Monday, September 13, 2010

နို့နဲ့ပျားရည်စီးတဲ့နေရာ

အစ္စရေးလူမျိုး၊ ဂျူးဘာသာဝင် အခြေခံက Moses ရေးခဲ့တဲ့ ကျမ်းကြီး၅ကျမ်းပါ။ အရာရာကို ဘုရားဖန်ဆင်းတယ်လို့ အခြေခံနဲ့ရေးထားတဲ့ကျမ်းဖြစ်ပါတယ်။ ခရစ်ယန်တွေရဲ့ သမ္မာကျမ်းစာကို အဲဒီကျမ်းကနေ အခြေခံတယ်။ မူဆလင်တွေရဲ့ ကိုရမ်ကျမ်းစာကလည်း အဲဒီကျမ်းကိုအခြေခံတယ်။ ကျွန်တော်တို့ ချမ်းသာချင်ပါတယ်။ သို့သော်လည်း ချမ်းသာတဲ့လူတွေကျင့်ကြံနည်းကိုတော့ ကိုယ်မြင်သမျှ လိုက်လုပ်နေပေမဲ့၊ သူဌေးတွေရဲ့ စိတ်နေစိတ်ထားကို မမြင်ရတော့ သူတို့စိတ်ထားအတိုင်းလိုက်ဖို့ ဘယ်လွယ်ပါ့မလဲ။ သူတို့လုပ်ခဲ့တဲ့ အရာတွေ၊ နည်းလမ်းတွေကို ကြည့်ပြီး သူဌေးစိတ်နေစိတ်ထားကို မှန်းဆယူရတယ်။

အခုခေတ်မှာလည်း အာရပ်နဲ့အစ္စရေး
ဘယ်သူက ချမ်းသာသလဲကြည့်ပါ။ အစ္စရေးက ချမ်းသာကြောင်း လူတိုင်းလက်ခံမှာပါ။ အစ္စရေးလူမျိုးရဲ့ အစပထမ ယာကုပ် (Jacob) ဆိုတဲ့ လူ၊ လွန်ခဲ့သော နှစ်ပေါင်း၃၀၀၀လောက်က ပေါ်ခဲ့တယ်။ Moses မိုးဇတ်ဆိုတဲ့ (မောရှေ) မပေါ်ခင် အနှစ်၄၀၀လောက် စောပြီး အခုအစ္စရေးရှိနေတဲ့ နေရာမှာပဲ အဲဒီ ဦးယာကုပ် နေထိုင်ခဲ့ပါတယ်။ သား ၁၂ ယောက် မွေးဖွားခဲ့ပါတယ်။ ၁၁ ယောက်မြောက်သား ယောသပ် (Joseph) ဆိုသူကို အဖေဖြစ်သူ ဦးယာကုပ်က အရမ်းချစ်တယ်။ အိမ်မက်မှာ အဖေအမေ၊ ညီအစ်ကိုမောင်နှမတွေ အားလုံး သူ့ကိုဦးချနေကြတယ် ဆိုတာပြောပြတော့ အဖေကတော့ မပြောသင့်ဖူး ဆုံးမတယ်။ ကျန်တဲ့အစ်ကို ၁၀ယောက်က အဖေ့ကွယ်ရာမှာ မြေခွေးတွေရဲ့ကိုက်သတ်ခံရတယ်ဆိုပြီး သတ်ပစ်ဖို့ သဘောတူကြတယ်။ အကို အကြီးဆုံးက မလုပ်ပါနဲ့ကွာ ပြောပြီးသတ်ဖို့ တွင်းကြီးထဲပစ်ချထားတဲ့ ယောသပ်ကို အီဂျစ်နိုင်ငံဘက် ကုန်ကူးသွားတဲ့ အာရပ်တွေဆီ ကျွန်အဖြစ် ရောင်းစားပစ်လိုက်တယ်။ နောက်ဆုံးတော့ အိပ်မက်နိမိတ်ဖတ်နိုင်တဲ့ ယာကုတ်ဟာ အီဂျစ်ပြည်ရဲ့ ဒုတိယအကြီးဆုံး ဘုရင်ခံဖြစ်လာတဲ့ ဇတ်လမ်းပါ။ နောက်အနှစ်၄၀၀ကြာမှ အစ္စရေးတွေ လည်လည်ဝယ်ဝယ်နဲ့ စီးပွားရှာရင်း အရမ်းချမ်းသာလာတာကြောင့် နိုင်ငံတော်အာဏာရှိတဲ့ အီဂျစ်တွေက ဖမ်းချုပ်၊ ကျွန်လုပ်ပစ်လိုက်တယ်။ မောရှေက ကျွန်တွေ ယောင်္ကျားချည်းပဲ လူဦးရေ ၆သန်းကို လာကယ်ထုတ်ရာမှာ နောက်က အီဂျစ်စစ်သားတွေ လိုက်လာလို့ မြေထဲပင်လယ်ကို တောင်ဝှေးနဲ့ နှစ်ချမ်းကွဲစေပြီး အီဂျစ်စစ်သားများ သတ်ဖြတ်မှုက လွတ်မြောက်စေခဲ့တယ်။ဒါကတော့ အစ္စရေး ရာဇ၀င်အကြမ်းပေါ့။ပြောလိုတာက အစ္စရေးလူမျိုးများရဲ့ ဖခင် အဲဒီ ဦးယာကုတ်ဆိုတဲ့လူ ဘယ်လောက် လည်လည်ဝယ်ဝယ် လုပ်နိုင်သလဲဆိုတာ။ သခင့်စကားစာစောင် ၉နှစ်အထူးထုတ်က စိတ်နေစိတ်ထား ဆိုတဲ့ဆောင်းပါးမှာလည်း မင်းအောင်သက်လွင်က ရေးခဲ့တယ်။ အစ်ကိုအရင်း ဧသောရမဲ့ အဖေ့ဆီက ကောင်းကြီးမင်္ဂလာတွေ ယူသွားလို့ သတ်ခံရမှာစိုးပြီး ဦးလေးဆီ ထွက်ပြေးတယ်။ ဦးလေးဆီ ကျွန်ခံပြီး သမီး၂ယောက်ကို ယူတယ်၊ နောက်ဆုံး လည်လည်ဝယ်ဝယ်နဲ့ ဦးလေးရဲ့ ဥစ္စာပစ္စည်း သိုး၊ဆိတ်တွေ ကို ပိုင်အောင် အကြံအဖန်လုပ်တယ်။ ဦးလေးရဲ့သားများ (ယောက်ဖများ) က သတ်မယ်လုပ်တော့ ထွက်ပြေးပြီး အစ်ကိုအရင်းဆီ ပြန်လာတယ်။ ပြန်လာတော့လည်း အစ်ကိုကို ကြောက်လွန်းလို့ မယား၊သားသမီးတွေနဲ့ လက်ဆောင်တွေပေးပြီး အချိုသပ်တယ်။ Love Gift လား လတ်ဘ်လားမသိ။ အစ်ကိုကလည်း နောင်တရပြန်လာတဲ့ ညီကို မသတ်ရက်ပဲ လက်ခံခဲ့တယ်။ နှစ်အတော်ကြာလာတော့ ထုံးစံအတိုင်း လည်လည်ဝယ်ဝယ်နည်းနဲ့ လုပ်လာတော့ အစ်ကိုရှုံးသွားပြီး တခြားနေရာကို ထွက်သွားရရှာတယ်။... ဒါ .. ချမ်းသာသူများရဲ့ လုပ်ဆောင်ချက်တွေပါ။

Read More ... Click Here

No comments: