Sunday, January 8, 2012

Gospel Undone - မပြီးဆုံးသောသောသတင်းကောင်း

သော်မဆင်လမ်းမ၊ နှစ်ခြင်းအသင်းတော်ကြီး
စင်ကာပူလူမျိုးများရဲ့ အသင်းတော်ကြီးတခုရှိပါတယ်။ အဆောက်ဦးအကြီးကြီး လွန်ခဲ့တဲ့၅နှစ်က ဒေါ်လာ၁၅သန်းလောက် အကုန်ခံပြီးအသစ်ဆောက်ခဲ့ပါတယ်။ အခန်းတွေအများကြီးပိုနေတော့ မြန်မာ၊ကိုးရီးယား၊ တိုင်ဝမ်းတရုပ်၊ ပြည်ကြီးတရုပ် စတဲ့အသင်းတော်များကို ဈေးနှုန်းချိုသာစွာနဲ့ ငှားရမ်းပေးပါတယ်။ မြန်မာ-ယုဒသန်အသင်းတော်က ဒီနေရာမှာအနှစ်၂၀ကျော်မှီခိုနေခဲ့တာ ကျေးဇူးတင်ပါတယ်။

အဆောက်ဦးသစ်ကြီးပြီးစီးသွားတဲ့နောက် စင်ကာပူအစိုးရက စင်ကာပူတကျွန်းလုံးမှာ ကွန်ဒိုဆောက်ခွင့်ပါမစ်တွေကို သင့်တော်သူများအားချပေးပါတယ်။ ပါမစ်ရသူများတ၀ုန်းဝုန်းနဲ့ကွန်ဒိုဆောက်တော့ သော်မဆွန်အသင်းတော်ကြီးပတ်ပတ်လည်မှာကွန်ဒိုတွေပတ်ပတ်လည်ဝိုင်းနေသောအသင်းတော်ကို သွန်မဆွန်အသင်းတော်ဟုခေါ်သည်..ဖြစ်သွားပါတယ်။ စင်ကာပူအစွန်ဖျားတွေမှာဒေါ်လာ၇သိန်းလောက်တန်ပေမဲ့ သော်မဆွန်အသင်းတော်ပတ်ဝန်းကျင်ကွန်ဒိုတွေက ဒေါ်လာ တစ်သန်းခွဲအထက်တန်ဘိုးရှိပါတယ်။ နိုင်ငံခြားသားများပဲဝယ်ပြီးရင်းနှီးမြုတ်နှံနိုင်ပါတယ်။

စင်ကာပူနှစ်ခြင်းအသင်းချုပ်
အသင်းတော်၃၆ခုပါဝင်ပါတယ်။ မြန်မာတခု၊ကရင်တခုပါဝင်ပါတယ်။ နှစ်စဉ်ဒီဇင်ဘာကျောင်းပိတ်ရက်ဆို ဆယ်ကျော်သက်ကလေးများအတွက် Retreat Camp လုပ်ပေးလေ့ရှိပါတယ်။ မလေးရှားနိုင်ငံမှာပဲသွားလေ့ရှိတော့ ဈေးကြီးပါတယ်။ မြန်မာများအတွက် မလေးရှားဗီဇာခက်တာရယ်။ စရိတ်ကြီးတာရယ်ကြောင့် သော်မဆွန်အသင်းတော်မှာ အခန်းတခုငှားရမ်းထားတဲ့ မြန်မာ-ယုဒသန်အသင်းတော်ကလူငယ်များ ပါဝင်လေ့မရှိပါဘူး။

ဒီနှစ်မှာ မြန်မာနိုင်ငံပြောင်းလဲမှုများနဲ့အတူ၊ သော်မဆွန်ကမြန်မာအသင်းတော်လည်း ပြောင်းလဲမှုတခုလုပ်ပါတယ်။ လူငယ်ဆယ်ကျော်သက်၂၂ဦးကို တစ်ဦးဒေါ်လာ၂၅၀စပွန်စာလုပ်ပြီး၊ မလေးရှား၎ရက်၊၃ညခရီးစဉ်ကို လွှတ်ပါတယ်။ အထူးသဖြင့်ဆန်းဒေးစကူးမှာလာရောက်ဝတ်ပြုလေ့ရှိတဲ့လူငယ်များကို ရွေးကောက်စပွန်စာလုပ်ပါတယ်။ သူတို့ပြန်လာပြီးတဲ့နောက် အတွေ့အကြုံရှင်းလင်းဖို့ တနင်္ဂနွေဝတ်ပြုခြင်းကို ဒီလူငယ်များအားဦးဆောင်စေပါတယ်။ နှုတ်ကပတ်တော်ကျမ်းစာအုပ်ကိုအသေကိုင်စွဲထားပြီး၊ ကျမ်းစာများကိုရွတ်ဖတ်တဲ့ သီဆိုချီးမွန်းခြင်း၊ တေးသရုပ်ဖေါ်၊ တခန်းရပ်ပြဇတ်တို၊ သက်သေခံခြင်း၊ တရားဒေသနာနဲ့အပိတ် အုပ်စုလိုက်သီချင်းဆိုခြင်းများနဲ့ ခွန်အားပေးသွားပါတယ်။ လူငယ်ဓမ္မပညာဦးဆောင်သူ ဆရာထိုက်ထိုက်နဲ့ဆရာမပါပူးတို့ရဲ့ ဦးဆောင်တင်ပြသွားခြင်းပါ။ Youth Camp ရဲ့တီရှင်ဒီဇိုင်းကတော့ GOSPEL UNDONE အဖြူရောင်နောက်ခံမှာ၊ အပြာရောင်စာတန်းရေးထားပါတယ်။ သခင်ယေရှုလုပ်ခဲ့တဲ့ ဧ၀ံဂေလိဟာ မပြီးဆုံးသေးပါဘူး .. အဓိပ္ပါယ်ပါ။

သင်းအုပ် ဆရာသြဂတ်စတတ်ကတော့ ၀တ်ပြုခြင်းအဆုံးမှာ ပရိတ်သတ်ထဲမှာ သူ့အမြင် လူ(၃)မျိုးရှိကြောင်း၊ ပထမအမျိုးစားက ဒီကလေးတွေကိုအချိန်ပေးတဲ့အတွက်စိတ်ပျက်ပြီး၊ ပြီးမဲ့အချိန်စောင့်နေသူများဖြစ်ပါတယ်။ နောက်တမျိုးမကတော့ လူငယ်ဆယ်ကျော်သက်များ နှုတ်ကပတ်တော်ပြောဆိုနေတာကြားပြီးဝမ်းမြောက်ကျေနပ်နေကြသူများဖြစ်ပါတယ်။ နောက်ဆုံးတစုကတော့ ကလေးများတောင် ဒါလောက်နှုတ်ကပတ်တော်ကို သက်သေခံ၊ဝေငှနေတာငါတို့သူတို့လောက်မလုပ်နိုင်သေးဖူးဆိုပြီးအားငယ်နေသူများဖြစ်ပါတယ်။

လူငယ်၊ဆယ်ကျော်သက်များ နှုတ်ကပတ်တော်၊ဦးဆောင်ဝတ်ပြုခြင်းများမှာ
၁။ ကျမ်းစာဖတ်ခြင်း
၂။ တေးသရုပ်ဖေါ် .. ခရစ်တော်နဲ့အတူရှိနေသောမိန်ကလေးကို စာတန်၊ဗီဇဆွဲဆောင်မှုများ ဂီတ၊ငွေ၊အပေါင်းသင်း၊ပွဲလမ်း၊သောက်စား၊ ဆုံးရှုံးမှုများဖြင့် မိမိကိုယ်ကိုသတ်သေခိုင်းခြင်းအထိဖြစ်လာချိန် ခရစ်တော်ကို ပြန်လည်သတိရ၊ ဆုတောင်း၊နောင်တရချိန် ခရစ်တော်အဖြစ်သရုပ်ဆောင်သူက စာတန်ရဲ့ရိုက်နှက်ချက်များကို အစားထိုးဝင်ရောက်ခံယူကာ ထိုမိန်းကလေးကို ဆွဲယူ၊ကယ်တင်ခြင်း.. တေးသရုပ်ဖေါ်ဖြစ်ပါတယ်။
၃။ တခန်းရပ်ပြဇတ် .. ခရစ်တော်အကြောင်းမြည်းစမ်းလိုသူလူငယ်တဦးကို ခရစ်ယာန်တဦးက ဧ၀ံဂေလိမပြောနိုင်ပဲ၊ ရှောင်ပြေးစဉ် .. အခြားခရစ်ယာဉ်အမျိုးသမီးသယ်တဦးက တွေ့ရှိပြီး၊ သတင်းကောင်းကို နှုတ်ကပတ်တော်ကျမ်းပိုဒ်များဖတ်ပြီး တိုရင်းလိုရှင်းသရုပ်ဖေါ်ပြောပြခြင်းဖြစ်ပါတယ်။
၎။ လူငယ်များသက်သေခံခြင်းမှာ ၃ဦးသာ သက်သေခံရန်ဖြစ်သော်လည်း တစ်ဦးလျှင် ၅မိနစ်စီဖြင့် ၇ယောက်ခန့်က တိုရင်း၊လိုရှင်းသက်သေခံပြောဆိုပါတယ်။ အင်္ဂလိပ်ဆိုဆုမတောင်းတတ်သော မြန်မာမိန်းကလေး၊ယောင်္ကျားလေးများ ကို စင်ကာပူလူငယ်များ၊ ဓမ္မဆရာများက ၀ိုင်းဝန်းဖေးမခဲ့ပုံ။ မလေးစောစောထပြီး ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်ဆွေးနွေးခြင်း၊ နေခင်း၊ ညပိုင်များတွင်လည်း ဆုတောင်း၊ နှုတ်ကပတ်တော်ဆွေးနွေးခြင်းများစွာ ၄ရက်တိုင်လုပ်ဆောင်ခဲ့ကြောင်း၊ ဟောတယ်အကြီးကြီးတွင် အိမ်သာ၊ရေချိုးခန်းများပင်လျှင် မှန်များပတ်လည်ရံထားကြောင်း၊ မိမိအိမ်ထက်အဆမတန်ကောင်းမွန်လှသည့်ဟောတယ်ကြီးအကြောင်း၊ လူငယ်ကစားပွဲများစွ၊သီဆို၊သီးမှုတ်ခြင်းများနှင့် ပျော်ရွှင်ဖွယ်ရာများ၊ အချို့စင်ကာပူတွင်ကြီးပြင်းလာသောမြန်မာကလေးများမှာ အင်္ဂလိပ်လိုပဲကောင်းကောင်းပြောတတ်လို့ ..ဟု..တောင်းပန်စကားပြောပြီး အင်္ဂလိပ်လိုသက်သေခံပြောကြားသွားပါတယ်။ ကယ်တင်ခြင်းတရားများကို မြန်မာလူငယ်၊ဆယ်ကျော်သက်များက ကောင်းကောင်းသိနားလည်ပါတယ်။ ခရစ်တော်ရဲ့သန့်ရှင်းသောဝိညာဉ်အားဖြင့်သာ လူများကို ပြောင်လဲစေခြင်းကို အင်္ဂလိပ်လိုဆွေးနွေးရန်ခက်ခဲ့နေချိန် .. အစားထိုး၊၀င်ရောက်ရှင်းလင်းပေးတဲ့ ဓမ္မဆရာပေါ်လာခြင်း .. စတဲ့ သူတို့ရဲ့အတွေ့အကြုံများကို ပြောပြသွားပါတယ်။

နိဂုံး

လူငယ်များကို နေရာပေးဖို့ဆိုတာ မိဘ၊လူကြီးများမှာ အလွန်ခက်ခဲလှပါတယ်။ အာဏာနဲ့ပဲ၊ ငါမွေးထားတဲ့ကလေး၊ ငါ့ကိုပြန်ပြောရမလား .. ။ နှုတ်နဲ့တမျိုး၊ ချုပ်ချယ်စည်းကမ်းချက်များ (ပညတ်ချက်များ)နဲ့တမျိုး ..နောက်ဆုံး ဖခင်နဲ့သား၊ မိခင်နဲ့သမီး Relationship အားနည်းသွားကြပါတယ်။ သခင်ယေရှုနဲ့တပည့်တော်၁၂ပါးဟာ အသက်၃၀ပတ်ဝန်းကျင် လူငယ်တွေဆိုတာ မမေ့သင့်ပါဘူ။ ဒီတော့ အသင်းတော်လည်း အားနည်းသွားပါတယ်။ သားသမီးများ အခြားအသင်းတော်များသို့ ရောက်သွားခြင်းက မထောင်းထာလှသော်လည်း လောကအရာများနောက်ရောက်ပြီး၊ ဘယ်အသင်းတော်မှမပါဝင်ဖြစ်သွားရင် ၀မ်းနည်းစရာပါ။ သားသမီးမပါလျှင်လည်း မိခင်၊ဖခင်များ သားသမီးများအတွက် အတူဆုတောင်းရင်း၊ သားသမီးများပါဝင်လာစေမဲ့ အခုလို လူငယ်ခရီးဝေးညအိပ်ခရီးစဉ်များကို အသင်းတော်မှစရိတ်ခံ၊ လွှတ်ပေးနိုင်ခြင်းအတွက် ကျွန်တော်ဝမ်းမြောက်မိပါတယ်။

မောင်သာမန်
၉-ဇန္န၀ါရီ ၂၀၁၂

No comments: