Friday, May 20, 2011

မိမိနှင့် အခြားသူနဲ့ မနှိုင်းယှဉ်ခိုင်းပါ

ယှဉ်ပြိုင်ခြင်း နှင့် အခြားသူများ လိုချင်သည့် ပုံစံအတိုင်း ဘ၀ခရီးလှမ်းခြင်း

မနေ့က ကျွန်တော် တစ်ခု သတိပြုမိတယ်။ အဲဒါက ဘာလဲဆိုတော့ နတ်ဆိုးဟာ မိတ်ဆွေရဲ့ ဘ၀၊ အလုပ်အကိုင်၊ မိသားစုခရီးမှာ ၀မ်းမြောက်ခြင်းကို ခိုးယူဖို့ ကြိုးစားနေတာပါပဲ။ နတ်ဆိုးသုံးတဲ့ နည်းတစ်နည်းကတော့ မိတ်ဆွေရဲ့ ဘ၀၊အလုပ်အကိုင်၊ မိသားစုခရီ လုပ်ရပ်ကို အခြားသူများရဲ့ လုပ်ရပ်များနဲ့ ယှဉ်ပြိုင်လိုစိတ်ကို မွေးပေးမယ်။ နောက်တစ်နည်းကတော့ အခြားသူများရဲ့ လိုချင်တဲ့ ပုံစံအတိုင်း လုပ်ဖို့ ဖျားယောင်းလိမ့်မယ်။ ဒီနည်းနှစ်နည်းလုံးဟာ နတ်ဆိုးရဲ့ သေမင်းထောင်ချောက်တွေဖြစ်ပြီး မိတ်ဆွေအတွက် ရည်ရွယ်ထားတဲ့ ဘ၀ကံတရား or (ဘုရားသခင် ကောင်းမြတ်စေခြင်း) လမ်းကြောင်းကို သွေဖည်သွားစေမဲ့ အရာများ ဖြစ်ပါတယ်။

ဘယ်ဘာသာတရားမဆို ကျွန်တော်တို့ကို အခြားသူများနဲ့ ယှဉ်ပြိုင် မနှိုင်းယှဉ်ကြဖို့ သတိပေးထားပါတယ်။

"Do your own work well, and then you will have something to be proud of. But don't compare yourself with others." (Galatians 6:4)

မိတ်ဆွေရဲ့ လုပ်ရပ်ပုံစံကနေ့ ရလာတဲ့ အသီးအပွင့်တွေကို အခြားသူနဲ့ မနှိုင်းယှဉ်ခိုင်းတာ အကြောင်းကြီး နှစ်ရပ် ရှိပါတယ်။

ပထမ တစ်ရပ်ကတော့ - မိတ်ဆွေထက် သာလွန်တဲ့ လူတစ်ယောက်ကို မိတ်ဆွေ မတွေ့ပဲ မနေပါဘူး။ အဲဒီအခါမှာ ယှဉ်ပြိုင်စိတ် မွေးလိုက်ရင် စိတ်ဓါတ်ကျစရာ ဖြစ်လာလိမ့်မယ်။
ဒုတိယ တစ်ရပ်ကတော့ - မိတ်ဆွေထက် ညံ့ဖျင်းတဲ့ အခြားလူတစ်ယောက်ကိုလည်း တွေ့ဦးမှာပဲ။ ယှဉ်ပြိုင်စိတ်ကလေး မွေးလိုက်ရင် ကိုယ့်ကိုကိုယ် ဘ၀င်မြင့်စရာ ဖြစ်လာလိမ့်မယ်။

စိတ်ဓါတ်ကျရင်ပဲ ဖြစ်ဖြစ်၊ ဘ၀င်မြင့်ရင်ပဲ ဖြစ်ဖြစ်၊ မိတ်ဆွေရဲ့ ဘ၀ခရီး လမ်းကြောင်းမှန်ကို ရပ်တန့်သွားစေနိုင်ပါတယ်။

ဓမ္မသစ်ကျမ်းစာများစွာ ရေးသားခဲ့သူ ရှင်ပေါလုကလည်း မိမိကိုယ်ကို သူများနဲ့ နှိုင်းယှဉ်ခြင်းဟာ မိုက်မဲရာကျကြောင်း ဆိုပါတယ်။ သူက ဘာပြောသလဲ ဆိုရင်

"In all this comparing and grading and competing, they quite miss the point." (2 Corinthians 10:12b)

မိတ်ဆွေရဲ့ ဘ၀၊ အလုပ်အကိုင်၊ မိသားစုခရီး လုပ်ရပ်ပုံစံကို နားမလည် နိုင်ပဲ ဝေဖန်ပြစ်တင်တဲ့ လူတစ်ချို့ ကို မိတ်ဆွေ တွေ့ ကြုံရမှာပါပဲ။ သူတို့ က သူတို့လိုချင်တဲ့ ပုံစံထဲကို မိတ်ဆွေကို ဆွဲသွင်းကြလိမ့်မယ်။ ဂရုမစိုက်ပါနဲ့။

ရှင်ပေါလုကိုယ်တိုင်လည်း ဝေဖန်သူ တစ်ချို့ နဲ့ ကြုံတွေ့ ခဲ့ရပါတယ်။ သူရဲ့ တုန့်ပြန်ချက်ကတော့ အမြဲတမ်း အတူတူပါပဲ။ ယှဉ်ပြိုင်တာတွေကို ရှောင်ကျဉ်တယ်။ ပုံကြီးချဲ့  ပြောတာတွေကို တွန်းလှန်တယ်။

Pilgrims Progress စာအုပ်ကို ရေးတဲ့ စာရေးဆရာ John Bunyan က ဘာပြောသလဲဆိုရင်

”လူတွေ ဘယ်လောက် ချီးမွမ်းနေပါစေ အကျိုးမရှိဘူး ဆိုရင် ငါ့ဘ၀ဟာ အလကားပဲ။ လူတွေ ဘယ်လောက် ကဲ့ရဲ့ နေပါစေ အကျိုးရှိရင် တော့ ငါ့ဘ၀ဟာ တန်ဖိုးရှိတယ်။”

Don't compare or conform your shape to others
by Rick Warren ဆီလျှော်အောင် (မယုံကြည်သူများအတွက်) ဘာသာပြန်သည်။
Reference Link: Click Here

No comments: