Thursday, May 19, 2011

Karenni song - ပြာဖုံးမီး

ပန်းတစ်ပွင့်ရဲ့ ရပ်တည်မှုဟာ
မီးခဲကြားမှာ မဖြစ်နိုင်ဘူးလေ
ရေလောင်း ပေါင်းသင်မှု
ပြုစုမှ ပန်းတွေပွင့်လန်းနိုင်မယ်

အို လအရိပ်ဟာ အေးမြလွန်းတယ်
သဘာဝတရားရဲ ပေးဝေမှုလေ
တိမ်မဲ အမိုက်မှောင်များ ဖုန်းထားရင်
ကြောက်စရာညဖြစ်နေမယ်

အဖြူရောင်ပေါ် အနီရောင်တွေစွန်း
အတွေးအခေါ်တွေ ဓါးမိုးထားတိုင်း
ဖြစ်နိုင်မယ်ထင်သလား

လေလာရင် ပြာတွေစင်လွင့်
မီးခဲတွေ တဖြေးဖြေးရဲနီ
သက်ဆိုးမရှည်ဖူး

ခဏလေးတော့ ငုံနေလိမ့်မယ်
တနေ့ကြရင်တော့ ပေါက်ကွဲဦးမှာပဲ
ခဏလေးတော့ ငုံနေလိမ့်မယ်
တနေ့ကြရင်တော့ ပေါက်ကွဲဦးမှာပဲ

http://www.youtube.com/watch?v=a5PzHUw6OIE&feature=youtu.be

No comments: