Saturday, March 10, 2012

ထိတ်လန့်ဘွယ်ရာ၊အိတ်စ်ရောဂါနှင့်ကာမတဏှာ

လောကဆင်းရဲဒုက္ခများဟာ လူဖြစ်တဲ့အတွက်ခံစားရမှာပဲဖြစ်ပါတယ်။ အသက်ရွယ်ရောက်လာရင် ဘ၀ဒဏ်ပိုခံရပေမဲ့၊ တချို့လည်း ငယ်ရွယ်စဉ်မှာ ရောဂါ၊ အနိုင်ကျင့်မှု၊ ဆင်းရဲခြင်း၊ မေတ္တာဆုံးရှုံးခြင်း ... စတဲ့ခံစားနေရတာတွေ့မြင်ရပါတယ်။ လူ့ဘ၀မှာ ဒုက္ခအကြီးဆုံးကတော့ ငွေကြေးမဟုတ်ပါ။ တနှစ်အတွင်း သေသွားမဲ့ရောဂါရသွားခြင်းဟာ ထိန်လန့်ဖွယ်အကောင်းဆုံးဖြစ်ပါတယ်။
ကုလသမဂ္ဂ၏ ၂၀၀၉ ခုနှစ် ခန့်မှန်းချက်အရ ကမ္ဘာတွင် ကျန်းမာရေးHIV စောင့်ရှောက်မှုစနစ် အညံ့ဖျင်းဆုံး နိုင်ငံများထဲ တွင် ပါဝင်သော မြန်မာနိုင်ငံတွင် လူဦးရေ ၂၄၀,၀၀၀ မှာ HIV ပိုး ကူးစက်ခံထားရပြီး နှစ်စဉ် ၁၈,၀၀၀ ခန့် သေဆုံးနေကြရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင်
ART ဆေးဝါး အများဆုံး ထောက်ပံ့ပေးနေသည့် ပြင်သစ်အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF အနေဖြင့် မြန်မာနိုင်ငံတွင် HIV ပိုးရှိသူ ၂၃,၀၀၀ ကျော်အား ဆေးဝါးထောက်ပံ့ပေးနေပြီး ၂၀၁၂ ခုနှစ်တွင် ၆,၀၀၀ ထပ်မံ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကင်ဆာ၊ နှလုံးရောဂါများဟာ သေဆုံးနှုန်းအမြင့်ဆုံး သေခါနီးရောဂါတွေဖြစ်ပါတယ်။ အခုရေးမဲ့ HIV, AIDS ရောဂါကတော့ ယခင်၁၀နှစ်လောက်က သေမဲ့ရောဂါဖြစ်သော်လည်း အခုတော့ မသေနိုင်တော့ပါဘူး။ သို့သော် ထိတ်လန့်ဖွယ်အကောင်းဆုံး ရောဂါ၊ ကင်ဆာ၊ နှလုံးရောဂါ ကမှ လူကြားကောင်းသေးတယ် ..HIV ဆိုတာ အလွန်ရှက်ဖွယ်ရောဂါကြီးဖြစ်လို့ ... ထိတ်လန့်ဖွယ်အကောာင်းဆုံးရောဂါအဖြစ် သတ်မှတ်ပါတယ်။

ဒီရောဂါဟာ လိင်ကိစ္စ လွန်ကျူးသူ အများစုဖြစ်ပွားတဲ့အတွက်၊ ဒီရောဂါရှင်များဟာ လူသိမခံပဲ၊ ကြိတ်ပြီးကုရတယ်။ မြန်မာပြည်မှာတော့ ရုပ်ရှင်မင်းသမီးကြီး ဒေါ်ဆွေဇင်ထိုက်၊ တက်ကြွလှုပ်ရှားသူ ဒေါ်ဖြူဖြူသင်း စတဲ့ အမျိုးသမီးများက ရှေ့ဆောင်၊ ပညာပေးနေတဲ့အတွက် သူတို့ကို အထူးကျေးဇူးတင်၊ လေးစား၊ ဂုဏ်ပြုပါတယ်။ စင်ကာပူ၊ ပင်နီစူလာပလာဇာက ကမ်ဘာဂန်ဆေးခန်း ဆရာမဒေါက်တာမြင့်မြင့်စန်းလည်း မြန်မာ HIV ရောဂါရှင်များကို လက်တွေ့၊ အားပေး၊ ကုသ၊ ပညာပေးနေသူအနေနဲ့ လေးစား၊ဂုဏ်ပြု၊ ကျေးဇူးတင်ပါတယ်။

ဘာသာရေးအမြင်
ခရစ်ယာန်နာမည်ကြီးတရားဟောဆရာများရဲ့ ဈာန်လျှောကျခြင်းများကို လေ့လာပါတယ်။ လိမ်လည်ပြောဆိုခြင်း ဟာ လက်မခံနိုင်တဲ့ အပြစ်ကြီးလား ဆိုတော့၊ မဟုတ်ကြောင်းကို တွေ့ရတယ်။ ပွင့်လင်းတဲ့ နိုးကြားတက်ကြွခရစ်ယာန်ဆရာကြီးများ ဈာန်လျှောသူများ ၃၅ဦး ကိုလေ့လာရင် တဏှာပါဝါ (၅၇%)၊ ငွေကြေးပါဝါ (၂၀%) နဲ့ ပျောက်စေပါဝါ (၉%) တို့ဖြစ်ပါတယ်။ အကြမ်းဖက်မှု၊ ရာဇ၀တ်မှုများ ရှိပေမဲ့ နည်းပါတယ်။ မိန်းမ ဘာသာရေးခေါင်းဆောင် ၂ယောက် ပါတာကို တွေ့ပါတယ်။ တဏှာပါဝါ ကျူးလွန်သူ ၂၁ဦးကရဲ့ တ၀က်ဟာ ပိုဆိုးဝါးလှတဲ့ Homosexual ဖြစ်ပါတယ်။ ရှိုထားတဲ့ (သတင်းမထုတ်ပြန်တဲ့) အခြားခရစ်ယာန်ဂိုဏ်းများနဲ့ အခြားဘာသာများမှာလည်း ဒီနှုန်းထားအတိုင်း တဏှာပါဝါဟာ နဲ့ ငွေပါဝါတို့ဟာ အဓိက ပျက်စီးစေတဲ့ အကြောင်းများပဲဖြစ်မှာပါ။ ဦးနု (၀န်ကြီးချုပ်ဟောင်း) ရေးတဲ့ ကာမတဏှာ စာအုပ်မှာ ဘုန်းကြီး (အမျိုးသား) များကို ဈာန်လျောစေတဲ့ အဓိကကတော့ ကာမတဏှာဖြစ်လို့၊ "မ" ဆိုရင် အမျိုးသမီး သေဆုံးသူတောင် လက်ဖျားနဲ့ မထိတို့ဖို့ ၀ိနည်းများရှိတယ် ဖတ်ရပါတယ်။ ဗုဒ္ဓဘာသာနဲ့၊ ခရစယာန်ရိုမင်ကက်သလစ် RC ဘာသာရေးထိပ်တန်း ဘုန်းတော်ကြီးများဟာ ငယ်ဖြူဆိုတဲ့ငယ်ကတည်းက အိမ်ထောင်မရှိသူများဖြစ်ပါတယ်။ တခြားဘာသာတွေကတော့ တောထွက် ဆိုတဲ့ အိမ်ထောင်ရှိသူ (ရှိခဲ့သူ) များဖြစ်ပါတယ်။ အချို့ဘာသာများက ဘာသာရေးခေါင်းဆောင်ဆိုရင် ကာမတဏှာရန်က ကွယ်ကာနိုင်ဖို့ အိမ်ထောင်ရှိသင့်တယ် ဆိုပါတယ်။
http://en.wikipedia.org/wiki/List_of_Christian_evangelist_scandals



နာမည်ကြီး ထိုင်းဗုဒ္ဓဘုန်းကြီး

Popular Thai Monk Defrocked in Sex Scandal
April 1, 1995
| From Associated Press
Thousands of abject followers packed the streets to bid farewell Friday to one of Thailand's most popular religious figures, who was forced to surrender his monk's robe in a sex scandal. Yantra Ammarobhikkhu was accused of breaking his vow of chastity by having sex with prostitutes. He denies ever going to a "temptation place," but he agreed to leave the monkhood to stop the brawling within his church over his extraordinary case. "I don't want to take off my robe," he said. Then he did.

မြန်မာပြည်မှာလည်း HIV ပညာပေးအများကြီးလုပ်နေပါတယ်။ စင်ကာပူမှာ အနှစ်၂၀ကျော်လုပ်ကိုင်သူ ကမ်ဘာကမ်ဆေးခန်းဆရာဝန် ဒေါက်တာမြင့်မြင့်စန်းနဲ့ အင်တာဗျူးအခန်း August 2009 မဂ္ဂဇင်းမှာ ဖတ်ရပါတယ်။ ဂနိုရီးယား (Gonorrhoeae)၊ ဆစ်ပလစ် (Syphllis)၊ ချမိုင်ဒီယာ (Chlamydia)၊ ရေယုန် (Herpes)၊ ဗိုင်းရပ် ဘီပိုး၊ စီပိုး (Hepatitis B&C)၊ ဖန်းကပ်စ် (Fungus) စတဲ့ရောဂါများနဲ့ နောက်ဆုံး အထူးရောဂါကတော့ HIV ဖြစ်ပါတယ်။ HIV ရဲ့နောက်ဆုံးအဆင့် အေအိုင်ဒီအက်စ် AIDS အထိ အကျဉ်းချုပ်ဖေါ်ပြပါတယ်။ မြန်မာပြည်မှာတော့ ဈေးချိုတဲ့ အိန္နိယက ကာကွယ်ဆေး တလ ဒေါ်လာ၁၀၀လောက်နဲ့၊ HIV အဆင့်မှာပဲ ရပ်တံ့ထားတဲ့ ဆေးရနိုင်တယ်ပြီး စင်ကာပူဆေးကတော့ တလဒေါ်လာတစ်ထောာင်လောက် (ထုံးစံအတိုင်း) ဈေးကြီးပါတယ်။ ပုံမှန် ကျန်းမာရေးဆောင်းပါးတွေ ရေးပေးတဲ့ ဆရာမက.. ဆေးရှိတယ်ဆိုပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းလို့တော့ မရဘူးပေါ့နော် ... လို့ သတိပေးထားပါတယ်။

ဒါကြောင့်ပဲ ကမ္ဘာကျော် မက်ဂျစ်ဂျွန်ဆင် အမေရိကန်ဘတ်စကက်ဘောသမားကြီးလည်း HIV ရောဂါဖြစ်ပြီး၊ အနားယူသွားတာ ၁၀နှစ်ကျော်ပေမဲ့ အသက်ရှင်တုန်းပါပဲ။ ရောဂါမတိုးစေတဲ့ ဆေးတွေနဲ့ အသက်ဆက်ရတယ်။ စိတ်ကျရောဂါတော့ ရှိတာပေါ့။ ဒေါက်တာမြင့်မြင့်စန်းရဲ့ ဆောင်းပါးအရ ဆေးကအရမ်းပြင်းလွန်းပါတယ်။ တသက်လုံးသောက်သွားရမှာ။ သောက်ပြီဆိုရင် ဖြတ်လို့မရတော့ဘူး။ Side Effects အရမ်းပြင်းတော့ တကယ်မတိုက်မဖြစ်အခြေအနေရောက်မှ ဆေးတိုက်ပါတယ်။ HIV ဖြစ်လို့ ကျွမ်းတဲ့အဆင့်မရောက်ရင် တခြား ကာကွယ်၊အားဆေးတွေ ကြွေးပြီး ထိန်းကြည့်တယ် ..ဆိုပါတယ်။ သမ္မာကျမ်းစာမှာ ဆော်လမုန်မင်းကြီး မိဘုရားများလွန်းခြင်း၊ ဒါဝိတ်မင်းကြီးရဲ့ ဗာသရှေဖ လွန်ကျူးမှု စသဖြင့် သခန်းယူစရာများလို လူတိုင်း မိမိဘ၀ သင်ခန်းစာများရှိပါတယ်။ ရောမဘုရင်ကြီး ဂျူးလီယက်ဆီဇာ ဆိုရင် ကာမတဏှာ လွန်ကျူးလွန်းလို့ နောက်ဆုံး ပိုဆိုးဝါလှတဲ့ လိင်တူဆက်ဆံခြင်း Homosexual ဘ၀ရောက်တဲ့အထိ လွန်ကျူးခဲ့ပါတယ်။

ကိုပြုံး AIDS ဘ၀အကြောင်း
ကိုပြုံးဟာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။ မြန်မာပြည်မှာ ၁၉၉၁ခုနှစ် နောက်ပိုင်း စီးပွားရေးအရမ်းကောင်းနေစဉ်က ၀င်ငွေကောင်းလှတဲ့၊ ဆောက်လုပ်ရေးလုပ်ငန်းများမှာ အလုပ်ရပါတယ်။ ထုံးစံအတိုင်း ငွေပေးပြီးပျော်ပါးတဲ့ မိန်းမများမှ HIV ရောဂါရခဲ့ပါတယ်။ ထုံးစံအတိုင်း တခြားအင်ဂျင်နီယာများလို အလုပ်ရှိတဲ့ စင်ကာပူရောက်လာပြီး အပျော်အပါးကိစ္စတွေ သိုသိပ်စွာ သွားလာတတ်ပါတယ်။ အိမ်ထောင်မရှိပါ။ ၁၉၉၆ မှာတော့ ကိုယ်ခံအားအလွန်မင်းကျဆင်းသွားပြီး၊ ဆေးရုံတက်၊ ဆေးစစ်တော့ AIDS နောက်ဆုံးအဆင့် ထိတ်လန့်စဖွယ်သိလိုက်ရပါတယ်။ ဆရာဝန်များနဲ့ ကြိတ်ကုသပါတယ်။ အဲဒီခေတ်က မြန်မာဆရာဝန် ဒေါက်တာမြင့်မြင့်စန်း ဆီကိုလည်း လာရောက်တိုင်ပင်ပါတယ်။ ဆရာဝန်များစွာနဲ့ တိုင်ပင်ပြီး နောက်ဆုံး အလုပ်နဲ့၊ မြန်မာများအကြား ဟိုးလေးတကျော်မဖြစ်ခင်၊ လှုပ်ရှားနိုင်တုန်းမှာ မြန်မာပြည် တိတ်ဆိတ်စွာပြန်ပြီး၊ အသေခံဖို့ အလုပ်ကထွက်လိုက်ပါတယ်။ စုဆောင်းငွေများကို ထုတ်ပြီး ဘယ်သူ့ကိုမှ မပြောပဲ လေယာဉ်လက်မှတ်ဝယ်၊ အတူနေတဲ့ အခန်းဖေါ်ကလည်း မရိပ်မိဘူး၊ ရိုးရိုးနေမကောင်းဖြစ်တယ်ပဲ ထင်မိတယ်။ အလုပ်ကထွက်ပြီးတာနဲ့ စိတ်ကျရောဂါကြောင့် စိတ်ထောင်း၊ ကိုယ်ကြေ .. ၁၀ရက်အတွင် စုဆောင်းငွေများအကုန်ထုတ်၊ လေယာဉ်ကွင်းမဆင်းခင်မှာ လမ်းတောင်မလျှောက်နိုင်ပဲ၊ တွန်းလှဲနဲ့သွားလာတဲ့အဆင့် ရောက်သွားပါတယ်။ လေဆိပ်ကို အခန်းဖေါ်က လိုက်ပို့ချိန်ကျမှ အခန်းဖေါ်ကို သူ့ရဲ့ AIDS ရောဂါအကြောင်းရင်ဖွင့်ပါတယ်။ သူရဲ့အရင်းနှီးဆုံးမိတ်ဆွေတယောက်ကိုတော့ ဖွင့်ပြောခဲ့တယ်။ အဲဒိအရင်းနှီးဆုံးမိတ်ဆွေလည်း လေဆိပ်ကို လိုက်မပို့နိုင်ပါဘး။ အခန်းဖေါ်ရဲ့ ပြောပြချက်အရ လေဆိပ်မှာ ဒေါက်တာမြင့်မြင့်စန်းနဲ့ ဓမ္မဆရာ (ယခု စင်ကာပူယုဒသန်အသင်းတော်) တို့က လေဆိပ်ထိလိုက်ပြီး သမ္မာကျမ်းစာနဲ့အားပေး၊ ဆုတောင်းပေးပါတယ်။ သူ့ဖာသာ တွန်းလှဲဘီးယက်ပြီး အမိမြန်မာပြည်ကိုပြန်သွားပါတယ်။ တလလောက်မှာ သေဆုံးသွားပါတယ်။

အာရပ်လူမျိုးတဦး
မစ္စတာ မာမက် ဆိုတဲ့ အာရပ်လူမျိုး မိတ်ဆွေတယောက်၊ ငွေချမ်းသာပေတော့ မိန်းမများနဲ့ ပျော်ပါးတတ်ပါတယ်။ ပညာတတ်ဆိုတော့ ကွန်ဒုံးကို သုံးပြီး၊ သတိနဲ့ကြီးစွာနဲ့ မသိကြွမ်းတဲ့ မိန်းမများနဲ့ ဆက်ဆံပါတယ်။ ကာမတဏှာလွန်ကျူးတဲ့နေရာမှာ AIDS ရောဂါမဖြစ်ရအောင်၊ မိန်းမကို သေချာကြည့်ပါတယ်။ HIV ရှိတဲ့မိန်းမဆိုတာ ဘယ်လို မျက်စိနဲ့ ဆုံးဖြတ်နိုင်မှာလဲ...။ တနေ့တော့ သူနဲ့ဆက်ဆံဖူးတဲ့ ချောချောလှလှ ဖိလစ်ပင်းမိန်းမလည်တယောက်က သူ့ကိုအတင်းလာကပ်တယ်။ မိန်းမတယောက်ကို ၂ခါထက်ပိုမဆက်ဆံတဲ့ အာရပ်လူမျိုး၊ လူငယ်သူဌေးက အလွယ်တကူရှောင်ရှားနိုင်ပါတယ်။ သို့သော် အဲဒီမိန်းမရဲ့ တယ်လီဖုန်းကိုတော့ မရှောင်နိုင်ပါဘူး။ ကပ်လို့မရတော့ မိန်းမလည်က ဖုန်းနဲ့ ငါ့မှာ AIDS ရှိတယ်။ မင်းနဲ့ဆက်ဆံချိန်မှာ ကွန်ဒုံးကိုခဏဖြုတ်လိုက်တာ မှတ်မိသလား၊ ငါကယောင်္ကျားတွေကိုမုန်းလို့ ငါ့ရဲ့ရောဂါကို လိုက်ဖြန့်နေတယ် .. ပြောပြီး ဖုန်းချလိုက်တယ်။ သူအလွန်ကြောက်တဲ့ ရောဂါကြီး သူ့ဆီရောက်လာပါပကော..ဆိုပြီး အိပ်မရတော့ဘူး။ တတ်နိုင်တဲ့နည်းနဲ့ အဲဒီမိန်းမကို လိုက်စုံစမ်းတယ်။ ကိုယ့်ကို ကိုက်သွားတဲ့ခွေးကို ခွေးရူးရောဂါရှိမရှိ သိချင်သလို၊ အဲဒီမိန်းမမှာ တကယ် HIV ရှိမရှိ သိဖို့ကြိုးစားပေမဲ့၊ နှစ်သာကြာသွားတယ်။ အဲဒီမိန်းမ ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ စင်ကာပူလိုနိုင်ငံမှာ နိုင်ငံခြားသူများစွာ ဘယ်လိုရှာနိုင်တော့မလဲ။ နောက်ဆုံးတော့ Depression ဖြစ်သွားပြီး၊ သူ့မှာ HIV ရောဂါရသွားပြီလို့ မအိပ်နိုင်၊ မစားနိုင် ပိန်ချုံးလာပါတယ်။ နီးစပ်တဲ့ မိဘ၊မောင်နှမများက သိသွားတော့ .. တခါပဲဆက်ဆံတာနဲ့လုံဝမဖြစ်နိုင်ဘူး။ ဆေးစစ်ကြည့်ပါ ပြောပေမဲ့ သူက တောင့်ခံပြီး ဆေးမစစ်ဘူး။ သူ့ဖာသာ ဘယ်သူမှမသိတဲ့ Private Clinic မှာ စစ်ကြည့်ပါ အကြံပေးလို့ တယောက်တည်း သွားစစ်ကြည့်တယ်။ အဖြေကတော့ Negative တဲ့၊ HIV ရောဂါမရှိပါ အဖြေရပေမဲ့ .. ငါသွားတဲ့နေရာကို ငါ့ဆွေမျိုးတွေ လိုက်စုံစမ်းပြီ၊ အဲဒီ ဆေးခန်းနဲ့ပေါင်း - HIV မရှိဆိုပြီး ၀ိုင်းလုပ်ပေးနေကြတယ်ပဲ ထင်မိတယ်။ လူလည်း တကယ်ပိန်ချုံးလာတယ်... ၃နှစ်လောက်ကြာသွားပြီးမှ၊ သူ့ဖာသာ အကြိမ်ကြိမ် HIV Test လုပ်တိုင်း၊ Negative ဖြစ်နေတော့မှ၊ ပုံမှန်ဘ၀ကို ပြန်ရောက်ပါတယ်။

