Saturday, March 5, 2011

ခရစ်ယာန် ပုံသက်သေပြ၊ လက်ဆောင်

ဝိညာဉ်ဆုကျေးဇူး

ဧ၀ံဂေလိသက်သေခံ၊ ဘုရားရှင်ကောင်းမြတ်ခြင်းများကို ပြောကြားရာတွင် ကြားနာခြင်းမှ စတင်ရန်ဖြစ်သည်။ ဘုရားကောင်းမြတ်ခြင်းများကို အားမနာတမ်း၊ မိတ်မပျက်ပဲ ပြောတတ်သောသူများကို လေးစား၊ အံ့သြမိပါသည်။ ကျွန်တော့်မှာ နှုတ်မှပြောပြဖို့ အားနည်းသောကြောင့် ပုံသက်သေပြခြင်း (စကားမပြောပဲ၊ ဧ၀ံဂေလိလုပ်ခြင်း) ကိုအားပေးလိုပါသည်။ ခရစ်တော်ကောင်းမြတ်ခြင်းကို ၁။ စကားမပြောပဲသက်သေခံခြင်း နှင့် ၂။ စကားနှင့်သက်သေခံခြင်း နှစ်မျိုးရှိပါသည်။ အထိရောက်ဆုံးမှာ စကားမပြောပဲသက်သေခံခြင်းဖြစ်ပါသည်။

ခရစ်တော်ကိုယုံကြည်သူအဖြစ် ပြောင်းလဲလာသူများကို ကြည့်ပါက၊ စကားမပြော ပုံသက်သေပြသူများကြောင့် ဖြစ်သည်။ခရစ်ယာန်တစ်ဦးနှင့်လက်ထပ်ယူသော မယုံကြည်သူတိုင်း ခရစ်တော်ကိုရရှိရန် ခဲယဉ်းပါသည်။ အိမ်ထောင်ဖက်ခရစ်ယာန်က လက်တွေ့တွင် ပုံသက်သေပြနိုင်ပါက အိမ်ထောင်ဖက်သည် ဘုရားရှင်မေတ္တာ ရသွားပါသည်။ ရှင်းရှင်းပြောရလျှင် မေတ္တာပြရန်မှာ စကားပြောရုံဖြင့်မရပါ။ စကားမပြောပဲ ပုံသက်သေပြမှဖြစ်ပါမည်။

ဖြစ်ရပ် (၁) 16-Sep-2005
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာဖြစ်သည်။ မြို့ထဲက ၁၀မိုင်ကျော်ဝေးသော ဒွိုက်ဆာကစ်ဆိုတဲ့ မြို့ငယ်လေးကို ကျွန်တော်တို့ဇနီးမောင်နှံ ဆိုင်ကယ်လေးတစ်စီးငှားပြီး၊ အပျော်ခရီးထွက်သည်။ ဆိုင်ကယ်မှောက်ပြီး ဇနီးသည်ခမြာ အပေါ်၎ပေလောက်လွင့်သွားတယ်။ ၁၀ပေလောက်နက်တဲ့ ရွံရေမြောင်ထဲကျသွားသည်။ ရွာသားများဝိုင်းဝန်းကူညီကြသည်။ ညည်းညူ၊ အတိတ်မေ့သွားတဲ့ ဇနီးသည်ကို ရွှံ့အိုင်ထဲမှ အကြာကြီးပြုစုပြီး၊ ကမ်းပေါ်ပြန်တင်တဲ့အချိန် ရွာသားများခေါ်ထားသော လူနာတင်ကား Ambulance အသင့်ရောက်နေပါပြီ။ မြို့နယ်ဆေးရုံလေးက ဆရာဝန်များစစ်ဆေးပြီး၊ ချင်းမိုင်မြို့၊ မက်ကောမစ် ခရစ်ယာန်ဆေးရုံတွင် ၃ရက်ကုသလိုက်ရသည်။ ဆိုင်ကယ်အငှားဆိုင် Insurance ဖြင့်၊ ဆေးဖိုးငွေ၊ ဆိုင်ကယ်ပျက်စီးငွေ ဘာမှမကုန်ပါ၊ ဇနီးသည် ပြန်လည်နေကောင်းလာခြင်းးအတွက် ကျေးဇူးတော်ချီးမွမ်းပါသည်။ ထိုင်းရွာသားများ ကောက်ယူပေးသော ပတ်စပို့၊ ပိုက်ဆံအိတ်၊ ခဲတံ၊ ဘောပင်၊ ရွံ့လူးနေတဲ့ ငွေစက္ကူများ၊ ဖိနပ်၊ ပစ္စည်းအစုံကို အားလုံးပြန်ရသည်။ မြန်မာလူမျိုး ဖားမ၊ ဖားမ လို့ ပြောသံကြားပေမဲ့လည်း ဒုက္ခရောက်သူ မြန်မာလူမျိုးကို ထိုင်းရွာသား၊ သူနာပြု၊ ဆရာဝန်အားလုံး ကူညီကြသည်မှာ အံ့သြစရာ။ ဇနီးသည် အတိတ်မေ့၁၂နာရီကြာကာလ၊ - မိတ်ဆွေမရှိ၊ ဘုရားရှင်ကိုသာဆုတောင်းခဲ့ရသည်။ အလည်အပတ်ခရီးစဉ်အဆုံး စင်ကာပူအိမ်သို့ ဇနီးသည် လက်ကျိုး၊ မျက်စိတဖက်ပတ်တီးစီး အသက်ရှင်ပြီး ပြန်ရောက်လာနိုင်ခဲ့သည်။ မက်ကောမစ်ဆေးရုံ၊ ထိုင်းဆရာဝန်ကို ကျေးဇူးတင်စကားပြောရာ You Help others ဟု ပြန်ပြောပြောပါသည်။ ထိုင်းနိုင်ငံတွင် အကူညီပေးခဲ့သော ကောင်းကင်တမန်များစွာနဲ့ တွေ့လိုက်သကဲ့သို့ ဖြစ်သည်။

ဖြစ်ရပ် (၂) 5-Oct-2005
ကျွန်တော်တို့ ဇနီးမောင်နှံ ဘရစ်စဘိန်းမြို့၊ အဝေးပြေးကားလမ်းမကြီးပေါ် ညသန်းကောင်အချိန် ၂နာရီခန့်မောင်းပြီး လိုရမရောက်ပဲ လမ်းမှားနေသည်။ ကားကို လမ်းဘယ်ကပ်ပြီးရပ်လိုက်သည်။ မိုင်ရာနှင့်ချီမောင်းနေသော အဝေးပြေး၊ ဆယ်ဘီးကားများ၊ ကွန်တိန်နာကားများက ကြောက်ခမန်းလိလိ တ၀ုန်းဝုန်းမြင်တွေ့ရသည်။ ကားကို မီးမှတ်တုတ်လုပ်ပြီး ရပ်ထားခြင်းမှာ အန္တရယ်များကြောင်းလှသည်။ မြေပုံကိုသာ အားကိုးရသောကြောင့် ကားရပ်ပြီးမှ မြေပုံကိုကြည့်ပါသည်။ လမ်းမှန်ကို မည်သို့မောင်းရမည်နည်း။ ဇနီးမောင်နှံနှစ်ယောက် မြေပုံကိုကြည့်နေစဉ်၊ အမိုးဖွင့်စလွန်းကားတစ်စီး အဝေးပြေးလမ်းမပေါ်တွင် တစ်ပတ်လည်သွားပြီး ကျွီကနဲ၊ ဘရိတ်အုပ်ရပ်သွားသည်။ ကျွန်တော်တို့ကားကို တိုက်မိနီးပါးဖြစ်သွားသည်။ ထိုကားမောင်းသမားသည် ရေရွတ်၊ဆဲဆိုပြီး ဆက်မောင်းသွားသည်။ ထိတ်လန့်စရာပင်။ ခဏကြာသော် စလွန်းကား ခပ်နွမ်းနွမ်းတစ်စီး ကျွန်တော်တို့ကားရှေ့ ကိုက်၅၀အကွာ ရပ်လိုက်သည်ကိုတွေ့ရသည်။ အရပ်ရှည်၊ ဥရောပလူမျိုးတစ်ဦး ဖြေးညှင်းစွာထွက်လာပြီး ကျွန်တော်တို့ကားထံ လာနေသည်။ သူ့မျက်နှာကိုအကဲခပ်ကြည့်ရာ လူကောင်းပုံစံပေါက်သည်။ ရှေ့ကားမှန် အနည်းငယ်ချပေးပြီး စကားပြောသည်။ သူက လမ်းမှန်ကို လိပ်စာနှင့်မြေပုံနှင့် ပြောပြသည်။ သူ့ကို အလွန်ကျေးဇူးတင်ကြောင်း စကားပြောစဉ် သူက စာရွက်ကလေးတစ်ရွက်ကို ပေးသည်။ ခင်ဗျားတို့ကားရပ်ထားတာ အကူညီလိုမှန်းသိလို့ လာကူညီတာပါ ဟု သူက ပြောသည်။ ခင်ဗျားတို့လည်း အကူညီလိုသူတွေ တွေ့ရင် ကူညီပေးကြပါ ..ဟု သူက ပြောပါသည်။ သူအား ကောင်းကင်တမန်လားဟု အောက်မေ့မိသည်။ သူပေးတဲ့စာရွက်တွင် ရေးထားသည်မှာ ...The Woodpeaker might have to Go!learn from Noah's Ark1. Don't miss the boat2. Remember that we are all in the same boad3. Plan ahead. It wasn't raining when Noh built Ark4. Stay fit when you'r 600 year old, 5. Don't listen to critics, just get on with the job6. Build your future on high ground7. For safety sake, travel in pairs8. Speed isn't always an advantage. The snails were on board with the cheetahs9. When you'r stressed, float a while10. Remember, the Ark was built by a amateurs11. No matter the storm, when you are with God. There's always rainbow waiting "Pass it to someone else"Spring wood Christian Churchinfo@springwood-aog.org.au

ဖြစ်ရပ် (၃) 10 April 2008
ဆန်ဖရန်စစ္စမြို့တွင် ကားငှားပြီး ဂိုးဒင်းဂိတ်တံတားကို ဇနီးမောင်နှံနှစ်ဦး၊ သွားရောက်ကြည့်ရှုကြသည်။ ဂိုးဒင်းဂိတ် တံတားအနားတွင် ကားရုတ်တရက် ရပ်သွားပါသည်။ စက်ပျက်သွားပြီးထင်ခဲ့သည်။ ကားငှားတဲ့ထံ လှမ်းခေါ်ရင် AAA အရေးပေါ်ဌာနမှ ကားကိုလာပြင်ပေးမည်။ ပြင်ခ ဒေါ်လာ၃ရာကျော်တောင်းမည်။ နာရီများစွာ စောင့်ဆိုင်းအချိန် ကုန်ရတော့မည်ကို တွေးပြီး အတော်စိတ်ပျက်မိသည်။ ထို့ကြောင့် မိမိဖာသာ ကားပြင်ဖို့ ကြိုးစားသည်။ မိတ်ဆွေ၊ ရင်းနှီးသူများရဲ့ တယ်လီဖုန်းနံပါတ်များကို ခေါ်ကြည့်ရာ၊ Please, leave your voice message ဟု ဖြစ်နေကြသည်။ အမေရိကားရောက် မြန်မာအများစုသည် အခမဲ့ပြောခွင့်ရသော ည၉နာရီမတိုင်မှီ ဖုန်းပိတ်ထားလေ့ရှိသည်။ ကားအင်ဂျင်ကိုဖွင့်ကြည့်၊ ကြိုးစား အဖြေရှာဖွေသည်။ လူတစ်ယောက်လာပြီး မေးမြန်းတယ်။ အမေရိကားတွင် ဒုက္ခရောက်သူကို လာမေးမြန်းခြင်း ရှားလှသည်။ သူက ဖြစ်နိုင်သော ကားချို့ယွင်းချက်များကို ပြောပြသည်။ ပြီးတော့ သူ့အကူအညီနဲ့ လမ်းလည်တွင်ရပ်နေသော ကားကို ဘေးကင်းသည့်၊ လမ်းဘေးတွန်းပြီး ပြောင်းရွှေ့လိုက်သည်။ ကူညီသူလည်း ထွက်သွားပြီး ကျွန်တော်တို့သာ ကျန်ရစ်တယ်။ ကားပြန်ပြင်ဖို့ နာရီဝက်ခန့် ခေါင်းခြောက်အောင်စဉ်းစားရင်း၊ နောက်ဆုံး ဓါတ်ဆီတိုင်ကီ ဆီကုန်နေသည် တွေ့ရပါသည်။ သြော် .. ကားအင်ဂျင်အပူချိန်မီတာ နှင့် ဓါတ်ဆီမီတာတို့ကို မှားကြည့်မိသော ကျွန်တော့ရဲ့အပြစ်ဖြစ်သည်။ တော်သေးသည်။ အဖြေရပြီ။ သွားလာနေသော ကားများကို တားပြီး၊ ဓါတ်ဆီအကူအညီတောင်းရာ နာရီဝက် ကြာသွားသည်။ ရပ်မပေးကြပါ။ လူတိုင်း None of my business နဲ့ ဂရုမစိုက်ကြပါ။ ထရပ်ကားမောင်းသူ စက်ပြင်ပုံစံ လူတစ်ဦးကတော့ ရပ်ပေးတယ်။ ဆီအပိုပါရင် ကူညီဖို့ပြောရာ သူ့ကားမှ ၂ဂါလန် ဓါတ်ဆီပုံးတစ်ခုကို မယူလာပြီး၊ မီတာ၄၀၀ အဝေးက ကျွန်တော့ကားဆီ ယူလာပြီး၊ အကုန်ထည့်ပေးသွားသည်။ ဆီတစ်ဂါလံ US$5.00 ခန့် ဈေးတက်နေချိန်ဖြစ်သည်။ ကျေးဇူးတင်လွန်းပြီး ဆီဖိုးပေးချင်လို့ပါ ပြောကာ .. US$20 တစ်ရွက်ထုတ်ပေးတယ်။ သူက It is helping. As a return, you help other needy people. လို့ပြောတယ်။ Thank You. Please, give me your address ဟုစာအုပ်ထိုးပေးရာ၊ သူလိပ်စာ ရေးပေးသွားတယ်။ You want to send a postcard? It is ok.. ဟု ပြောသွားပါသည်။

*****************

ထိုဖြစ်ရပ် (၃)ခုသည် ရိုးစင်းလှပါသည်။ မိမိကို အခမဲ့ကူညီပေးသူအား ကျေးဇူးဆပ်နည်းမှာ၊ မိမိက အခြားလိုအပ်သူများကို ကူညီပေးခြင်း ဖြစ်ပါသည်။ ထိုဖြစ်ရပ်များကို ကျွန်တော် မကြာခဏသတိရ ကြည်နူးမိပါသည်။ အခက်အခဲဖြစ်နေချိန် မျက်စိ၊နားကိုဖွင့်၊ မခြားမလပ်ဆုတောင်းခြင်းအားဖြင့် ဘုရားရှင်ကွယ်ကာစောင့်ရှောက်ခံရပါသည်။

ဝိညာဉ်ရေးလက်ဆောင် ၀ိညာဉ်ဆုကျေးဇူးများ။ 1 Corinthians 12, Romans 12, and Ephesians 4. ဘုရားနှင့်အတူသွားလာသူများမှာ မင်္ဂလာတရား ၉ပါး (မဿဲ ၅ ၃ -၁၂) ရှိကြသည်။ ဂလာတိ ၅း ၂၂ တွင် ဝိညာဉ် ပကတိ၏အကျိုးမူကား၊ "ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း" ဟု ဖေါ်ပြထားသည်။ ထိုသို့သော အကျင့် ကိုအဘယ်တရားမျှမမြစ်တား။ ဖေါ်ပြထားသည်။ ထိုသူတို့သည် ၀ိညာဉ်ခွန်အား ကြီးကြသည်။ မိမိတွင် ရှိမှသာ သူ့တပါးကို ပေးနိုင်သည်။ ပေးကမ်းခြင်းအမျိုးစုံတွင် ၀ိညာဉ်လက်ဆောင်သည် မင်္ဂလာအရှိဆုံးဖြစ်သည်။ ဘုရားရှင်ကို ရိုသေ၊လေးစား၊ ချီမွမ်း၊ အားကိုးသူများသာ မင်္ဂလာတရား၉ပါးနှင့်ပြည့်စုံသည်။ ကျွန်ုပ်မှာ မပြည့်စုံပါ။ အမြဲဆုတောင်းလုပ်ဆောင် နေပါသည်။

လူတစ်ဦးက ကျွန်ုပ်ထံမှ ခရစ်ယာန်ပုံသက်သေတစ်ခု လက်ဆောင်တောင်းခံလာရင် ဘာပေးမည်နည်း။ ခရစ်ယာန်အချို့သည် လက်ဝါးကပ်တိုင်ပုံပါသော ဆွဲကြိုး၊ နားဆွဲ၊ အင်္ကျီ၊ ဦးထုပ်တံဆပ်များ၊ ကားမှန်၊ လက်ဆွဲအိတ်များ .. ကိုင်ဆောင်ကာ ခရစ်တော်နဲ့ အတူရှိခြင်း သက်သေထူကြသည်။ ကောင်းပါသည်။ လက်ဝါးကပ်တိုင်တံဆိပ်အားဖြင့်၎င်း (သို့မဟုတ်) အခြားတနည်းနည်းနဲ့ ကျွန်ုပ်ကိုခရစ်ယာန်မှန်း သိသွားပြီး၊ တစ်စုံတစ်ခု ပေးဖို့ တောင်းံလာရင် ဘယ်လိုတုံ့ပြန်မည်နည်း။ ဧ၀ံဂေလိတရားကိုပဲ ဟောပြောလိုက်မည်လော...။ သို့မဟုတ် လက်ဝါးကပ်တိုင်တံဆိပ်ကို ဖြုတ်ပေးမည်လော။ သို့မဟုတ် သူကို ပေးလိုက်ဖို့ သင့်မှာ ဝေစာရွက်၊ ယေရှုလိပ်စာကပ် များရှိနေဖို့လိုမည်လော။ ရွင်လန်း၊ ၀မ်းမြောက်စွာနဲ့ နှင့် ယေရှုမေတ္တာပြမည်လော။ ဇော်အောင်

Spiritual Gift Analysis 108 Questionshttp://www.churchgrowth.org/cgi-cg/gifts.cgi

No comments: