Sunday, January 8, 2012

ကောင်းကင်နိုင်ငံအတွက် တိမ်ဖုံးနေသောကြယ်ပွင့်များ


သခင်ယေရှုကိုလည်း ရက်စက်စွာသတ်ပစ်ခဲ့ကြပါတယ်။ သို့သော်လည်း ဒီကြယ်ပွင့်ဟာ ထာဝရထွန်းလင်းမဲ့ ထာဝရအသက်ကို ပေးပါတယ်။

လွန်ခဲ့သောနှစ်၂၀ကျော်က ၀ လူမျိုးများကို သာသနာပြုတဲ့ ကချင်လူငယ်လေးတစ်ဦး၊ ငှက်ဖျားရောဂါနဲ့ကြမ်းတမ်းလှတဲ့ ၀ နယ်မြေမှာပဲ သေဆုံးသွားပါတယ်။ ဆရာအိုင်းနက် (စင်ကာပူ၊ကျမ်းစာသင်တန်းတက်ရင်း ယုဒသန်အသင်းတော်တွင်ပါဝင်ခဲ့သူ၊ ယခု ၀ ကျမ်းစာကျောင်းအုပ်) ရဲ့လက်ထဲမှာပဲ သေဆုံးသွားပါတယ်။ သေအံ့ဆဲဆဲမှာ အဲဒီကချင်လူငယ်လေးက ဆရာအိုင်းနက်ကိုပြောတယ်။ .. ဆရာ အဲဒိရွာကလူတွေ သခင်ယေရှုကို လက်ခံလာပြီ။ ကျွန်တော်ကအရေးမကြိးဘူး.. အဲဒီရွာက လူတွေ ပိုအရေးကြီးတယ်။ သွားရောက်အမှုဆောင်ပါ..လို့ ပြောရင်းအသက်ထွက်သွားပါတယ်။ အင်မတန်တန်ဝမ်းနည်းစရာကောင်းလှပါတယ်။

ဝ သာသနာခေါင်းဆောင်လူကြီးများက သေဆုံးသွားတဲ့ကချင်လူငယ်လေးရဲ့မိဘရှိတဲ့ မြစ်ကြီးနားမြို့ကို လူကိုယ်တိုင်သွားရောက်သတင်းပို့ဖို့ ဆရာအိုင်းနက်ကိုပဲ ရွေးချယ်စေလွှတ်ခဲ့ပါတယ်။ တဦးတည်းသောသားငယ်လေး .. ၀ သာသနာလာလုပ်ရင်း ငှက်ျေားရောဂါနဲ့သေဆုံးသွားတာ အဲဒီမိဘ၂ပါးကို ဆရာအိုင်းနက်ကိုယ်တိုင် ပြောပြရမှာ အလွန်ခက်ခဲလှပါတယ်။

ဆရာအိုင်းနက် မြစ်ကြီးနားရောက်ပြီး ကချင်ဇနီးမောင်နှံ၂ယောက်ဆီဝင်တယ်။ စကားပြောရင် .. သူတို့ရဲ့တစ်ဦးတည်းသောသား ၀ သာသနာနယ်မှာ သေဆုံးသွားကြောင်းပြောပြတော့ အဖေ၊အမေ ၂ယောက်စလုံး အံ့သြစရာကောင်းအောင် တည်ငြိမ်၊ အေးချမ်းစွာနားထောင်တာကိုတွေ့ရပါတယ်။ ဆရာအိုင်းနက်တယောက် ယုံကြည်ခြင်းနက်ရှိုင်းလှသူများကို တအံ့တသြတွေ့ရပါတယ်။

သူတို့ဟာ ဘုရားသခင်အတွက် တဦးတည်းသော သားကလေးကို ပေးအပ်၊ဆပ်ကပ်ထားပြီးပါပြီ။

ဒီလိုပါပဲ .. တိမ်ဖုံးနေသောကြယ်ပွင့်များ အနေနဲ့ ကြွေလွင့်သွားသောကြယ်ကလေးများကို အောက်မေ့သတိရတဲ့အခါ၊ ကားတိုင်ပေါ်မှာ ရက်စက်စွာနှိပ်စက်၊အရှက်ခွဲခံပြီး .. အာဏာရှင်များရဲ့ သတ်ဖြတ်ခြင်းကို ငြိမ်သက်စွာခံယူသွားသူဟာ .. လောကကိုအောင်နိုင်သူပါ။

ခရစ်တော်အတွက် တိမ်ဖုံးနေသောကြယ်ပွင့်များဗွီဒီယို (စင်ကာပူမှထုတ်လုပ်သည်)။

တိမ်ဖုံးနေသောကြယ်ပွင့်များ
DVD Video
Video review - click here
Purchase - Click Here


အမိမြန်မာပြည်အတွက်ကြွေကျနေသောကြယ်ပွင့်များ (မြန်မာများထုတ်လုပ်သည်)။
တိုင်းပြည်ပြန်လည်ထူထောင်နေသူများနဲ့မြန်မာနိုင်ငံသားများ၊ ...ငါ့မျက်ရည်သည်စားစရာဖြစ်ရသည် ..ဆိုတဲ့အတိုင်း အမိမြန်မာပြည်ကြီးဟာ မျက်ရည်များစွာနဲ့ပါ။ အတိတ်ရဲ့နာကျည်းမှုများကို အမိမြန်မာပြည်ရဲ့မျက်ရည်၊မေတ္တာနဲ့ပဲ သက်သာနှစ်သိမ့်စေပါတယ်။ နာကျည်းမှုကိုနောက်မှာထားတဲ့ အစိုးရစစ်ခေါင်းဆောင်ဟောင်းများ၊ အတိုက်အခံခေါင်းဆောင်များနဲ့ မြန်မာပြည်သူများ .. ဒိဆောင်းပါးတိုလေးကို အမြဲသတိရစေလိုပါတယ်။ သင်ကိုယ်တိုင်လည်း ပြည်ပရောက်တဲ့ ကြွေနေတဲ့ကြယ်အဖြစ်က မကြာခင် လမ်းပြကြယ်တပွင့်အဖြစ် အမိမြန်မာပြည်ကြီးအတွက် အကျိုးဆောင်နိုင်စေရန်ရည်ရွယ်ပြီး ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ (အယ်ဒီတာ)
http://myanmarinsingapore.com/profiles/blog/show?id=2316969%3ABlogPost%3A284704


မောင်သာမန်
၉-ဇန္န၀ါရီ-၂၀၁၂

News from BTS
Combined Baptist Youth Camp
More than 260 youths from 17 member churches will gather for the combined Baptist Youth Camp from 27-30 Dec 2011 at Pulai Springs, Johor. Initiated and organized by several Baptist Youths after attending the Baptist Youth Leaders Camp last year, it sets the pace for leadership grooming within the Baptist community. Pastors Kok Chuan, David Lim, Ayan Murry and Hon Chin Foang will act as chaperones. The main theme is “Gospel Undone” aiming at bringing back the power of the Gospel for daily walk with Christ and be His worthy witnesses. Sharing the series of theme messages is Mr Lim Chien Chong, National Director of Singapore Youth for Christ. We are challenging the Baptist youths to take their faith in God seriously and build bridges of friendship for mutual encouragement and ministry partnership. Please pray without ceasing for God to provide His divine protection and presence throughout the Camp.
In our efforts to keep costs to a minimum and affordable to allow more youths to attend the camp, we have taken on the unenviable task of finding sponsors to defray some of the direct overheads, such as providing six coaches to ferry campers to and from the venue, Camp T-shirts, printing and other logistical support. If you are able and want to make a contribution as an investment in grooming our future leaders, please make out your cheque to “Singapore Baptist Convention” and mark Youth Camp on its back, and mail it to 1, Goldhill Plaza, #03-19, Singapore 308899. Thank you.


. Baptist Youth World Conference Technical Producer The planning of the 16th Baptist Youth World Conference (17-21 July 2013) is moving ahead full steam. The International Program Committee is putting the final touches to the overall program. Suntec City Convention Centre is undergoing a major renovation from 2012 and the revamped facilities will add more exciting features to an already impressive venue. We are stepping up efforts to recruit volunteers in preparation for hosting the event that aims to attract about 5,000 youths from more than 100 countries to come and experience God in Singapore.

Peter SBC petertang@baptistconvention.org.sg

No comments: