Monday, August 15, 2011

မြန်မာပြည်ပြန်လိုသော ပြည်ပရောက်မြန်မာများ (စင်ကာပူ)

ကျွန်တော်တို့ ခရစ်ယာန်တွေရဲ့ ငွေကြေးဆိုင်ရာသွန်သင်ချက်ကတော့ ငွေသည်ဘုရားပေးသောပစ္စည်းဖြစ်သည်။ ၁၀၀% ဘုရားပိုင်သည်။ ဘုရားဥစ္စာပစ္စည်းကို အထူးဂရုပြုသုံးစွဲရမည်။ ဘုရားပိုင်ငွေ (ဂေါပဂပိုင်ငွေ) ကဲ့သို့သော မိမိပိုင်ဆိုင်မှု၊၀င်ငွေများကို မဆင်မချင်သုံးစွဲသူများအား ဘုရားမနှစ်မြို့ပါ ...

ကျေးဇူးတင်ပါတယ်။ ဇနီးမောင်နှံ နားလည်မှုရဖို့ နံပါတ်တစ်ပါ။ ပြသနာတွေ သိပ်မစဉ်းစားပဲ ဘုရားထံအပ်နှံရင် အကောင်းဆုံးပါ။ ချင်းမိုင်မှာ အိမ်မြေယာ အကြွေးနဲ့ Installment ၀ယ်လို့ရတယ်။ ရေမီး၊ ပတ်ဝန်းကျင် အရမ်းကောင်းတယ်။ အိမ်စားရိတ်ကလည်း ရန်ကုန်ထက်ချိုတယ်။ လူတွေလည်း ရန်ကုန်လို ငွေမဖေါင်းပွဘူး၊ စင်ကာပူလို မကြီးကျယ်ဘူး။ ၃ခေါက်လောက်သွားလည်တာ အလွန်သဘောကျမိတယ်။ မြန်မာများစွာရှိကြတယ်။ အဲဒီမှာ မြန်မာပြည်နဲ့ အသေးစားစီးပွားရေးတွေလည်း လုပ်လို့ရတယ်။ စင်ကာပူလိုတော့ ၀င်ငွေမကောင်းဘူးပေါ့။ Just my thinking...

အမေရိကား၊ သြစတြေးလျှားက မိတ်ဆွေများကတော့ စီးပွားရေးလုပ်ချင်ရင် စင်ကာပူကိုလာလုပ်ပါ။ စီးပွားတဖက်နဲ့ ဗမာပြည်နဲ့ ပြန်နီးချင်ရင် ထိုင်းနိုင်ငံ၊ ချင်းမိုင်ကို လာအခြေစိုက်ပါ။

ကျွန်တော်တို့ ၂၀၀၀ ခုနှစ်လောက်က ငွေကောက်ပြီး အဆင်မပြေဆုံး တက္ကသိုလ်ဆရာတစ်ဦးအတွက် ငွေကောက်ခံပေးခဲ့ဖူးပါတယ်။ ဒီဆရာ ရန်ကုန်မှာ ငွေထုတ်ကြီးနဲ့ ဒုက္ခရောက်ပြီး၊ သွားလေရာသယ်သွားနေလို့ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ခဲ့ရဖူးပါတယ်။ ငွေဆိုတာ ပူလောင်ပါတယ်။

ဆင်းရဲသားများ ဆူဆိုက်မလုပ်ကြပါဘူး။ အောက်ပါ တကယ့်အဖြစ်အပျက်ကို ကြည့်ပါ။ ကျွန်တော် ဒီ ၁၉၂၁က ကမ္ဘာ့ထိပ်တန်းသူဌေး၉ယောက် ငွေကြေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့တယ်။ ၀ီကီပီဒီယာမှာ အထုပတ္တိရှာကြည့်ပြီးပါပြီ။ ၂၅နှစ်အကြာမှာ ဒီသူဌေးတွေ ငွေရဲ့ကျေးကျွန်ဘ၀ စုတ်ပျက်သတ်အောင် ရောက်သွားကြရှာတယ်။

In 1921, nine of the world's most successful money-making business men got together at the Edgewater Hotel in Chicago. They included the head of the greatest monopoly, the most successful speculator on Wall Street, the president of the largest independent steel company, the president of the largest utility company, the president of the largest gas company, the greatest wheat speculator in the United States, the president of the New York Stock Exchange, the president of the Bank of International Settlements, and a member of the president's cabinet.

Twenty-five years later, where were these men of fantastic wealth and power?

Ivar Krueger, head of the greatest monoploy, died of suicide. Jessie Livermore, the most successful speculator on Wall Street, died of suicide. Charles Schwab, president of the largest independent steel company, died in bankruptcy. Samuel Insull, the president of the greatest utility company, died penniless, a fugitive from the law in a foreign land. Howard Hopson, president of the largest gas company, went insane. Arthur Cotton. the greatest wheat speculator died abroad, bankrupt. Richard Whitney, president of the New York Stock Exchange, was convicted of fraud and went to Sing Sing Penitentiary. Leon Fraser, president of the Bank of International Settlements, died of suicide. Albert Fall, a member of the president's cabinet, went to prison for wrongdoing and was finally pardoned from prison so he could die at home.
Download: http://murann.com/ebooks/Managing.Finances.pdf

ဟုတ်ပါတယ်။
သေခြင်းတရားကတော့ ကုစားလို့မရပေမဲ့၊ ငွေကြောင့် စိတ်ဓါတ်ကျ သေဆုံးရတဲ့လူတွေအတွက် စိတ်မကောင်းပါဘူး။ ပထမတော့ ကိုယ်ပဲလွတ်အောင် လုပ်ရပါမယ်။ ဒီငွေနဲ့ပိုင်ဆိုင်မှုများဟာ သုခထက်၊ ဒုက္ခပဲ ဖြစ်စေပါတယ်။ စင်ကာပူဟာ ကမ္ဘာ့စီးပွားရေးထိပ်တန်းနိုင်ငံဖြစ်ပါတယ်။ ငွေကိုအလွန်သတိကြီးစွာ ရင်းနှီး၊သုံးစွဲနိုင်လို့ အစ္စရေးနိုင်ငံထက်တောင် ချမ်းသာပါတယ်။ အံ့ဘွယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ အနားယူ Retire လုပ်ရန် ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။ မည်သို့ဖြစ်စေ ဘုရားနဲ့သွားလာ၊ ဆက်ဆံတတ်သူဆိုရင် မဖော်ပြနိုင်သော ကိုယ်စိတ်မချမ်းသာသော်လည်း ၀ိညာဉ်ရေးမှာ ကြွယ်ဝချမ်းသာ၊ ၀မ်းမြောက်ရပါမယ်။

ကျေးဇူးတင်လျှက်
ဇော်အောင်

No comments: