Thursday, September 8, 2011

စိတ်ချယုံကြည်ခြင်း


မာရ်နတ်ပစ်ခတ် သော မီးစက် လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်း ခပ်သိမ်းသော လက်နက် တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။
ဧဖက်သြ၀ါဒစာ (၆း၁၆)
ဝိညာဉ်တိုက်ပွဲဆင်နွဲရာမှာ လုပ်ရမယ့် နံပါတ် လေးခုမြောက်အရာကတော့ ယုံကြည်ခြင်း ဒိုင်းလွှားကို ကိုင်စွဲထားဖို့ ဖြစ်တယ်လို့  တမန်တော်ကြီးရှင်ပေါလုက ဧဖက်သြ၀ါဒမှာ ဆိုပါတယ်။ ဘုရားသခင်ရဲ့ ကာကွယ်တဲ့လက်နက်စုံထဲမှာ စည်းလုံးခြင်း၊ သန့် ရှင်းခြင်း၊ တည်ငြိမ်ခြင်း နဲ့  စိတ်ချခြင်းတို့  ပါဝင်ပါတယ်။

ဒိုင်းလွှားတခုရဲ့ အစွမ်းဟာ ဘယ်လောက် ထက်သလဲဆိုရင် ဘီစီ ၄၈၀ လောက်တုန်းက ဖြစ်ပွားခဲ့ပြီး သမိုင်းဝင်ကျော်ကြားလှတဲ့ Thermopylae တိုက်ပွဲကို ကြည့်ပါ။ အဲဒီတိုက်ပွဲဟာ စပါတန် တပ်သား ၃၀၀ လောက်က ပါရှန်းတပ်သား ၁ သိန်းကျော်ကို တန်ပြန်ခုံခံ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲဖြစ်ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ပါရှန်းတပ်တွေက စပါတန်တပ်သား ၃၀၀ ရှိတဲ့ဘက်ကို မြှားအစင်းပေါင်းများစွာ အတွဲလိုက် အတွဲလိုက် ပစ်ထည့်လိုက်ပါတယ်။ စပါတန်တပ်တွေက အားလုံး တပြိုင်နက်တည်း ဒူးထောက်ထိုင်လိုက်ကြပြီး၊ သူတို့ ရဲ့ ဒိုင်းတွေနဲ့  နံရံတံတိုင်းသဖွယ် ကာရံလိုက်တာကြောင့် မြှားအစင်းပေါင်းများစွာရဲ့ အန္တာရယ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။
ကိုယ့်ရဲ့ဘ၀မှာလဲ အဲဒီလိုမျိုး တွေ့ ကြုံခံစားရတဲ့ နေ မျိုးရှိပါသလား။ ထောင့်ပေါင်းစုံကနေ ကြောက်မက်ဖွယ်ရာ မြှားတွေ ထောင်နဲ့ ချီပြီး ချိန်ရွယ်ထားသလိုမျိုး ခံစားရတဲ့ နေ့ မျိုးပေါ့။ အဲဒီလိုမျိုးအချိန်မှာ လိုအပ်တဲ့အရာက ရှင်ပေါလုပြောတဲ့ "ယုံကြည်ခြင်းဒိုင်းလွှား" ပဲ ဖြစ်ပါတယ်။ " မာရ်နတ်ပစ်ခတ် သော မီးစက် လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်း ခပ်သိမ်းသော လက်နက် တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြဖို့ "(ဧဖက် ၆း၁၆) ရှင်ပေါလုက ဆိုပါတယ်။
မာရ်နတ်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ မြှားတွေက ဘာတွေလဲ။ မာရ်နတ်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ မြှားတွေကတော့ သံသယရှိမှု၊ စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျမှု၊ အချိန်လင့်မှု၊ လမ်းပေါက်ပိတ်မှု၊ မျှော်လင့်ချက်မဲ့မှု မြှားတွေပဲ ဖြစ်ပါတယ်။
"သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော် မူသလော" (ကမ္ဘာဦးကျမ်း ၃း၁)
လို့ ဧ၀ကို မာရ်နတ်က အေဒင်ဥယာဉ်မှာ ပြောတဲ့အချိန်ကစပြီး လူသားတွေရဲ့ စိတ်ထဲမှာ သံသယစိတ်ကို ရိုက်သွင်းခဲ့ပါတယ်။ သံသယ၀င်ဖို့  တံခါးကို ဖွင့်ပေးလိုက်တာနဲ့ ( နဲနဲလေးပဲဖြစ်ဖြစ် ဟပေးလိုက်တာနဲ့ ) မာရ်နတ်က သံသယရှိမှု၊ မျှော်လင့်ချက်မဲ့မှု၊ စိတ်ဖိစီးမှု ဆိုတဲ့ မြှားတွေနဲ့ ချင်းနင်းဝင်ရောက်တိုက်ခိုက်တော့တာပါပဲ။ မာရ်နတ်ပစ်ခတ်တဲ့ မီးမြှားတွေနဲ့  ရင်ဆိုင်နေရတဲ့အချိန်မှာ လိုအပ်တာကတော့ "ယုံကြည်ခြင်း နဲ့ စိတ်ချခြင်း" ပဲ ဖြစ်ပါတယ်။
ကိုယ့်ဘ၀မှာ အစစအရာရာ အဆင်မပြေဖြစ်နေတဲ့ အချိန်မှာ စိတ်ချမှုရဖို့  ဘုရားသခင်ရဲ့ ကတိတော်တွေကို ယုံကြည်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ယုံကြည်ခြင်း ဒိုင်းလွှားကို ကိုင်ဆွဲပြီး၊ ကိုယ့်ရဲ့ သံသယတွေကို တန်ပြန်သံသယရှိဖို့ ၊ ကိုယ့်ယုံကြည်ချက်တွေကို မြဲမြံစွာ ယုံကြည်ဖို့ လိုပါတယ်။ လူအများစုကတော့ အဲဒါနဲ့ ဆန့် ကျင်ဖက် လုပ်တတ်ကြပါတယ်။ တကယ့်ကို မိုက်မဲရာ ကျလွန်းလှပါတယ်။ ကျွန်တော်တို့ အမှန်တကယ် လုပ်ရမှာက ကိုယ့်မှာရှိတဲ့ သံသယစိတ်တွေကို ပြန်ပြီး သံသယရှိဖို့ နဲ့  ကိုယ်ယုံကြည်သင့်တဲ့ အရာကို ယုံကြည်ဖို့ ဖြစ်ပါတယ်။ ကိုယ့်မှာ ယုံကြည်ခြင်း မရှိရင်တော့ မာရ်နတ်ကတိုက်ခိုက်လာရင် လဲပြိုကြသွားနိုင်ပါတယ်။
"ယုံကြည်ခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်" မယ်လို့ (မဿဲ ၉း၂၉) ကျမ်းစာကဆိုပါတယ်။ အဲ့ဒီ ယုံကြည်ခြင်းက ဘာလဲဆိုရင် ဘုရားသခင်ရဲ့ ကတိတော်ဟာ မမှန်တော့ဘူးလိုလို ဖြစ်နေတဲ့အချိန်မှာ ကတိတော်ကို မမှိတ်မသုန် စွဲမြဲ ယုံကြည်ခြင်းပဲ ဖြစ်ပါတယ်။

နာမတော်မြတ်၌
လှမင်းသူ


ရစ်(ခ်)၀ါရင်၏ နေ့ စဉ်မျှော်လင့်ချက် စာစောင်များမှ ၂ ရက် စက်တင်ဘာရက်စွဲပါ စာမျက်နှာအား ဆီလျော်အောင် ပြန်ဆိုပါသည်။

No comments: