Saturday, April 23, 2011

အမေရိကန်ထောင်ကျသူများ

ဗဟုသုတရေးရာ
ကျွန်တော် ဆန်ဖရန်စစ္စကိုရောက်စဉ်က အမေရိကားကို မြန်မာ၊ဟွန်ဒူရပ်စ်၊ ဂွာတီမာလာ၊ မက္ကဆီကို ကတဆင့် နယ်စပ်ဖြက်ကျော်လာတဲ့ မြန်မာဇနီးမောင်နှံ၂ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ ခရီးစဉ်ကတော့ အံ့သြစရာဖြစ်ပေမဲ့ မြန်မာများစွာ ဒီလမ်းခရီးနဲ့ အမေရိကားကို ရောက်ခဲ့ကြပြီးဖြစ်ပါတယ်။ မက္ကဆီကို လူမျိုး ၁၀သန်းကျော် တရားမ၀င် အမေရိကားမှာ အလုပ်လုပ်နေကြတာ ဒီလမ်းခရီးနဲ့ပဲ အမေရိကားကို ၀င်လာကြတာပါ။ ဒီလိုနည်းလမ်းနဲ့ ၀င်လာသူများ အမေရိကန်ပိုင်နက်ထဲ ရောက်သွားရင် အစိုးရက ဖမ်းပြီးပြန်ပို့ခြင်းမလုပ်တော့ပါဘူး။ ရာဇ၀တ်မှုလုပ်မှပဲ ဖမ်းပါတယ်။ ပြန်ပို့ခြင်း Deport ကိုတော့ လုံးဝမလုပ်ပါဘူး။ အခု ၂၀၀၈နောက်ပိုင်းမှာ ဖမ်းထားလို့ ထောင်ထဲနေရတာ ကြာတော့ စိတ်ပျက်ပြီး ပြန်ချင်အောင်လုပ်တယ်။ ကိုယ့်စားရိတ် (လေယာဉ်စရိတ်) ပေးနိုင်ရင် ပြန်ပို့ပေးတယ် သိရပါတယ်။ မြန်မာများကတော့ မက္ကဆီကိုကနေ အမေရိကန် တက္ကဆပ်ပြည်နယ်ထဲ ၀င်လိုက်တာနဲ့ အင်မီဂရေးရှင်းကို သွားပြီး အဖမ်းခံလိုက်တယ်။ ပြီးမှ အာမခံ ဒေါ်လာ၅ထောင်ပေးပြီး ထွက်တယ်။ နောက်တော့ မြန်မာပြည်မှာ နေထိုင်ခက်ခဲလွန်းလို့ အမေရိကန်ကို အားကိုးတကြီးလာခဲ့တာပါ ဆိုပြီး ခိုလှုံခွင့်တောင်းတယ်။ တစ်နှစ်လောက်အကြာမှာ ခိုလှုံခွင့်ရတယ်ပေါ့။ အင်မတန် ခက်ခဲတဲ့ အမေရိကန်သို့ ဗီဇာမရှိပဲ ၀င်တဲ့နည်းလမ်း ခရီးစဉ်ပါ။ ခိုလှုံခွင့်တောင်နည်းတွေတော့ အများကြီးရှိပါတယ်။ ကျွန်တော် ဗုဒ္ဓဘာသာ၊ အစ္စလမ်၊ ခရစ်ယန်ပါ။ မြန်မာနိုင်ငံမှာ ဘာသာရေးနှိပ်ကွပ်မှု ကြီးထွားလို့ နေလို့မရတာကြောင့် .. ဘာညာ ..နဲ့ ဘောင်အတွင်းဝင်အောင် ကြံဖန်၊လျှောက်ထားရပါတယ်။

အမေရိကန်နိုင်ငံက မစ္စဘာဘရာဆူလေဗန် ဆိုတဲ့ အသက်၆၀ အရွယ် လူမှုရေးလုပ်တဲ့ အမျိုးသမီးနဲ့ စကားပြောရင်း ဘာကြောင့် အမေရိကားမှာ စီးပွားရေးကပ်ဖြစ်ရသလဲ မေးကြည့်တယ်။ ကျွန်တော်ကတော့ စစ်စရိတ်ထောင်းလို့ ဖြစ်ရတယ်ထင်မိတယ်။ ဒီအမေရိကန်အမျိုးသမီးကြီးကတော့ ထောင်စရိတ်ထောင်းလို့ ဖြစ်ရတယ် ပြောတယ်။ ဒါလဲ ဟုတ်နိုင်ပါတယ်။ ၂၀၀၈ ၀ီကီပီဒီယာ မှာရေးထားတာကတော့ အမေရိကန် ထောင်သားပေါင်း ၂သန်းကျော်ကို ကျွေးမွေး၊ စောင့်ထိန်းစရိတ် ၂၀၀၆ မှာ ၆၈ ဘီလျှံ ရှိတယ်ဆိုပါတယ်။ စရိတ်ကတော့ လူတစ်ယောက် တစ်နေ့ US$68 နှုန်းကျသင့်တယ်လို့ ရေးထားပါတယ်။

us.prison.population.increase.2010.wikipedia.pdf
ဆက်လက်ဖတ်ရန် (Click Here)

No comments: