Thursday, August 20, 2009

Creation Articles


သက်ရှိများ၏ ဖွဲ့ စည်းပုံသည် လွန်စွာမှ ရှုပ်ထွေးလှသည်။ အဆောက်အဦ ဆောက်ရာ၌ Blue Print ရှိသည်။ ထို Blue Print ၌ အဆောက်အဦကြီးတစ်ခုအား မည်ကဲ့သို့ တည်ဆောက်ရမည့် သတင်းအချက်အလက်(Information) ပါရှိသည်။ ထိုအချက်အလက်ကို အခြေခံ၍ တစ်ဆင့်ချင်း တည်ဆောက်သွားလျှင် အဆောက်အဦ ဖြစ်လာသည်။ ထို့ နည်းတူပင် သက်ရှိများ၏ Blue Print သည် DNA ဖြစ်သည်။ DNA သည် ကြောင်လိမ်လှေကားကဲ့သို့  ပုံသဏန်ရှိသည် ။ ကြောင်လိမ်လှေကား ၏ လှေကားထစ်များသည် T,A,G,C ဟုအတိုကောက်ခေါ်ဝေါ်သော ဓါတ်ပစ္စည်းများဖြင့် ဖွဲ့ စည်းထားသည်။ လှေကားထစ်များသည် သူ့ အစီအစဉ်တကျရှိလှသည်။ သက်ရှိများ၌ ထို T,A,G,C တို့ ကို စီထားသည်မှာ (ဥပမာ.. TAGCAATGCC..............................) စာကြည့်တိုက် တစ်ခုရှိ စာအုပ်အကုန်လုံး ထဲ၌ ပါသော စာသားများအားလုံးကို စီထားသည်ထက် ပိုမိုရှည်လျားပါသည်။
ထိုမျှရှည်လျားလှသော လှေကားကို သင့်လျှော်သလို ပိုင်းလိုက်လျှင် Gene ဟုခေါ်သော အပိုင်းလေးများရသည်။ ထို Gene လှေကားထစ်ပိုင်းလေးများသည် သက်ရှိများကို တည်ဆောက်ရမည့် အစိတ်အပိုင်းများအတွက် အချက်အလက်(Information) များပါရှိသည်။ လှေကားထစ်တစ်ပိုင်းတွင် မျက်လုံးအရောင်အချက်အလက်ပါရှိနိုင်သလို၊ နောက်လှေခါးထစ်တစ်ပိုင်းတွင် ဆံပင်အရောင်အတွက် အချက်အလက်ပါရှိနိုင်သည်။ Gene တစ်ခုထဲရှိ လှေကားထစ်အစီအစဉ်(Sequence)သည် လွန်စွာမှ အရေးကြီးသလို လှေကားထစ်များ လိုအပ်သွားခြင်း၊ ပိုမိုသွားခြင်း မရှိရခြင်းသည် လွန်စွာမှအရေးကြီးသည်။တစ်ခုခုချွတ်ရွင်းခဲ့သော် ကင်ဆာရောဂါများ၊ အခြားသော ဗီဇဆိုင်ရာ ရောဂါများခြင်း သေဆုံးနိုင်လေသည်။

Click Here (scribd document)

No comments: