
ဆရာကြီးမူလယ် ၁၉၅၆ခုနှစ်က အမေရိကန်နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ နိုင်ငံအနှံ့ ဘုရားကျောင်းတွေမှာ သက်သေခံ၊ဟောပြောရင်း အမေရိကန်နိုင်ငံရဲ့ တိုးတက်မှု၊စက်မှု၊အလုပ်ရုံများကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ အမေရိကန်များ မြန်မာပြည်နဲ့ အိန္နိယပြည်တို့ကို သာသနာပြုခဲ့ရာမှ အသီးအပွင့်များအဖြစ် မြန်မာ(ကရင်)တဦး၊ အိန္နိယပြည်သားတဦးတို့ အမေရိကန်ဘုရားကျောင်းမှာ မြန်မာလိုသီချင်းသီဆိုပြတဲ့အခါ အမေရိကန်များရဲ့ နှလုံးထားအထိ ထိုးဖေါက်ခံစားစေခဲ့ပါတယ်။ ပန်းသီးလက်ဆောင်ရတဲ့အခါ ပန်းသီးပင်လေး တနှစ်ထက်တနှစ် အသီးပိုသီး၊ အသီးပိုကြီးလာခြင်းများ ဥပမာနဲ့ အသီးသီးဖို့လိုအပ်ကြောင်း ဆရာကြီးကိုယ်တိုင်ရေးအထုပ္ပတိမှ အမေရိကန်ခရီးစဉ်တပိုဒ်ကို ပြန်လည်တင်ပြလိုက်ပါတယ်။
Click Here - Scribd Document
No comments:
Post a Comment