Thursday, March 17, 2011

ဆရာဦးအောင်သက်ညွန့် တရားဒေသနာ (ဆန်ဖရန်စစ္စကို)

Mar 6, 2011 ဆန်ဖရန်စစ္စကိုတွင် ဆရာဦးအောင်သက်ညွန့် ရောက်ရှိ တရားဒေသနာဝေငှသွားပါသည်။ ဇနီးဒေါ်ခင်နှင်းဝေမှ သီဆိုချီးမွမ်းသွားသည်။

ကျမ်းပိုဒ်များ၊ ၁ကော ၁၁း၂၆ သခင်ဘုရား ကြွလာတော်မမူမှီတိုင်အောင် ပြသကြသည်။

ခရစ်တော်သာသနာ့အကျိုးဆောာင်သူများသည် အိမ်ထောင်နှင့်အသင်းတော် ၂ခုကို အဓိကထားကြသည်။ ကွာရှင်းမှုများပြားလာသော အချိန်တွင် ဇနီးမောင်နှံအတွက် ဆောင်ရမည့်အချက်များမှာ သမ္မာကျမ်း အတိုင်းလိုက်လျှောက်ရန်ဖြစ်သည်။ အမျိုးသမီးများ တစ်နေ့ စကားလုံး ၂သောင်းခွဲ ပြောသည်ဟု ဆိုသည်။ အမျိုးသားများက ဒီကနေ့ စကားလုံးမပြည့်သေးဟု မှတ်ယူ နားထောင်ပေးရန်လိုသလို၊ ယောင်္ကျားများ“ အငြင်းသန်ခြင်း အမျက်ထွက်တတ်ခြင်းများကို အမျိုးသမီးများက ဆုတောင်းရအောင် ဟု ဖြောင်းဖျပြောဆိုသင့်သည်။ အိမ်ထောင်သည် အရေးကြီးသည်။

အသင်းတော်ကို ခရစ်တော် အုတ်မြစ်ချ တည်ထောင်ခဲ့ပြီး၊ ကနဦးခရစ်ယာန်များမှ အဆက်ဆက် ပျိုးထောင်လာကြသည်။ အသင်းတော်တွင်း၊ အသင်းတော်ကြီးထွားရေးအတွက် ဆရာများက အားပေး၊ ဝေငှကြရမည်။ အသင်းတော်တွင်း ဒွိဟမဖြစ်ရန် ဆုတောင်းလုပ်ဆောင်ရမည်။ သင်းအုပ်သည် သိုးထိန်းဟုလည်း ခေါ်ကြသောကြောင့် အရေးကြီးလှသည်။ အသင်းတော်ကောင်စီမှလည်း သင်းအုပ်အတွက် ဆုတောင်းပဌနာများ လုပ်ပေးခြင်းဖြင့် သင်းအုပ်နှင့်အသင်းတော်ကောင်စီ ညီညွတ်စွာ အသင်းတော်အတွက် ဘုန်းတော်ထင်ရှားစေရမည်။ သင်းအုပ်သည် ၀ိညာဉ်ရေး ခေါင်းဆောင်ဖြစ်သောကြောင့် သင်းအုပ်သည် ၀ိညာဉ်ရေးကြီး ဝေငှသော ဆရာဖြစ်သည်။ သင်းအုပ်အတွက် လိုအပ်သော ကျန်းမာရေး၊ လူမူရေးများတွင်လည်း အသင်းတော်ကောင်စီနှင့်အသင်းသားများက ဆုတောင်း၊ ကြည့်ရှုကြရသည်။

ဝိညာဉ်ရေးရင့်ကျက်သူများ ဆာလံဆရာသည် အိပ်မပျော်ပါက အိပ်ယာပေါ်တွင် ကိုယ်တော်ကို အောက်မေ့၊ ချီးမွမ်းသည်ဟု ရေးထားပါသည်။ အချို့မှာ အိပ်မပျော်ပါက ကျမ်းစာဖတ်ရင်း ဘုရားစကားကို နားထောင်ကြသည်။

ဥပမာ .. ရယ်ရွှင်ဖွယ်တစ်ခု
မိမိအသင်းတော်၊ သင်းအုပ်အတွက်လည်း ငွေကြေးထောက်ပံရန်လိုသည်။ တစ်ခါက အမေရိကားတွင် ဒေါ်လာ သန်း၆၀ ထီပေါက်သော ဇနီးသည်က သင်းအုပ်ဆရာထံသို့ လာသည်။ သူယောင်္ကျားသည် အသက်ကြီးပြီး နှလုံးရောဂါရှိသောသူဖြစ်သောကြောင့် သန်း၆၀ထီပေါက်ကြောင်းသိလျှင် နှလုံးရောဂါဖြင့် သေသွားနိုင်ကြောင်း၊ သင်းအုပ်ဆရာမှ မသိမသာနှင့် ထီပေါက်ကြောင်းကို ပြောပေးစေလိုကြောင်း အကူညီတောင်းလာသည်။ သင်းအုပ်ကလည်း ပြင်ဆင်ပြီး သွားပြောသည်။ ယောင်္ကျားဖြစ်သူအား "အကယ်၍ ခင်ဗျား - တကယ်မဟုတ်ဘူးနော်၊ ထီ ဒေါ်လာ သန်း၆၀ ပေါက်ရင် ဘာလုပ်မလဲ၊" ဟုမေးရာ၊ ထိုလူက မဆိုင်းမတွပင် ဆရာ့အတွက် ၁၀ဖို့တစ်ဖို့ အရင်ပေးလိုက်မှာပေါ့ .. ဟု ဖြေလိုက်ရာ၊ ဆယ်ဖို့တစ်ဖို့ ဒေါ်လာ ၆သန်းကို ရရှိသွားသော သင်းအုပ်ဆရာမှာ စကားပင်မပြောနိုင်တော့ပဲ .. လဲကျသေဆုံးသွားလေသည် ..။

သာဓုသစ္စာရှိသောငယ်သားကောင်းများဖြစ်ရန်နှင့် ကောင်းကြီးမင်္ဂလာကြွယ်ဝစေပါစေ .. ဟု ဒေသနာကို အဆုံးသတ်ပါသည်။

မှတ်ချက်။ ဆန်ဖရန်စစ္စကို FBBC အသင်းတော်မှ သင်းအုပ် Rev. Dr. လတ်ယေရှဲ ပေးပို့သော အင်းတာနက်တရားဒေသနာ ဗွီဒီယိုကို အကျဉ်းရေးသားခြင်းသာ ဖြစ်ပါသည်။


Sermon Link
http://blip.tv/file/4889600


ရောင်စုံသစ်ပင်များရှုခင်း ...၃၆၀ ဒီဂရီ ဓါတ်ပုံ http://www.utah3d.net/panoramas/PaysonC_swf.html

No comments: