမှုတို့ကို ပြုကြလော့ .. (၁ကော၁၀း၃၁)။ အရက်သောက်စားသော ဘုရားအလိုတော်မရှိသည့် ဘ၀အသက်တာ။ နှစ်၄၀ မောရှေခေါ်ဆောင်လာစဉ် အရက်သေစာမသောက်ရ၊ သခင်ယေရှုမနှစ်သက်သော၊ အလိုတော်မရှိသော အရက်၊ဆေးလိပ်များအကြောင်း...

လုံခြုံမှု၏အဓိကသော့ချက် - ညီအစ်ကိုဦးဒယ်နီရယ်
အချို့စိတ်ပူပြီး၊ ညပင်မအိပ်နိုင်ကြ၊ ဘုရားစကား  နှစ်များစွာနာခံရသည်။ အောင်မြင်သောအသက်တာရသည်။ ပညာ၊ဥစာများရှာဖွေရရှိခြင်းပြီး၊ လုံခြုံခြင်းအတွက် ဘုရားစကားကို နားထောင်၊နာခံ၊ အသက်ရှင်ကြရန် မေတ္တာဖြင့် တိုက်တွန်းလိုက်ပါသည်။


သက်သေခံချက်များ ...
Download
http://burmesebible.com/pulpit/Pulpit%20Jun%202013.pdf

No comments: