Thursday, February 23, 2017

Buddhist law, one wife law in Myanmar

In Singapore, leader Mr. Lee Kuan Yew implemented a law. Result is last 60 years ago, Muslim 15% and now also Muslim 15%, same same percentage.  Similarly, Japan government also prevented local religion by law.

In Myanmar, last government gave favour to Ma.Ba.Tha (leftist Buddhist) and implemented a
Buddhist law, one wife law. That law indent to prevent Buddhist woman not to marry other religion. Result is wonderful. Almost 100 law suit filed for Buddhist couple who made adultery.

စင်ကာပူမှာ လွန်ခဲ့တဲ့နှစ်၆၀ ကလည်း မွတ်ဆလင်၁၅%၊ အခုလဲ ၁၅% ..တိုးပွားမလာတာ ဥပဒေပညာရှင် လီကွမ်းယူ ကိုလေးစားစရာပါ။ အလားတူ ဂျပန်နိုင်ငံမှာလဲ ဥပဒေနဲ့ မွတ်ဆလင်တိုးပွားခြင်းကို ကာကွယ်ထားပါတယ်။
.
မြန်မာနိုင်ငံမှာ မ.ဘ.သ ကောင်းစားတဲ့ခေတ်မှာ မျိုးစောင့်ဥပဒေ၊ တလင်တမယားဥပဒေ ပြဌာန်းခဲ့တယ်။ အခြားဘာသာဝင်လူဦးရေ မတိုးပွားဖိုက ရည်ရွယ်ချက်ပါ။ အခု ၃နှစ်လောက် ကြာတော့ ...ဒိဥပဒေအရ တရားစွဲခံရသူများက ဗုဒ္ဓဘာသာဝင် မြန်မာတွေချည်းဖြစ်နေပါတယ်။ အမှု၁၀၀ လောက်ရှိမယ်။
.
တလင်တမယား ဥပဒေကို ခရစ်ယာန် ဥပဒေပညာရှင်တဦးက ပို့ချ၊ အပြန်လှန်ဆွေးနွေးကြပါတယ်။ ရှင်းရှင်းပြောရရင် ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးတွေကို အခြားဘာသာဝင်နဲ့ လက်မထပ်ရ .. လက်ထပ်ရင် အလွန်ခက်ခဲစေတဲ့ ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေကြောင့် မှတ်ပုံတင်မှာ မိန်းကလေးက ဗုဒ္ဓဘာသာ ရေးထားရင်.. အုပ်ချုပ်ရေးမှုးတွေ .. လက်ထပ်စာချုပ်လုပ်ပေးခွင့်ရှိသူတွေက ..လက်ထပ်မပေးတော့ဘူး။ တရားဝင် ဘာသာကူးပြောင်းခိုင်းတယ်။ ဒီတော့ လက်မထပ်ပဲ အတူနေလိုက်တယ်ပေါ့။
.
ပတ်ဝန်းကျင်ကလဲ လင်မယားလို့ အသိအမှတ်ပြုပါတယ်။ ကလေးရှိလာသည်ဖြစ်စေ မရှိသည်ဖြစ်စေ.. အိုအောင်ပေါင်းသင်းသွားရင်တော့ အိုကေပေါ့။ ကလေးမွေးစာရင်းမှာ ဖခင်အမည် ထည့်ပေးလိုက်တော့ ခလေးတွေအဖိုက အမွေရနိုင်တယ် ဆိုပေမဲ့၊ ဇနီးသည်အဖို့တော့ ..ခင်ပွန်းလုပ်စာ စားနေရတဲ့ မိန်းမဆိုရင် အကယ်၍ ကွာရှင်းမယ်ဆိုရင် ဘာမှ ခံစားခွင့်မရတော့ပါဘူး။ တရားဝင် လက်ထပ်ထားတာမှ မဟုတ်ပဲကိုး။
.
ဒီပြသနာ တရားမဝင်ပဆိုးတန်းတင် လင်မယားဖြစ်တာ၊ ဗုဒ္ဓဘာသာမှာ တလင်တမယား လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ မိန်းမ၊ကလေး အကြမ်းဖက်မှုတွေမှာ ဆိုးဝါးစွာ တွေ့နေရပါတယ်။
ခရစ်ယာန်တွေကတော့ သခင်ယေရှုခေတ် လွန်ခဲ့တဲ့ နှစ်၂ထောင်ကတည်းက တလင်တမယား စနစ်ဖြစ်လို့ အမျိုးသမီးတွေ အခွင့်ရေးမဆုံးရှုံးပါဘူး။
.
.
မွတ်ဆလင်လူဦးရေမတိုးရေး
ဒိအတွက်ပဲ မျိုးစောင့်ဥပဒေ၊ တလင်တမယားဥပဒေတွေ ပြဌာန်းပါတယ်။ မွတ်ဆလင်တွေမှာ အများစုက အေးချမ်းစွာနေကြပေမဲ့ အကြမ်းဖက် အိုင်အက်စ် မွတ်ဆလင်များ မြန်မာနိုင်ငံတွင်းမှာ ခြေကုတ်မယူနိုင်အောင် ဒိဥပဒေတွေ ပြဌာန်းခြင်းပါ။
ကိုယ့် ခရစ်ယာန်အကြောင်းပဲ ဆက်ရေးပါတယ်။
.
.
ခရစ်ယန်ဓမ္မဆရာ၊ သူ့မှတ်ပုံတင်မှာဗုဒ္ဓ ..
ဒိပြသနာကတော့ ခရစ်ယန်ဓမ္မဆရာ၊ ဧဝံဂေလိဆရာ၊ သင်းအုပ်တွေမှာ သိပ်ဂရုမစိုက်တဲ့ ဖြစ်ရပ်ပါ။ ယုံကြည်ခြင်းဆိုတာ မှတ်ပုံတင်စာရွက်ပေါ်မှာ မဟုတ်ဘူး၊ နှလု့းသားမှာ ဝိညာဉ်ရေးဖြစ်တယ် ..လို့ ခံယူထားကြပါတယ်။ မှန်လဲ အလွန်မှန်ပါတယ်။ ပညာတတ်တဲ့ ဓမ္မဆရာများကတော့ မှတ်ပုံတင်ထဲက ကိုးကွယ်ဘာသာ ဗုဒ္ဓ ဆိုတာကို ခရစ်ယန် လို့ ပြောင်းပစ်ဖို့ကြိုးစားပေမဲ့ အင်မတန်မလွယ်လို့ လက်လျှော့ ထားရပါတယ်။ (ဟိုး ခရစ်ယန်များတဲ့ ကချင်ပြည်နယ်၊ လ.ဝ.က မှာ ပိုင်အောင်ပေါင်းပြီး ပြောင်းရင်တော့ ရနိုင်ပေမဲ .. အရေးကြီးတဲ့ လ.ဝ.က၊ အခွန်ဌာန တွေမှာ မြန်မာ၊ ဗုဒ္ဓတွေပဲ ခန့်ထားခဲ့တဲ့ စစ်အာဏာရှင်စနစ်ကြောင့် သိပ်တော့မလွယ်လှပါ)။ ဒါကြောင့် မှတ်ပုံတင်က ဗုဒ္ဓ ဆိုတာ စာရွက်ထဲမှာပဲ ရှိပါစေ။ ဒီအတွက်လဲ စိတ်ညစ်မနေသင့်သလို အပြစ်တင်ပြောဆိုတဲ့ ဘလိုင်းခရစ်ယန်တွေကိုလဲ ဂရုစိုက်စရာမလိုပါ။
.
မှတ်ပုံတင်မှာ လူမျိုး၊ ကိုးကွယ်ဘာသာ တွေကို မြန်မာနိုင်ငံက သုံးနေပါတယ်။ လူမျိုးဆိုရင် ဖခင်လူမျိုးက ရှေ့ဆုံးမှာ၊ မိခင်လူမျိုးက နောက်မှာ ရေးပါတယ်။ ဘာသာ ကိုတော့ လ.ဝ.က အရာရှိတွေက မိဘတယောက်က မြန်မာဆိုရင် ဗုဒ္ဓ လို့ ကောက်ရေးလေ့ရှိပါတယ်။ ရေးပြိးရင် ပြောင်းဖို့မလွယ်တော့ပါ။ နိုင်ငံတကာမှာတော့ မှတ်ပုံတင်မှာ လူမျိုးပဲ ပါပါတယ်။ ကိုးကွယ်ဘာသာ မပါရှိပါ။ လူမျိုးတောင် တခုပဲ ရေးရပါတယ်။ မြန်မာနိုင်ငံမှာတော့ "ကရင်၊မြန်မာ၊ချင်း၊ဂျာမန်" .. ဆိုပြီး ၄ခုရေးထားတာတွေ့ဖူးပါတယ်။ (ရယ်စရာ)။ ဘာပဲဖြစ်ပစေ.. မှတ်ပုံတင် ကဒ်ပြားမှာပဲ ဗုဒ္ဓ ဖြစ်ပေမဲ့ နှလုံးသားကတော့ ပြောင်းလဲနေပါတယ်။
.
.
ခရစ်ယန်များ ဘာဆက်လုပ်ရမလဲ...
ဒိဥပဒေကို ပြင်ဆင်ဖို့ အခုအစိုးရသစ်မှာ ကြိုးစားကြပေမဲ့ ဒီထက်အရေးကြီးတာတွေ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး ..စတဲ့ အရေးကြီးပြသနာများကြောင့် တလင်တမယားဥပဒေ၊ မျိုးစောင့်ဥပဒေ တွေ ပြင်ဆင်ဖို လွှတ်တော်မှာ မဖြစ်နိုင်သေးပါ။ ခရစ်ယန်များ နိုင်ငံတော်အာဏာဖြစ်တဲ့ အုပ်ချုပ်ရေး၊ တရားရေး၊ ဥပဒေပြုရေး နဲ့ စစ်ရေး(တပ်မတော်) တွေမှာ ပါဝင်ခွင့်ရလာဖို့ပါ။ အခု အစိုးရသစ်မှာ အုပ်ချုပ်ရေး ခရစ်ယန်များ ဒုသမ္မတ၊ ဝန်ကြီးချုပ်၃ယောက် ရှိနေပြီ ဖြစ်ပါတယ်။ ဒီတော့ ခရစ်ယန် များပြားတဲ့ ကချင်၊ ဧရာဝတီ၊ ကရင်ပြည်နယ်တွေမှာ ခရစ်ယာန်ဥပဒေပညာရှင်များ နေရာရဖို့ လိုပါတယ်။
.
ဥပဒေဘွဲ့ရပြီး လုပ်သက်ရ၊ မှတ်ပုံတင်ထားမှ ရှေ့နေဖြစ်လာပါတယ်။ ရှေ့နေလုပ်သက်များပြီး တရားရုံးတက် အတွေ့ကြုံများမှ တရားသူကြီးဖြစ်မယ်။ ဥပဒေပညာရှင်ဖြစ်မယ်။ တရားသူကြီး အတွေ့အကြုံများမှ ပြည်နယ်တိုင်း တရားသူကြီးချုပ် ဖြစ်မယ်။ (သို့မဟုတ်) ဥပဒေပြုလွှတ်တော်မှာ ပါဝင်နိုင်မယ်။
.
လောလောဆယ်တော့ မြန်မာနိုင်ငံရဲ့ ဥပဒေတွေက ရှုပ်တွေးနေပြီး၊ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်တွေလည်း တပုံကြီးဖြစ်ပါတယ်။ တရားဥပဒေလဲ မစိုးမိုးတော့ တရားရုံးနဲ့ ရဲတပ်ဖွဲ့မှာ အမှုဖွင့်လို့လဲ မလွယ်ပါဘူး။ ဒါကြောင့် ရပ်ကျေး စည်ပင် (သို့မဟုတ်) အုပ်ချုပ်ရေးမှုး (သို့မဟုတ်) လယ်ယာမြေကော်မတီ၊ အခွန်ကော်မတီ တွေကို တိုင်စာမှန်ကန်စွာပို့၊ တဆင့်မရရင် တဆင့်တက်ရင်း။ ဝန်ကြီးချုပ်၊ သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အထိ တိုင်လို့ရနေပါပြီ။ မီဒိယာကိုလဲ အားကိုးရပေမဲ့ မီဒိယာက မထိရောက်တော့ပါဘူး။ တရားတဘောင်ဖြစ်လာမယ်..အိမ်ခြံမြေ၊ လယ်ယာမြေ ပြသနာဖြစ်လာရင် ..ပေါက်ရောက်တဲ့ အုပ်ချုပ်ရေး၊ တရားရေး အရာရှိတွေကို ပြေးကပ်နေရဆဲပါပဲ...။ (လာပ်ပေးပါ မဆိုလိုပါ)။ ၂၀၁၇ ခုနှစ်မှာပါ။

No comments: