Friday, September 4, 2009

နေ့စဉ်ခွန်အား စာစောင်ကို 1938, RBC Ministries

နေ့စဉ်ခွန်အား စာစောင်ကို 1938, RBC Ministries (formerly Radio Bible Class) အဖွဲ့မှ ထုတ်ဝေခဲ့ပြီး မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံပေါင်း၄၀ ဘာသာစကားနဲ့ ထုတ်ဝေနေပါတယ်။ ဂျပ်ဆင်အသင်းတော် အင်တာနက်စာမျက်နှာမှာလည်း မြန်မာဘာသာနဲ့ဖတ်လို့အဆင်ပြေအောင် မီဒီယာအဖွဲ့မှာ စီမံထားပါတယ်။ နေ့စဉ်ခွန်အား အင်္ဂလိပ်ဘာသာ ပင်တိုင်စာရေးဆရာအဖွဲ့ ၂၀ကျော်လောက်ရှိရာမှာ စင်ကာပူအခြေစိုက်ခဲ့ ၃ဦး ပါဝင်နေတာကိုတွေ့ရပါတယ်။ http://www.scribd.com/doc/18671893/Odbauthors စင်ကာပူဂျပ်ဆန်အသင်းတော်မှလည်း မြန်မာဘာသာနဲ့ နေ့စဉ်ခွန်အားစာစောင်များကို နှစ်ပေါင်းများစွာမှာယူ ဖြန့်ဝေလျှက်ရှိရာမှာ ယခုအခါ တိုးချဲ့ပြီး ဖတ်ရှုလိုသူများကို အိမ်တိုင်ယာရောက် စာတိုက်မှပို့ပေးနေပါတယ်။ အသင်းတော် ဥက္ကဌ 90600834 နဲ့ အတွင်းရေးမှုး 93628486 တို့ထံဆက်သွယ် မှာယူနိုင်ပါတယ်။

အင်တာနက်မှ မြန်မာ၊အင်္ဂလိပ် ၂ဘာသာ BUGLISH နဲ့ဖတ်လိုသူများအတွက် Burmese.Bible မှစီစဉ်ထားတဲ့ စမ်းသပ် အင်တာနက်စာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။ မယုံကြည်သော်လည်း အင်္ဂလိပ်စာလေ့လာလိုသူများ၊မြန်မာစာလေ့လာလိုသူများ (တဘာသာ) ယှဉ်တွဲလေ့လာရင်း သခင်ယေရှုအကြောင်းကို သိနားလည်စေနိုင်ပါတယ်။
http://burmesebible.com/rbc/

စက်တင်ဘာ ၂၀၀၉ အတွက် PDF Daily Bread ကိုလည်း Scribd မှတဆင့် ဒေါင်းလုပ်ဖတ်ရှုနိုင်ပါတယ်။
အားလုံးရွှင်လန်းပါစေ။
Original Posting from JBCS.org.sg

No comments: