
ဆရာဆိုးသည် စင်ကာပူတွင် ၂၀၀၉ ခုနှစ်တွင် ၂ကြိမ် လာရောက်သွားခဲ့ပါသည်။ ပထမအကြိမ်တွင် ယုဒသန်အသင်းတော်၌ အသင်းတော်ဥက္ကဌ မန်းသိန်းစီမှ စည်းရုံးပြီး .. ခရစ်ယာန် စာပေ ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ဆရာအောင်သက် (မင်းအောင်သက်လွင်) နှင့် တွဲပြီး ၂ညတိုင် ဟောပြောသွားခဲ့ပါသည်း။ စင်ကာပူတွင် ပထမဆုံးသော စာပေဟောပြောပွဲဖြစ်ပြီး လာရောက်နားထောင်သူ ၂၀၀ ကျော်ရှိပါသည်။ ဒုတိယအကြိမ် ရောက်လာသော နိုဝင်ဘာ ၂၀၀၉ တွင် စင်ကာပူမှ ခရစ်ယာန် မီဒီယာ ယုံကြည်သူများနှင့် တွေ့ဆုံရာမှ မုရန်နံ့သာ အမည်ရှိ မဂ္ဂဇင်းစာအုပ်ကို ခရစ်ယာန် စာရေးဆရာကြီး သံလျှင်ဖေသွင် မကွယ်လွန်ခင်က ထုတ်ဝေကြရန် အစီအစဉ်ရှိပါသည်။ ပြည်ပရောက် မြန်မာ ခရစ်ယာန် မီဒီယာ ၀ါသနာရှင်များက အင်တာနက်မဂ္ဂဇင်း လုပ်ဆောင်လျှင် သူလည်း မြန်မာပြည်မှ ဆောင်းပါးများ စုဆောင်း၊ပံ့ပိုး ကူညီသွားလိုပါသည် .. ဟု ဆန္ဒရှိသည်ဟု ပြောဆိုခဲ့ပါသည်။ ထို့ကြောင့် ယခု
http://murann.com/ မုရန်မဂ္ဂဇင်းကို ၂၀၁၀ ဇန္န၀ါရီလတွင် စတင်ဖြစ်ခဲ့ပါသည်။ ဆရာဆိုးသည် ညစဉ်ခွန်အား စာစောင်ကို ထုတ်ဝေနေပြီး၊ မြန်မာပြည်တွင် စာအရေးနိုင်ဆုံးသော ၀ါရင့် ခရစ်ယာန်စာပေ စာရေးဆရာ၊ အယ်ဒီတာ နှင့် ထုတ်ဝေသူဖြစ်ပါသည်။ ၂၀၀၉ တွင် မင်းအောင်သက်လွင်၊ သင်းအုပ်ဆရာကိုမေတ္တာ တို့နှင့် ပေါင်းပြီး စာအုပ် (
ထစ်ချုန်းသော မိုကြိုးသံ နှင့် ခရစ်စမတ် ၂၀၀၉) ၂အုပ်ကို ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။
Website:
http://www.murann.com/ezine/index.php
No comments:
Post a Comment