Tuesday, August 25, 2009

ရန်ကုန်ညီအစ်ကိုများအသင်းတော် ၉-၈-၂၀၀၉ နေ့ ဒေသနာဝေငှချက် (ဦးတင်မောင်ထွန်း)

ထိုသူများက မျက်မမြင်သည် ကိုယ်တော်ထံ ရောက်လာလျှင် မျက်စေ့ပြန်၍မြင်မည်ဟု ယုံကြည်၍ ကိုယ်တော်ထံခေါ်လာပြီး တို့တော်မူပါမည်အကြောင်း တောင်းပန်ကြပါသည်။ ဤတွင် မယုံကြည်သေးသောသူ အကျိုးဖို့ဖြစ်ရန် ယုံကြည်သောသူများပြုနိုင်သော မင်္ဂလာကိုတွေ့ရသည်။ .....
ထိုလူကန်းအား ကိုယ်တော်သည် မြေပေါ်၌ တံတွေးထွေး၍ ရွံ့လုပ်ပြီးမှ သူ၏မျက်စေ့ကို ရွံ့နှင့်လူး၍ ရှိလောင်ရေကန်၌ မျက်စေ့ကို ဆေးလော့ဟု မိန့်တော်မူပါသည်။ ထိုသူသည် အမိန့်တော်အတိုင်း နာခံ၍သွားဆေးပြီးမှ မျက်စေ့မြင်လျှက် ပြန်လာပါသည်။
........
မျက်ကန်းသည် မျက်စေ့မြင်ဖို့ရန် မိမိမတတ် နိုင်ကြောင်းကို သိပါသည်။ ယနေ့ ကျွန်ုပ်တို့သည် မိမိတို့မတတ်နိုင်ကြောင်းကို သိဖို့လိုပါသည်။ ထိုသို့သိခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ပြီးနောက် ကိုယ်တော်တတ်နိုင်ကြောင်းကို သိဖို့လိုပါသည်။
.....
မည်သည့်အမှုအရာ၌မဆို ဘုရားသခင်၌ အဖြေရှိပါသည်။ ဘုရားသခင်၏အချိန်ကို ကျွန်ုပ်တို့ စောင့်တတ်ကြဖို့လိုပါသည်။ ကျွန်ုပ်တို့အသက်တာ အမှုအရာကို ကိုယ်တော်၌ အပ်ထားခြင်းမှန်ပြီး ကိုယ်တော် စီရင်ပြုပြင်နေခြင်းမှန်ပါက ကျွန်ုပ်တို့အတွက် အံ့သြဘွယ်ရာသက်သေနှင့် ကောင်းကျိုးရှိပါသည်။ ယနေ့ ကျွန်ုပ်တို့ ကိုယ်တော်ကိုခေါ်၍ ကိုယ်တော် မလာသေးပါက စိတ်မပျက်ပါနှင့်။ ကိုယ်တော်မလာသသင့်သေး၍ အချိန်မကျစေး၍ မလာခြင်းဖြစ်ပါသည်။ ထိုသို့မလာခြင်းမှာ သာ၍ကြီးသော ကျေးဇူးကို ပြုလို၍ဖြစ်ပါသည်။
Click Here for Whole Sermon

No comments: