Tuesday, November 30, 2010

မျက်စိနဲ့မြင်ရမှ ကျေနပ်သောလူသားများ

ပိုလန်နိုင်ငံမှာ အကြီးဆုံးသော ယေရှုခရစ်ရုပ်ထုကြီး ၃၃မီတာ တည်ဆောက်နေတာ ပြီးသွားရင် ဘရားဇီးနိုင့်ငံ ရီအိုမြို့က ယေရှုခရစ်ရုပ်ထုထက် ပိုမြင့်သွားမယ်လို့ သိရပါတယ်။ ရုပ်ထုလုပ်ပြီး အောက်မေ့သတိရတတ်တဲ့ ဗုဒ္ဓဘာသာဝင်တွေမှာ တရုပ်၊မြန်မာတွေ ဆောက်လုပ်ထားတဲ့ ရု့ပ်တုကြီးတွေ အများကြီးပါ။ မြန်မာနိုင်ငံ မုံရွာမြို့အနီးက မကြာသေးမီ ဆောက်လုပ်ပြီးစီးသွားတဲ့ ဗုဒ္ဓရုပ်တုဆို ၁၃၂ မီတာမြင့်တယ်ဆိုတော့ ပိုလန်ယေရှုခရစ် ရုပ်ထုထက် အများကြီးပိုကြီးပါတယ်။ ဘာပဲဖြစ်ပစေ.. ခရစ်ယာန် (အထူးသဖြင့် ရိုမင်ကက်သလစ်) တွေက ရုပ်တုတွေ ပိုလုပ်ကြပါတယ်။

မိမိဘုရားကို ကောင်းမြတ်ကြောင်း ချီးမွှမ်းတဲ့အခါမှာ သူတပါးဘုရားကို ထိမိခိုက်မိ ဖြစ်အောင်ပြောတတ်သူများ သတိထားဖို့ဖြစ်ပါတယ်။ ခရစ်ယန် - ယုံကြည်သူတွေလည်း ရုပ်တုတွေ လုပ်တတ်ကြကြောင်းပါ။

No comments: