Thursday, July 28, 2011

"အန္တိအုတ်မြို့ သို့သာသနာပြုခြင်း:" (Mission To Antoich) - ဆရာမ၀င်နီ

Antoich Mission ရဲ့ အောင်မြင်မှုအဓိက သော့ချက်(၃)ခုကို တွေ့ရပါတယ်။

1. "Christ can cross all boundaries and unify all people" ဆိုတဲ့ ခံယူချက်ပေါ်မှာ သက်ရှင်လှုပ်ရှားခဲ့တဲ့အတွက် ဖြစ်ပါတယ်။ (၁)ရာစု ယုံကြည်သူများဟာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ လူမျိုး၊ ဘာသာစကား အတားအဆီးတွေကို ကျော်ဖြက်ထိုးဖေါက်ပြီး Gentile ဆိုတဲ့ တပါးအမျိုးသားတွေကိုသာ သာသနာပြုခဲ့ကြပါတယ်။ ထို့ကြောင့် Antoich အသင်းတော်ဟာ ထူးခြားတဲ့ သာသနာပြုစိတ်ဓါတ်ရှိတဲ့ အသင်းတော် ဖြစ်ပြီး World Wide Mission လို့ခေါ်တဲ့ ကမ္ဘာ့သာသနာပြုလုပ်ငန်းကို မွေးဖွားပေးခဲ့တဲ့ အသင်းတော် ဖြစ်လာပါတယ်။
2. Antoich အသင်းတော်ရဲ့ သာသာနာပြုလုပ်ငန်း အောင်မြင်တဲ့ ဒုတိယအချက်သော့ချက် (တမန်တော် ၁၁း၂၆) မှာ တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသော ခေါ်ဝေါသမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံယူခဲ့ကြ၏ ဟု ဖော်ပြထားပါတယ်။ "The principles were called christian first at Antoich". ဘာကြောင့်လဲ ? ယုံကြည်သူအားလုံးဟာ ခရစ်တော်ကဲ့သို့ အသက်ရှင်ကြတဲ့အတွက် ဖြစ်ပါတယ်။ ခရစ်တော်ကဲ့သို့ စိတ်ဓါတ်၊ ခရစ်တော်ကဲ့သို့ ပေါင်းသင်းဆက်ဆံနေထိုင်ပြီး၊ အစေခံတတ်တဲ့ စိတ်ဓါတ်အပြုအမူကြောင့် ခရစ်တော်နောက်လိုက်များ ခရစ်ယာန် (Christian) ဟု ခေါ်ခံခဲ့ရတာဖြစ်ပါတယ်။
3. Antoich အသင်းတော်ရဲ့ သာသနာလုပ်ငန်းအောင်မြင်တဲ့ တတိယသော့ချက်ဟာ ပေးကမ်းစွန့်ကြဲတတ်တဲ့ စေတနာစိတ်ရှိခြင်းဖြစ်ပါတယ်။ (AD 41-45) ရောမဧကရာဇ်မင်း Claudius လက်ထက်မှာ အစာခေါင်းပါးခြင်းဘေးနဲ့ Jeruslem အသင်းတော် ကြုံတွေ့ခဲ့ပါတယ်။ ဒီအချိန်မှာ Antoich အသင်းတော်က မိခင်အသင်းတော်ဖြစ်တဲ့ Jeruslem အသင်းတော်ကို မြောက်များစွာ ထောက်ပံခဲ့ပါတယ်။ ပေးကမ်းကူညီတတ်တဲ့ အသင်းတော်ဖြစ်ပါတယ်။
အမှုတော်မြတ်၌
Rev. Dr. Winnie Zan Hta
မလေးရှား၊ ကေအယ်မြို့၊ မြန်မာမိတ်သဟာရ (၂၀)နှစ်မြောက်စာစောင်မှဖော်ပြပါသည်။ (လင့်ခ်)

No comments: