Sunday, June 5, 2011

ကျွန်တော်တို့က ပျဉ်းမနား (အခု နေပြည်တော် ဒေသ) မှာ အလုပ်လုပ်ခဲ့သူတွေပဲ

ကိုအေးငြိမ်း
စာတွေ မြောက်များစွာရေးနိုင်ပြီး စာအုပ်တွေလည်း ထုတ်ဝေနိုင်တာကို လေးစားဂုဏ်ယူပါတယ်။

ကျွန်တော်တို့က ပျဉ်းမနား (အခု နေပြည်တော် ဒေသ) မှာ အလုပ်လုပ်ခဲ့သူတွေပဲ။ ဆရာအေးငြိမ်း၊ ဆရာမအေးအေး တို့ကတော့ ရေဇင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ကျွန်တော်ကတော့ ပျဉ်းမနားသကြားစက်ရုံ (၁၉၈၆-၁၉၉၀)။

ကျွန်တော်ရေးခဲ့သော ခရီးသွားဆောင်းပါးပေါင်းချုပ် .. ငွေအကုန်ကျများ၍ စာအုပ်အဖြစ် မရောက်သေးပါ။
http://www.scribd.com/doc/48270726/Tour-oversea-burmese


USA တနှစ်တာ ဘလောက်မှာရေးခဲ့တာတွေထဲက အချို့ကို Attach လုပ်ပေးလိုက်ပါတယ်။ အထူးသဖြင့် စာမျက်နှာ ၅၁ - ၅၉ Page 51-59 မှာ ကားမောင်းတဲ့အကြောင်းနည်းနည်းရေးထားပါတယ်။ မလေးရှားမှာ ကားတ၀ီဝီမောင်းတဲ့ ဆရာမတို့ ဖနီးမောင်နှံကတော့ မလေးရှား ဂျပိုးဖြစ်လို့၊ ကားမောင်း အတွေ့အကြုံ အများကြီးရှိမှာပါ။
http://murann.com/documents/usa.10.month.in.2008.some.pages.of.300p.pdf

ရေးတဲ့စတိုင်က ဆရာလုပ်ချင်တဲ့ပုံစံရှိပေမဲ့ စာရေးသူတို့ထုံးစံအတိုင်း စေတနာဗလပွနဲ့ရေးလိုက်တာကြောင့် အမှားတွေပါမှာပါ။ ပါတဲ့ အမှားတွေကိုလည်း ကျွန်တော့်ကို မသိသောသူများ၊ ကျွန်တော့်ကို နားလည်မယ် မျှော်လင့်ပါကြောင်း...

ဇော်အောင် (မုံရွာ)

No comments: