သို့သော် အာရပ်-ခရစ်ယာန်များရဲ့ ကြီးမားလှတဲ့ ယုံကြည်မှုများနဲ့ မူဆလင်နိုင်ငံမှာ နှစ်ပေါင်း၂၀၀၀ မားမားမတ်မတ်ရပ်တည်ခြင်းဟာ ဘုရားရှင်ရဲ့ ခွန်အားကြောင့်သာဖြစ်ပါတယ်။ သူတို့ဘ၀ဟာ မြန်မာခရစ်ယာန်ဘ၀ထက် အများကြီး ကြမ်းတမ်းလှပါတယ်။
အာရပ်မဟုတ်တဲ့ အရှေ့အလယ်ပိုင်းနိုင်ငံများမှာ ၂၀ရာနှုန်းလောက်ဟာ ခရစ်ယာန်များဖြစ်ကြပါတယ်။ အာရပ်လူမျိုးစစ်စစ် ခရစ်ယာန်အများစုဟာ အီဂျစ်၊ လက်ဘနွန်၊ ဆီးရီယား၊ အီရက်၊ ဂျော်ဒန်၊ အစ္စရေး၊ ပါလက်စတိုင်းနယ်မြေ .. စသည့်တို့မှာ အများဆုံးနေကြပါတယ်။ အင်တာနက်နဲ့ဝီကီပီဒီယာ ဓါတ်ပုံ (Doom of the Rock & Orthodox Church) , အချက်အလက်များကို အောက်မှာ ကြည့်နိုင်ပါတယ်။
No comments:
Post a Comment