Wednesday, March 8, 2017

လိင်တူဘဝမှာနေရင် HIV ရ၍ လွှတ်မြောက်လာသော ဆရာကျော်ကျော်လှိုင် ရဲ့သက်သေခံချက်


ဆရာကျော်ကျော်လိုင်
လိင်တူဘဝမှာနေရင် HIV ရ၍ လွှတ်မြောက်လာသော ဆရာကျော်ကျော်လှိုင် ရဲ့သက်သေခံချက်
အားလုံးပဲ မင်္ဂလာပါ။ ဂေးဘဝမှာ ဘီယာဘားတခုမှာ ဘားကောင်တာထိုင် အလုပ်လုပ်ခဲ့ပါတယ်။ အလုပ်လုပ်ရင်း နိုင်ငံခြားသားတွေလဲ လာတယ်။ လိင်တူများကို ချိတ်ဆက်ပေးရပါတယ်။ ကျနော်ဟာ ခရစ်ယန်တယောက်မဟုတ်ပါဘူး။ ငယ်တုန်းကတော့ လီစူး ခရစ်ယာန်များနဲ့ ပေါင်းသင်းခဲ့ပါတယ်။ အမျိုးတွေထဲမှာလဲ ဘုန်းကြီးတွေ ရှိပါတယ်။ ၁၀တန်းအောင်ပီး စစ်တပ်ထဲ ရောက်သွားပါတယ်။ ပွင့်ဖြူမြို့ဘက်မှာ လူတချို့ ငြိမ်ဝပ် ဆိုတဲ့သီချင်းနဲ့ ဆုတောင်း၊ ချီးမွမ်း နေကြပါတယ်။ ကျနော် ရပ်ပြီးနေမိတယ်၊ ဆက်မသွားနိုင်ဖြစ်ပြီး ယေရှုအကြောင်းကို လေ့လာချင်လာပါတယ်။ နောက် အသင်းတော်တခုမှာ ဆရာ၊ ဆရာမတွေနဲ့ တွေ့ပြီး ယေရှုအကြောင်း ပြောပြပါတယ်။ ယေရှုကို စတင်သိလာခဲ့ရပါတယ်။

အမေ့ကို ဘာသာပြောင်းဖို့ ခွင့်တောင်းတော့ အမေက နင်က ဒီဘာသာနဲ့ပဲနင်ဘဝဖြစ်လာရတယ် ပြောပြီး ခွင့်ပြုခဲ့ပါတယ်။ ရန်ကုန်ရောက်လာပြီး လသာလမ်းက ကာလီဖိုးနီးယား ကော်ဖီဆိုင်မှာ ၆နှစ်အလုပ်လုပ်ခဲ့ပါတယ်။ ကိုးရီးယားသွားဖို့ ငွေစိုက်ပေးတဲ့ သူငယ်ချင်းပေါ်လာတာကြောင့် ပုဇွန်တောင်က မိုးသီးဆေးခန်းမှာ ဆေးစစ်တော့ HIV ရှိတယ်ဆိုတာ သိလိုက်ပါတယ်။ အလွန်စိတ်ဓါတ်ကျဆင်းခဲ့ရပါတယ်။ သေချာအောင် ၄ခါ ၅ခါလောက် ထပ်စစ်ကြည့်ပေမဲ့ အမြဲတမ်း HIV ရှိတယ်လို့ ရလဒ်ပြပါတယ်။ ကာလသားရောဂါပိုးနဲ့ HIV ရောဂါဖြစ်နေတော့ လောကကြီးမှာ မနေချင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ မောင်နှမတွေနဲ့ ကလပ်တွေတက်တယ်၊ နောက်နေ့ဆို မိမိကိုယ်သတ်သေဖို့ မသေချင် စေတီတခုကို သွားဆုတောင်းချင်ပေမဲ့ ဆုတောင်းပြည့်မှာမဟုတ်လို့ဆေးသောက်လိုက်ပါတယ်။ အိပ်တယ်။ မနက်တော့ ထုံထိုင်းပြိး မသေသေးပေမဲ့ ကော်ဖီဆိုင်ကိုပြန်တယ်။ ဆိုင်ကမိတ်ဆွေတွေက အဆိပ်ပြေအောင် ဝိုင်းလုပ်ပေးကြတယ်။ နောက်တော့ စိတ်ပြေလက်ပျောက် အလုပ်မလုပ်တော့ပဲ ထွက်သွားချိန် လောင်းကစားနဲ့အကြွေးတင်၊ ယာဉ်ထိခိုက်မှုနဲ့ ခြေထောက်မသွားနိုင်ဖြစ်ပါတယ်။ စိတ်ဓါတ်အကျကြီး ဖြစ်နေချိန် ... ဆာငတ်နေသောနှလုံးသား .. ဆိုတဲ့ သီချင်းခွေကို နားထောင်တယ်။ နောက် ဆရာဒေးဗစ်လား တရားပွဲနောက်ဆုံးနေ့ ပါဝင်ပြီး စိတ်ဓါတ်ပြန်တက်လာခဲ့ပါတယ်။

နောက်အလုပ်ကတော့ ဘားတခုမှာ မန်နေဂျာ လုပ်ရင်း ခရူးဆိတ်မှာ နိုးထမှုတွေ အရမ်းဖြစ်ခဲ့တယ်။ HIV နဲ့ပတ်သတ်တဲ့ဆေးတွေ အဆက်မပြက်သောက်နေရချိန် အကုန်ဖြတ်လိုက်ပြီး အနာရောဂါကို ပျောက်ပီလို့ ခံယူလိုက်ပါတယ်။ နောက်တော့ ကျမ်းစာကျောင်းတက်ဖို့ ဖြစ်လာပါတယ်။ ကျမ်းစာကျောင်းတက်ရာမှာ ထောက်ပံ့သူဟာ ဗမာလူမျိုး ဗုဒ္ဓဘာသာဖြစ်ပါတယ်။ ၂၀ကြိမ်မြောက် ကျမ်းစာကျောင်းတက်ချိန် အကြိမ်ပေါင်းများစွာ ဝေငှရပါတယ်။ အားလုံးလဲ ပြောင်းလဲကြပါတယ်။ ကျမ်းစာကျောင်းမှာ ခါးတွေ အရမ်းနာလာလို့ မခံနိုင်တာနဲ့ အိမ်ပြန်လာခဲ့ရပါတယ်။ ထွက်ခွာလာခဲ့ရတယ်လို့ပဲ မှတ်ယူပေမဲ့ .. အိမ်ပြန်ရောက်ပြီး၊ လူများကို ဝေငှရင်း ကျမ်းစာကျောင်းကို ပြန်သွားနိုင်ပါတယ်။ ဆရာဝန်ရဲ့အဖြေကတော့ ကျနော့်ခန္တာမှာ ရောဂါမပျေက်သေးပါဘူး။ ဆရာဝန်တွေက ပြောဆိုပြီး ဆေးစားဖို အားပေးကြပါတယ်။ ခေါင်းမာတာတော့ မဟုတ်ပေမဲ့ ဆေးမသောက်ချင်တော့ပါဘူး။ ကျမ်းစာကျောင်းပြီးတော့ ရန်ကုန်လာပါတယ်။ ဖူးဂေါ်စပယ် Full Gospel က ဂန့်ဂေါဘက်ကို အမှုတော်ထမ်းဖို့ စေလွှတ်ပါတယ်။ အခုအထိ ကျန်းမာစွာ ရှိနေခြင်းကို ကျေးဇူးတော် ချီးမွမ်းပါတယ်။

ကျနော့်ရဲ့ ခံယူချက်ကတော့ ဂေး လို့ခေါ်တဲ့ မိန်းမရှာ လိင်တူဆက်ဆံခြင်း ဝိညာဉ်ဆိုးထဲမှာ မလွတ်မြောက်နိုင်တဲ့လူတွေအတွက် ဝန်တာရှိပါတယ်။ တချို့ တကယ့်ယောင်္ကျားကြီး၊ အိမ်ထောင်၊ သားသမီးရှိပေမဲ့ မလွတ်မြောက်နိုင်သူများအတွက် လွတ်မြောက်စေဖို့ ..ဆုတောင်းပေးကြပါ။ ကျနော့်အသက်တာမှာ သေမယ်ဆို သေနိုင်ပါပြီ။ ဒါပေမဲ့ အခုချိန်ထိ မသေသေးတာ ဒီ HIV ရောဂါရှင်တွေအတွက် ကူညီဖို့၊ လွတ်မြောက်ဖို့ အသက်ရှင်ရတယ်ဆိုတာ သိလာခဲ့ပါတယ်။ ဧဝံဂေလိလုပ်ဖို့ ဘုရားအသံနဲ့ခေါ်ခြင်းခံရတယ်။ အပြန်ကားပေါ်မှာ ငိုတယ်။ အချိန်တွေ အများကြီးကုန်ခဲ့တယ်။ ငွေနောက်လိုက်နေခဲ့တယ်။ ကျမ်းစာကျောင်းတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လိင်တူအကြောင်း ပြောပြနိုင်မလား ..
ဖြေ။ ရပါတယ်။
ရန်ကုန်ကို အဆိုတော်ဖြစ်ချင်လို့ လာရင်း စားသောက်ဆိုင်မှာအလုပ်လုပ်တယ်။ အလုပ်ပြုတ်သွားပြီး ဦးတည်ရာမဲ့ဖြစ်နေချိန် လူတယောက်က မိတ်ဖွဲ့ပြီး သူ့အိမ်ခေါ်သွားတယ်။ အဲဒီလူနဲ့ တလလောက်နေပြီး သူဟာ လိင်တူ သမားတယောက်ဆိုတာသိရတယ်။ ဆက်ဆံဖြစ်ပါတယ်။ နောက်တော့ ဘီယာဆိုင်တွေမှာ အလုပ်ဆက်လုပ်ပြီး ဂေး တွေကို ချိန်ဆက်ပေးရင်း၊ နိုင်ငံခြားသားတွေလဲ ဆက်ဆံမိပါတယ်။ ဒါကြောင့်ပဲ HIV ရောဂါရလာတယ်လို့ ယူဆပါတယ်။ တချို့လည်း ပိုက်ဆံကြောင့် လိင်တူလောကထဲ ရောက်ပေမဲ့ တချို့ကလဲ ဝါသနာပါလို့ ရောက်ပါတယ်။

ဂေး ဖြစ်နေသူများ လွတ်မြောက်ချင်နေသူတွေ များစွာရှိပါတယ်။

ဘယ်လိုထိုးဖေါက်မလဲ ဆိုတော့ ယေရှုကို လက်ခံရင်၊ ယေရှုကို ရရင် ဒီရောဂါ၊ ဒီလိင်တူ ဘဝကနေ လွတ်မြောက်မှာဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လဲ လုပ်ချင်တဲ့ စိတ်တွေ ရှိလာပေမဲ့ ယေရှုကို ရရင် ဒီလို ဂေးတွေ ဘဝက လွတ်မြောက်မှာ ယုံကြည်ပါတယ်။

HIV ဖြစ်တဲ့လူတွေကို အားပေးစကား ပြောချင်ပါတယ်။ ခရစ်တော် လက်ဝါးကပ်တိုင်မှာ အသေခံခဲ့တဲ့ ဒဏ်ချက်တော်ဟာ ကျနော့်ကို ဒီရောဂါက ပျောက်စေတာ ဖြစ်ပါတယ်။ ယေရှုအားဖြင့် ဆေး ဘာမှမသောက်ပဲနဲ့ ၄နှစ်တာအောင် ရောဂါမရှိပဲ ကျန်းမာစွာ ရပ်တည်နေခြင်းဟာ ယေရှုကြောင့်ဖြစ်ပါတယ်။ ဂေး ဆိုတာလဲ စာတန်က လိင်ပိုင်းဆိုင်ရာနဲ့ ဝါးမြိုထားတဲ့ ပျောက်ဆုံးဝိညာဉ်တွေ ဖြစ်ပါတယ်။ သူတို့အတွက် ဒီနေရာကနေ ဆုတောင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
မုရန်..၊
by Sia Sian
https://www.youtube.com/watch?v=h4ZCY5h6Bes

No comments: