လာမက်ရဲ့သား နောဧကိုမွေးဖွားပြီးတဲ့နောက် နောဧရဲ့အသက်တာကြည့်မယ်ဆိုရင်
နောဧခေတ်မှာ လူတွေအင်မတန်ဆိုးရွားလွန်းလို့ ဘုရားသခင်က ကမ္ဘာကြီးကိုရေလွှမ်းဖျက်ဆီးခဲ့ပါတယ်။ နောဧ ကမ္ဘာကြီး၊လူသားအားလုံး ရေလွှမ်းသေဆုံးသွားတာကို မြင်ခဲ့ရပါတယ်။ နောဧ အသက်၉၅၀နှစ်အထိ အသက်ရှင်ခဲ့ပါတယ်။ နောဧရဲ့သားစဉ်မြေးဆက်ကို ကမ္ဘာဦးကျမ်း အခန်၁၁အရဆိုရင် အဆင့်ပေါင်း၉ဆင့်ဖေါ်ပြထားပါတယ်။ အသက်အပိုင်းအခြားကိုကြည့်ခြင်းအားဖြင့် နောက်ဆုံး အာဖြဟံ၏ ဖခင် တေရကိုဖွားမြင်ပါတယ်။ အဲဒီနောက် နောဧ သေဆုံးပါတယ်။ နောဧ မသေဆုံးခင် အာဒံကဲ့သို့ သားစဉ်မြေးဆက် ၉ဆက်စလုံးမွေးဖွားတာကိုလည်း မြင်ခဲ့ရပါတယ်။ လူသားအားလုံးသေဆုံးတာမြင်ရပြီး သားစဉ်မြေးဆက် ၉ဆက်စလုံး မွေးဖွားတာကို မြင်လိုက်ရတဲ့ နေဧဟာ ၀မ်းနည်း၊၀မ်းသာအဖြစ်ရဆုံးဖခင်လို့ ဆိုရပါမယ်။
အဲဒီနောက်ပိုင်း လူသက်တမ်းကို ၁၂၀နှစ်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ အာဗြာဟံရဲ့နောက်ပိုင်းမှာ လူသားများဟာ အသက်၁၂၀ပတ်ဝန်းကျင်လောက် နေထိုင်ရသော်လည်း ဆာလံကျမ်းမှာ အသက်၇၀လို့ ဆိုပြန်ပါတယ်။
အသက်ရှည်ခြင်းဟာ ကောင်းသော်လည်း ဘုန်းတော်ထင်ရှားရေးအတွက် အသက်ရှင်နိုင်ဖို့ပါ။ သခင်ယေရှုဟာ ၃၃နှစ်မှာ ကားတိုင်ပေါ်အသေခံခဲ့ပါတယ်။ အလက်ဇန္ဒြားဂရိတ်ဘုရင်ကြီးဆိုသူလည်း ၃၃နှစ်အရွယ်မှာသေဆုံးခဲ့ပါတယ်။ မြန်မာခေါင်းဆောင် အောင်ဆန်းကလည်း ၃၃နှစ်အရွယ်မှာသေဆုံးခဲ့ပါတယ်။ အသက်၃၃နှစ်အရွယ်မှာ သေဆုံးသွားတဲ့ ယုံကြည်သူ၊ ဘုန်းတော်ထင်ရှားစေသူများစွာရှိပါတယ်။ ကျွန်တော်တို့ကတော့ သခင်ယေရှုနဲ့စာရင် အသက်ပိုရှည်နေပါတယ်။
ဇော်အောင်
No comments:
Post a Comment