Sunday, March 4, 2012

ကျမ်းစာအဓိပ္ပါယ်ဖွင့်ချက်များ - ကမ္ဘာဦး

ဖန်ဆင်းခြင်း ကမ္ဘာဦး ၁း၁
ဖန်ဆင်းခြင်းသည် ဘုရားသခင်၏ လက်ရာတော်ဖြစ်သည်။ အစဦး၌ လွတ်လပ်လဟာဖြစ်ခြင်းမှ ယေရှုခရစ်တော်အားဖြင့် အရာ ခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သည်။ ဖန်ဆင်းတော်မူခဲ့သော ကမ္ဘာလောကကြီးသည် ဘုရား၏ ဘုန်းတော်၊ တန်ခိုးတော်၊ ထာဝရအဖြစ်တော်နှင့် ဥာဏ်ပညာကို ဘော်ပြနေသောကြောင့် ဘုရားသခင်ကို မသိ၊ ရိုသေလေးမြတ်ခြင်းမရှိ ဟု မည်သူမျှ ဆင်ခြေပေး၍ မရပါ။
ခရစ်ယာန်အားလုံးတို့က ဘုရားသခင်သည် ကမ္ဘာလောကကြီးကို ဖန်ဆင်းသည်ဟု ခိုင်မာစွာ ပြောနေစဉ်၊ အချို့က ကမ္ဘာကြီး၏ သက်တမ်းနှင့်၊ သက်ရှိသက်မဲ့များ အဆင့်ဆင့် တိုးတက်ပြောင်လဲ လာသည်ဟူသော အယူအဆတို့အပေါ် ကွဲပြားမှုများ ဖြစ်ပေါ်နေသည်။ အချို့က ဘုရားသခင်သည် လွန်ခဲ့သော အနှစ်ခြောက်ထောင်နီးပါးက ၆ရက်အတွင်း ကမ္ဘာလောကကြီးကို ဖန်ဆင်းခဲ့သည်ဟု ယုံကြည်ကြသည်။ အချို့က ကမ္ဘာဦးကျမ်း အခန်းကြီး ၁ တွင် ဘော်ပြထားသော နေ့ရက်များသည် သက်ရှိသက်မဲ့ အမျိုးမျိုးတို့ တရွေ့ရွေ့ တိုးတက်ဖွံ့ဖြိုး ပြောင်းလဲလာသည့် အချိန်အတိုင်းအတာ တခုအထိ ကြာငြောင်းသည် ဟု ယုံကြည်ကြသည်။ သမ္မာကျမ်းစာကို ဘာသာပြန်သူများသည် ဤအမြင်နှစ်မျိုး စပ်ကြား၌ ရပ်တည်လျှက်ရှိသည်။
ဘုရားသခင်၏ ကောင်းမြတ်သော ဖန်ဆင်းခြင်းသည်၊ အပြစ်ဝင်ရောက်လာခြင်းအားဖြင့် တိမ်းပါး ယိုယွင်း လာခဲ့သော်လည်း၊ ကောင်းကင်သစ်နှင့် မြေကြီးသစ် ဖန်ဆင်းထားတော်မူသော အရာဝတ္တုများအား ရွေးနှုတ်ကယ်တင်မည်ဟု ကတိထားတော်မူပါသည်။


ဘုရားသခင်၏ သဏ္ဍန်တော် ကမ္ဘာဦး ၁း၂၆
ဘုရားသခင်သည် လူသားများကို မိမိ၏ ပုံသဏ္ဍန်တော်နှင့် အညီ ဖန်ဆင်းတော်မူခဲ့သည်။ အာဒံနှင့်ဧ၀ တို့သည် အပြစ်ပြုခဲ့သဖြင့် ထိုသဏ္ဍန်တော်သည် ပျောက်ကွယ် သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဓမ္မသစ်ကျမ်းတွင် ခရစ်တော်သည် သူ၌ရှိသော ဘုရားသခင်၏ သဏ္ဍန်တော်ကို ကျွန်ုပ်တို့ ပြန်လည် ရရှိစေရန် ကြွလာတော် မူခြင်းဖြစ်ပြီး၊ ကျွန်ုပ်တို့အား အသိပညာ၊ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ဖြင့် အသစ်တဖန်ပြုပြင်ရန် အလိုရှိတော်မူသည်။ ယေရှုခရစ်တော်သည် ဘုရားသခင်၏ ထူးမြတ်သော ပုံသဏ္ဍန်တော်ဖြစ်သည်။ ဘုရားသခင်သည် မည်သို့သော ပုံသဏ္ဍန်တော်ရှိသည်ကို ကျွန်ုပ်တို့ တွေ့မြင်လိုပါလျှင် ခရစ်တော်ကို မျှော်ကြည့်ရပါလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပုံသဏ္ဍန်တော်ကို ဆောင်ထားသောအလျောက် ဘုရားသခင်သည် မိမိ ဖန်ဆင်းထားတော် မူသော အရာများကို မိမိကိုယ်စား ဥာဏ်ပညာနှင့်အုပ်စိုး စေလိုတော်မူ၏။ ကိုယ်တော်သည် တနေ့သောအခါ ကျွန်ုပ်တို့အား သူ၏ ပုံသဏ္ဍန်တော်အတိုင်း ပြန်လည်အသစ်ပြုပြင်မည် ဟု ဂတိထားရှိတော်မူသည်။
တနည်းဆိုသော် လူသားအားလုံးသည် ဘုရားသခင်၏ ပုံသဏ္ဍန်တော်နှင့် အညီ ရှိနေကြပါသည်။ ထိုအကြောင်းကို အခြေခံလျှက် ဘုရားသခင်သည် လူ့အသက် သတ်ခြင်းနှင့် သူ့တပါးအား ကြိန်ဆဲခြင်းကို မပြုလုပ်ရန် တားမြစ်တော်မူသည်။ ထို ပုံသဏ္ဍန်တော် အားဖြင့် လူတို့သည် ဘုရားသခင်ကို တွေ့ရှိရန်နှင့် ကိုယ်တော်ထံသို့ ရောက်ရန်၊ မွေးရာပါ ဆန္ဒရှိကြပါသည်။

ထိမ်းမြားစုံဖက်ခြင်း ၂း၂၄
ဘုရားသခင်သည် ဧဒင်ဥယျာဉ်အတွင်း၌ ယောင်္ကျားတဦးနှင့် မိန်းမတဦးအားဖြင့် ထိမ်းမြားစုံဘကခြင်းအမှုကို စတင်ထူထောင်ခဲ့သည်။ ကိုယ်တော်သည် ထိန်းမြားခြင်း မင်္ဂလာကို ဂုဏ်အသရေရှိစွာဖြင့် ကျင်းပစေလိုတော်မူသည်။ လူသားမျိုးနွယ်၏ ပျော်ရွှင်ချမ်းမြေ့မှုအတွက် မေတ္တာလမ်းကြောင်းကို ရင်းနှီးသော အပြုအမူ (ချစ်ခြင်းမေတ္တာ - သီ၁း၂ တွင်ကြည့်ပါ။) နှင့် လူသားမျိုးဆက် ပွားများရန်အတွက် ထိမ်မြားစုံဖက်ခြင်းအမှုကို ဘုရားသခင် ဖန်တီးခဲ့သည်။ သမ္မာကျမ်းစာရှိ ထိမ်းမြားစုံဖက်ခြင်းနှင့်ပတ်သက်၍ တခုတည်းသော တားမြစ်ချက်မှာ ယုံကြည်သူနှင့် မယုံကြည်သူတို့၏ ထိမ်းမြားခြင်းဖြစ်သည်။
ထိမ်းမြားခြင်း၌ ဇနီးမောင်နှံ နှစ်ဦးစလုံး တာဝန်ရှိသည်။ ခင်ပွန်သည်၊ ဇနီးသည်၏ ကောင်းကြိုးအတွက် သစ္စာရှိပြီး၊ ဇနီးသည်၊ ခင်ပွန်းသည်၏ အလိုကို လိုက်လျောရပါမည်။ အချို့သော သူတို့က ထိုနှစ်ဦးတို့သည် သဘောတူညီစွာ အပြန်အလှန် လိုက်လျောရန်နှင့်၊ သာတူညီမျှသော ၀တ္တရားရှိကြပါသည် ဟု မြင်ပြီး၊ အချို့တို့က ခင်ပွန်း၏ အနွံအတာကို ဇနီးမှ ခံယူရမည်ဟု အလေးအနက်သဘောထားကြသည်။ (ကော ၁း၁၈)

No comments: