နှုတ်ကပတ်တော် (ဘုရားသခင်၏သြ၀ါဒ)
ဓမ္မဟောင်း (ပညတ်တရားခေတ်-ပညတ်၁၀ပါး)
၁။ ငါမှတပါးအခြားသောဘုရားမကိုးကွယ်ရ
၂။ ငါဖို့အလို့ငှာ ရုပ်ထုမပြုလုပ်ရ
၃။ ငါ့ နာမကို အလွဲမသုံးရ
၎။ ဥပုဒ်နေ့ကို အစဉ်သာ သန့်ရှင်းစေပါ
၅။ သင့်၏မိဘများကို ရိုသေလေးစားပါ
၆။ သူအသက်ကိုမသတ်ရ
ရ။ သူမယားကိုမပစ်မှားရ (မတရားသောမေထုံမလုပ်ရ)
၈။ မခိုးရ
၉။ မဟုတ်မမှန်သက်သေမခံရ
၁၀။ တပ်မက်ခြင်းမရှိရ (သူ့တပါးပစ္စည်၊ မယား၊)
.
ဓမ္မသစ် (ချစ်ခြင်းမေတ္တာ)
၁။ ဘုရားကို ကိုယ်နှင့်အမျှချစ်ခြင်း
၂။ ကိုယ်နှင့်ဆက်ဆိုင်သောသူကိုချစ်ခြင်း
.
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ အဆောက်အဦ၊ လောကအရာတွေထက် ၀ိတ်ဝိညာဉ် ပြောင်းလဲခြင်းကို ဦးစားပေးရပါတယ်။
.
.
ယုံကြည်ခြင်း .... Faith
ယေရှုကိုရရှိဖို့၊ ကျေးဇူးတော် ခံစားဖို့ ဆိုတာ အပြောသာလွယ်ပါတယ်။ လက်တွေ့တော့ အလွန့်အလွန်ခက်ပါတယ်။ က ကယ်တင်ခြင်း အရင်ရှင်း ..ဆိုပြီး ယေရှုကို ယုံပါပြီ၊ုယုံပါတယ် ကယ်တင်ခြင်းရပြီလို့ ပြောပေမဲ့ ၀ိညာဉ်ရေးဖြစ်တဲ့အတွက် ခရစ်ယန်အသက်တာ မကောင်းသူတယောက် ကောင်းကင်နိုင်ငံရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
.
ဓမ္မဟောင်း ၁၀ပါး၊ ဓမ္မသစ် ၂ပါး ..ဒါတွေဟာ လူသားတယောက်အနေနဲ့ ဘယ်နည်းနဲ့မှ ပြည့်စုံအောင် မကျင့်ကြံနိုင်ပါဘူး။ ဖြောင့်မတ်သောသူ တစ်ယောက်မျှ မရှိ ..ဆိုတဲ့အတိုင်း လောကပညတ်တွေအရဆို ဘယ်သူမှ ကယ်တင်ခြင်း မရနိုင်ပါဘူး။
.
ယုံကြည်ခြင်း တခုထဲနဲ့၊ သခင်ယေရှုကို ယုံကြည်ခြင်းနဲ့ပဲ ကယ်တင်ခြင်းကို ရပါတယ်။ ဒီတော့ ပညတ်တရားတွေကို မစောင့်ရတော့ဘူး မဟုတ်ပါ။ ကယ်တင်ခြင်း ရပြီးသူဟာ နေ့တိုင်း၊ အချိန်တိုင်း နောင်တ ရပါတယ်။ အမှားကြီးတွေကို နောင်တရပြီး နောက်တဖန်မလုပ်တော့ပါဘူး။
.
ဥပမာ .. မတရားသောမေထုန်၊ ရှင်ယောဟန် အခန်းကြီး(၈း၁၁) မှာ သခင်ယေရှုနဲ့ ခဲပေါက်သတ်ခံရမဲ့ ပြည့်တန်ဆာမိန်းမ အဖြစ်အပျက်ကို ကြည့်နိုင်ပါတယ်။... ငါသည်လည်း သင့်၏အမှုကို မစီရင်၊ သွားလော့၊ နောက်တဖန် ဒုစရိုက်ကို မပြုနှင့် ဟု မိန့်တော်မူသည် ..လို့ ရေးထားပါတယ်။ အဲဒီ မိန်းမ နောင်တ တကယ်ရပြီး နောက်လုံးဝမလုပ်တော့ပဲ ယေရှုနောက်ကို လိုက်ပါတယ်။ တကယ် ကယ်တင်ခြင်း ရရှိပါတယ်။ ဘုရားသခင် ခွင့်မလွှတ်နိုင်တဲ့ အပြစ် မရှိပါဘူး။ နောင်တနဲ့ နောက်တဖန်မလုပ်တာပဲ ဘုရားသခင် နှစ်သက်ပါတယ်။
.
မတရားသော မေထုန် ဆိုတာ ဘာလဲ ..ဆိုတဲ့ မေးခွန်းမှာ ပြသနာအကြီးကျယ် ဖြစ်လာပါတယ်။ လက်မထပ်ပဲ အတူနေခြင်းက အလွန်များပြားနေတဲ့ ခေတ်ကာလ ဖြစ်ပါတယ်။ လိင်ဖြေဖျော်ခြင်း၊ ပိုဆိုးဝါးတဲ့ လိင်တူ တွေကိုလဲ အသင်းတော်မှာတောင် ခပ်တည်တည်ဖြစ်နေပါတယ်။ မိုဘိုင်းဖုန်းတွေမှာလဲ လိင်ဓါတ်ပုံ ၊ ဗွီဒီယိုတွေ အလွယ်တကူ ရနေပြီး၊ တယောက်နဲ့တယောက် မိုဘိုင်း၊ ဆိုရှယ်မီဒီယာနဲ့ စက္ကန့်ပိုင်း ဆက်သွယ်၊ ပို့ပေးနိုင်တဲ့ ခေတ်ကာလ ဖြစ်ပါတယ်။ ဓမ္မဆရာနဲ့ အသင်းတော်လူကြီးတွေလဲ မတရားမေထုန် လုပ်နေသူကို မပြောရဲ၊ ပြောလဲမထူးဘူး .. အသင်းတော်က နဲ့ သင်းအုပ်များ အလွန်အခက်ခဲ ဖြစ်နေရတဲ့ ခေတ်ကာလ ဖြစ်ပါတယ်။
.
ဒီအကြောင်းတွေ တခြား ဓမ္မဆရာတွေ ပြက်ပြက်သားသား မပြောကြပေမဲ့၊ GMYC ဆရာဒေးဗစ်လား၊ ဆရာစံတိုး၊ ဆရာဇော်မင်း၊ ဆရာတူးဂျာ်၊ ဆရာသြဂတ်စတပ်၊ ဆရာဒေါမနစ်၊ ဆရာဥိးတင်မောင်ထွန်း ..စတဲ့ ဆရာများစွာ လူငယ်တွေကို ဟောကြား၊ ပြောကြားနေကြပါတယ်။ မီဒီယာမှာလဲ ပြက်သားစွာ ရိုက်ကူးတင်ဆက်တဲ့ ဗွီဒီယိုတွေ အင်တာနက်မှာ တွေ့ရပါတယ်။
.
.
.
ဆရာပက်ထရစ်ဂေဗြဲ .ရဲ့ သက်သေခံခြင်းကို နားထောင်ကြည့်ပါ။ အကျိုးထူးမယ် ဖြစ်ပါတယ်။ ကယ်တင်ခြင်း ရပြီးသူများ မိမိကိုယ်ကို သန့်ရှင်းအောင် ကြိုးစားရပါတယ်။ ကားတိုင်လမ်းသို့ ကြိုးစားတက်မည် ဆိုတာ ကယ်တင်ခြင်း စိတ်ချသူများ လျှောက်ရမဲ့ လမ်းဖြစ်ပါတယ်။ တချိန်မှာ သခင်သခင် လို့ခေါ်ရင် သင့်ကိုငါမသိ လို့ မဖြစ်ရအောင် တိုက်တွန်းနိုးဆော်ခြင်း ဗွီဒီယိုလေး ဖြစ်ပါတယ်။

.
No comments:
Post a Comment