အဲဒီ ၃နှစ်အတွင်း စိတ်ခြောက်ခြားရောဂါနဲ့ ဘ၀ဆုံးသွားနိုင်ပါတယ်။


ကျွန်တော့ဘ၀နဲ့ HIV
စင်ကာပူအလုပ်လာလုပ်သူ နိုင်ငံခြားသားအားလုံး HIV စစ်မယ်။ ရောဂါရှိရင် အလုပ်လုပ်ခွင့်မပေးဘူး . ဆိုတဲ့ ဥပဒေကြီးထွက်လာတယ်။ ကိုယ် အလွန်ကြောက်တဲ့ HIV စစ်ဆေးမှုကို မလုပ်ချင်လဲ၊ လုပ်ရတော့မယ်။ ကိုယ့်ရဲ့ အလုပ်လုပ်ခွင့်ပါမစ် ၆လလောက်ကျန်သေးတော့၊ နောက်ဆုံး Orchard Road က နိုင်ငံခြားသားများကို အထူးကုပေးတဲ့ ဆေးခန်းတခုမှာ တိတ်တိတ်ကလေး HIV သွားစစ်ရတယ်။ ဆရာဝန်ကိုတော့ အမှန်အတိုင်းပြောရတယ်။ ငါ ..ဒီလို တဏှာကိစ္စ ပိုက်ဆံပေးပြီးလွန်ကျူးမိတယ်။ HIV ရှိမရှိ သေချာအောင် သိချင်လို့ ကိုယ့်ဖာသာ လာစစ်ပါတယ် ပြောရတယ်။ ရင်ဖွင့်ရတယ်။ ဆရာဝန်က လူနာတွေအကြောင်းကို နှုတ်လုံမှန်း၊ ယုံကြည်ပြီးသား၊ ပြီးတော့ အစိုးရဆေးခန်းထက် အဆများစွာဈေးကြီးပေးပြီး စစ်ရတယ်။ တပတ်အကြာမှာ ဘုရားဆုတောင်းပြီး၊ Result သွားယူတော့ HIV မရှိပါ ..သိရတယ်။ နောက်တကြိမ် သေချာအောာင် တခြား Lap မှာ စစ်ကြည့်တော့လည်း အိုကေပါတယ်။ အဲဒီ ၂နှစ်လောက်ကာလဟာ Nightmare ပါပဲ။ မဟုတ်တာလုပ်နေကျလူက မစိုးရိမ်ပေမဲ့ မလုပ်ဖူးတဲ့လူ တခါခိုး၊ တခါမိ ဖြစ်သွားတတ်လို့ ... ကိုယ်တွေ့ စိုးရိမ်မှုကြီးတခုပါပဲ။
ကျွန်တော်ကတော့ နိုင်ငံခြားရောက်လာတယ်။ မြန်မာပြည်က ငယ်စဉ်က မူရစ်ဆေးဝါးသမား၊ အပျော်ပါးသောက်စားသူများ .. အသက်၄၀မပြည့်ခင်၊ သေဆုံးသွားကြပါပြီ။ ကျွန်တော့ညီအရင်း AIDS နောက်ဆုံးအဆင့်မှာ မိဘထံပြန်ပြီး၊ ချေး၊သေး အိပ်ယာပေါ်မှာပဲ စွန့်ရတဲ့အထိ ပက်လက်၊ နှစ်ချီခံစားပြီး သေဆုံးသွားပါတယ်။ ကျွန်တော်မိဘများက စောင့်ရှောင့်နိုင် အပယ်ခံဘ၀မှာ ဖြေသာပါသေးတယ်။ တခြားသူငယ်ချင်းတဦး AIDS နဲ့လဲနေချိန် ..သူ့အခန်းကိုဝင်တွေ့တဲ့အခါ ချေးသေးနံစော်ပြီး၊ သေဖို့စောင့်နေသူကို ၀မ်းနည်းဖွယ်တွေ့ရတယ်။ ဒါက AIDS အမျိုးသားများဘ၀ပါ။ အမျိုးသမီးများဘ၀ကတော့ ပိုဆိုးဝါးလှပါတယ်။ အသက်၂၀အရွယ် အိမ်ကထွက်ပြီး အပြင်မှာဘ၀ရှင်သန်၊ မဟုတ်တာတွေဖြစ်ပျက်ပြီး ..အသက်၃၀လောက်မှာပဲ မိဘရပ်ရွာကို ပြန်ပြီး၊ သေဆုံးကြပါတယ်။ တချို့လည်း အိမ်မပြန်တော့ပဲ .. ရောက်တဲ့နေရာမှာ မိဘဆွေမျိုးများနဲ့အဆက်ဖြက်၊ သေဆုံးကြပါတယ်။ အလွန်ဝမ်းနည်းစရာကောင်းတဲ့ ဒီရောဂါကြီးဟာ ကာမတဏှာကြောင့် ပေါ်လာရတယ် ဆိုရင် မမှားပါဘူး။

တလင်တမယားစနစ်
အစိုးရတိုင်း ဥပဒေရှိပါတယ်။ ရိုးရာနဲ့ဘာသာရေးဥပဒေများကတော့ မိန်မတယောက်မက ယူနိုင်ပေမဲ့၊ မူဆလင်နိုင်ငံများမှာတောင် တလင်တမယားဖြစ်နေကြပါပြီ။ သို့သော် အိမ်ထောင်ရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးများမှာ လိင်ဖေါက်ပြန်ခြင်း Adultery ဆိုတာ ပြစ်မှုကြီးတခုပါ။ စီးပွားရေးသမားများမှာတော့ မသိချင်ယောင်ဆောင်နိုင်ပေမဲ၊ ငွေမျက်နှာကြည့်ပြီး၊ တဏှာကိစ္စများကို မျက်စိမှတ်ထားတတ်ပါတယ်။ စီးပွားရေးသမား လိင်ရှုပ်ပွေခြင်းကို အပြစ်ရှိတယ်လို့၊ မသတ်မှတ်ကြပါဘူ။ အမြက်အစွန်း လုပ်ပေးနိုင်သူကို ကုမ္ပဏီ မိန်မ Mistress အငယ်အနှောင်းထားခြင်းကို ။ ကိုယ်ရေးကိုယ်တာ ကိစ္ဒလို့ သတ်မှတ်ထားပါတယ်။ ၂ဦးသဘောတူရင် ပြီးတာပဲဆိုပြီး Sex Partners များနဲ့ အခုခေတ်ကြီးမှာ စိတ်ဝိညာဉ် သန့်ရှင်းမှုကိုလိုချင်သူကတော့ တလင်တမယားစနစ်ကို သစ္စာစောင့်ဖို့ပါ။
လူဘ၀ ဆိုသည်မှာ ငွေတခုတည်းမဟုတ်ပါဘူး။ သစ္စာတရားနဲ့ မိဘ၊သားသမီးများကို သစ္စာစောင့်ထိန်းနိုင်ခြင်းက အထူးအရေးကြီးပါတယ်။ ဟိုး..ရှေးခေတ်က ငွေ၊ အာဏာရှိရင် မိန်းမများများ၊ မိဘုရားများများ ကိစ္စမရှိပေမဲ့ ခေတ်ကာလပြောင်းသွားပြီဖြစ်ပါတယ်။ မိမိက လိင်ဖေါက်ပြန်မှုရှိနေရင် မိမိသားသမီးများ၊ တူတူမများလည်း ၀ဋ်လည်တတ်ပါတယ်။ ၀ဋ်ဆိုတာ နောင်ဘ၀ထိ မစောင့်ဘူးလို့ ဆိုကြပါတယ်။

လူပျို၊အပျို၊ အိမ်ထောင်မရှိသူများ
သူတို့အတွက်တော့ တဏှာပါဝါရဲ့၊ ကျော့ကွင်းအဝေးမှာ နေသူများဖြစ်ပါတယ်။ ခယ်မနဲ့ရှုပ်လို့၊ အမကြီးက လောကကိုစိတ်ပျက်ပြီး၊ ဝေးဝေးရှောင်ပေးတာရှိသလို၊ ခယ်မခမြာရှက်လွန်းလို့ သာသနာ့ဘောင်ဝင်သွားတာတွေလည်းရှိပါတယ်။ အထူးသဖြင့် အိမ်ထောင်ကွဲ အမျိုးသားကြီးများ၊ မိခင်မဲ့သားသမီးများအတွက် စောင့်ရှောက်မဲ့မိန်းမ ရှာသလိုနဲ့ ရှုပ်လေ့ရှိပါတယ်။ အခုခေတ်ကြီးကလည်း စာနဲ့ရေးရရင် အပြိုကြီး၊ လူပြိုကြီးလို့ ရေးရမလိုဖြစ်နေပါတယ်။ တဏှာပါဝါရဲ့ ကျော့ကွင်းနဲ့ဝေးရာမှာ ရောက်နေသူများလို့ သတ်မှတ်တဲ့အတွက်၊ လိင်ကူးစက်ရောဂါများ၊ အရှက်တကွဲအကျိုးနဲဖြစ်ရပ်များ သိပ်မဖြစ်ပါဘူး။ ငယ်ရွယ်သူ လူပျို၊ အပျို များလည်း တယောက်နဲ့လက်ထပ်ပြီးတဲ့အချိန်မှာ ဘ၀ကိုနားလည်သွားကြတဲ့ အိမ်ထောင်ဖက်များအဖြစ် တည်ငြိမ်မှု ရသွားလေ့ရှိပါတယ်။ အပျိုကြီးဘ၀ရောက်သွားရင်လည်း အိမ်ထောင်မပြုတော့လို့ ဆုံးဖြက်၊ တည်ငြိမ်ပေမဲ့၊ လူပျိုကြီးဘ၀ရောက်သွားရင်တော့ မတည်ငြိမ်တတ်ပါဘူး။ .. သဲတဆုပ်နိုင်တယ်၊ မြက်နုကြိုက်တယ် ..စသဖြင့် စကားပုံရှိပါတယ်။ သူတို့ကိုတော့ HIV ဖြစ်ခဲ့တဲ့လူတန်းစားအနေနဲ့ ဒီဆောင်းပါးမှာ ချွင်းချက်ထားလိုက်ပါတယ်။

ကမ္ဘာ့ HIV ဖြစ်ပွားမှုအခြေအနေ
မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့် ၁၉မှာရှိသော်လည်း၊ အာရှတိုက်မှာတော့ ထိုင်း (နံပါတ်၁) မြန်မာ (နံပါတ်၂) ဖြစ်နေတာ တွေ့ရပါတယ်။ ဒါတောင် ထိုင်း၊မေလးရှားနိုင်ငံရောက် မြန်မာများ ၄သန်းခန့် စာရင်းပျောက်နေပါတယ်။ မြန်မာ HIV ရောဂါသည်များဟာ ထိုင်းနိုင်ငံက တဆင့်ကူးစက်တယ်ဆိုတာ ငြင်းစရာမလိုပါဘူး။ ဒါကြောင့် ထိုင်းနဲ့မြန်မာ ပူးပေါင်းလုပ်ဆောင်ရပါမယ်။

ကမ္ဘာနဲ့ယှဉ်ရင်၊ ကြမ်းတမ်း၊ဆင်းရဲလွန်းတဲ့ အာဖရိကနိုင်ငံများကိုချန်ထားပြီး အာရှအိမ်နီးချင်းနိုင်ငံတွေကို ကြည့်တာ လျှော်ကန်ပါတယ်။ အာရှတိုက်မှာ ထိုင်း၊ဗီယက်နမ်၊ကမ္ဘောဒီယားတွေ ဘာကြောင့်  HIV များရသလဲဆိုတော့ ဗီယက်နမ်စစ်တွင်းက အမေရိကန်တပ်များဆီက ရရှိတယ်လို့ကောက်ချက်ချနိုင်ပါတယ်။ နောက်ပိုင်း ကမ္ဘာလှည့် လိင်ခရီးသည်များကို မတားဆီးနိုင်ခြင်း၊ ကျေးလက်လူငယ်များ ပညာမတတ်ခြင်း စတဲ့ အားနည်းခြင်း၊ အစိုးရပညာပေးမထိရောက်ခြင်း၊ စတဲ့အချက်များကြောင့်ပါ။ မြန်မာနိုင်ငံကတော့ အိမ်နီူးချင်းထိုင်းနိုင်ငံကတဆင့် ကူးစက်ခံရပါတယ်။

ထူးခြားချက်တခု။
လူဦးရေမြန်မာထက် ၂ဆရှိတဲ့ အိမ်နီးချင်းဘင်္ဂလားဒေ့နိုင်ငံက HIV ပြသနာမရှိတာလဲ အံ့သြစရာပါ။ မြန်မာထက် လူဦးရေ၂ဆများတဲ့ အရှေ့တောင်အာရှ ဖိလစ်ပိုင်နိုင်ငံလည်း HIV အနည်းဆုံးဖြစ်နေတာလဲ အံ့သြစရာပါပဲ။ ဘာသာတရား ထိမ်းချုပ်မှုကြောင့်ဖြစ်ပါလိမ့်မယ်။




ကာမတဏှာရန်သူကိုရှောင်ရှားဖို့
အမျိုးသားများ ကာမတဏှာနောက်ဆို ရှောင်ဖို့ထက်၊ အမျိုးသားစကားဝိုင်းမှာ Hot Topic ပဲ ဖြစ်လေ့ရှိပါတယ်။ ယေင်္ကျားဆို ရဟန်းမဟုတ်ရင်၊ ဂန်ဒူးနဲ့နှာဘူး တခုခုပဲ ပြောကြတယ်။ အခုခေတ်က အထူးသဖြင့် မိန်းကလေးများလည်း ပွင့်လင်းလာတော့ အဲဒီရန်ကို ရှောင်ဖို့ထက် မလွန်ကျူးဖို့ အထူးခက်ခဲလာပါတယ်။

အခုခေတ်မှာ Privacy, Freedom ကိုပိုပြီး အလေးထားလို့၊ တယောက်တည်း နေတဲ့လူတွေများလာပါတယ်။ ရန်သူငါးပါးကို ကာကွယ်ဖို့ အဖေါ်ရှိဖို့လိုပါတယ်။ ငွေတတ်နိုင်တိုင်း တအိမ်လုံး၊ တယောက်ထဲ နေတာထက်၊ အခန်းဖေါ်၊ ဆွေးနွေးတိုင်ပင်ဖေါ် လိုအပ်ပါတယ်။ အခုခေတ်က တယ်လီဖုန်းမှာတောင် အညှီအဟောက်တွေ ရှိနေတဲ့အတွက် Privacy တဏှာပါဝါများကို မမှားယွင်းဖို့။ တယောက်ထဲရှိရင် တဏှာပါဝါ စိတ်ဓါတ်တွေ ခေါင်းထဲဝင်လာတတ်ပါတယ်။ အခြေအနေကလည်း ပေးလာရင် .. မဖြစ်သင့်တာတွေ၊ ဖြစ်သွားပါတယ်။ ဥပမာ .. May 2011 မှာ နိုင်ငံတကာငွေကြေးအဖွဲ့ အကြီးအကဲ ပြင်သစ်လူမျိုး Strauss-Kahn တယောက်တည်း နယူးယောက်ဟိုတယ်မှာတည်းခိုတုန်း ဟိုတယ်သန်းရှင်းရေးအလုပ်သမတဦးကို ကာမတဏှာကြိုးစားမှုတာ ဖေါ်ထုတ်ခံရလို့ အလုပ်ပြုတ်၊ အရှက်တကွဲဖြစ်ရတယ်။ အမေရိကန်သမ္မတကြီး ကလင်တွန်လည်း သောင်္ကြာညနေပိုင်းတွေ အားလပ်ချိန်၊ ကိုယ်စိတ်အနားယူတုံး အိမ်ဖြူတော်အလုပ်သမတဦးနဲ့ ကာမတဏှာလွန်ကျူးမှုတွေကြောင့် အလုပ်မပြုတ်ပေမဲ့၊ အရှက်တကွဲအကျိုးနည်းရတယ်။ ဒီလိုပဲ ရာထူးခပ်ကြီးကြီး အရာရှိကြီးများ ဇနီးသည်မရှိပဲ လိင်စိတ်မုန်ယိုလာရင် အိမ်စေမတွေနဲ့တောင် တဏှာပါဝါ လွန်ကျူးမှုဖြစ်ရတယ်။ မဖုံးနိုင်ပဲ အရှက်တကွဲဖြစ်ရတဲ့ ဇတ်လမ်းတွေ အများကြီးရှိပါတယ်။ အရက်သေစာသောက်စား၊ လွန်ကျူးသူများကတော့ ပိုဆိုးပါတယ်။ ကာမဂုဏ်ထိန်းချုပ်နိုင်သူပဲ ဘ၀အောင်မြင်မှုကို ရရှိပါတယ်။ ကာမဂုဏ် ထိန်းချုပ်ခြင်းဆိုတာ အာရုံငါးပါး မလွန်ကျူးခြင်းပါ။

ရှက်ဖွယ်ရာများ .. ဟောလီးဝုသရုပ်ဆောင်များ၊ အဆိုတော်များကတော့ ရှောင်ရှားဖို့ခက်ခဲလှပါတယ်။ ကမ္ဘာ့ဂေါက်သီးချန်ပီယံ တိုက်ဂါးဝု၊ အမေရိကန်သမ္မတကလင်တွန်၊ စသည်တို့အပြင် စင်ကာပူမှာ အခုတလောနာမည်ကြီး အတိုက်ခံပါလီမန်အမတ် Worker Party MP ရာထူးကထွက်ခွာရတဲ့ မိန်းမရှုပ်မှုများ..စသဖြင့် များစွာရှိပါတယ်။

ဘုရားသခင်သာလျှင်
ကျွန်တော့်အတွက် အိုး..ဘုရားသခင်.. ဆိုပြီး၊ ဘုရားကိုပဲ ကွယ်ကာခိုင်းရတယ်။ မိမိဖာသာတော့ ကွယ်ကာဖို့ မဖြစ်နိုင်ပါဘူး။ ချမ်းသာတဲ့မိတ်ဆွေတဦးကတော့ သူ့မိန်းမကို .. မင်းကလွဲရင်၊ ဘယ်မိန်းမကိုမှ မဆက်ဆံဘူးလို့ နှုတ်နဲ့ပြောထားတယ်။ တယောက်ထဲ ခရီးသွားရင်လဲ ရောက်တဲ့နေရာမှာ သူငယ်ချင်းတယောက်ဆီ ဆက်သွယ်တယ်။ သူနည်းသူဟန်နဲ့ ရှောင်ရှားတယ်။ အကောင်းဆုံးရှောင်ရှားခြင်းကတော့ တဏှာစကား ပြောခဲလှတဲ့ မိတ်ဆွေများနဲ့ပဲ ပေါင်းသင်းနေထိုင်ခြင်းပါ။ ၀မ်းစာအလုပ်လုပ်ရတဲ့အချိန် တဏှာစကားမပြောသူကိုပဲ ပေါင်းသင်းဖို့ဆိုတာ ခက်ပေမဲ့၊ ဘုရားသခင် တတ်နိုင်ပါတယ်။

တဏှာအကြောင်းရေးရတာ အလွန်အန္တရယ်များပါတယ်။ ကိုယ်တိုင်က Perfect မဖြစ်တော့ ရေးဖို့ခက်ခဲပါတယ်။ စင်ကာပူ သခင့်စကား ၀ိညာဉ်ရေးရာမဂ္ဂဇင်းတာဝန်ခံ မင်းအောင်သက်လွင်ရေးတဲ့ လစဉ် တဏှာပါဝါ ဆိုတဲ့ မိန်းမငယ်များရဲ့ ပြောပြတဲ့အမှား သက်သေခံချက်များကို ဆက်တိုက်ဖတ်ရပါတယ်။ ကနေဒါက ဆရာဒေးဗစ်လား စင်ကာပူရောက်လာပြီး၊ Living Together တွေ၊ မတရားသောမေထုံအကြောင်းတွေ .. ဘုရားရှေ့မှာ အလွန်ရှက်ဖွယ်ကောင်းတဲ့အတွက် ...စွန့်လွှတ်ကြဖို့ တိုက်တွန်းသွားပါတယ်။

တလင်တမယားစနစ်ကို လူဘောင်လောကက လက်ခံကြပါတယ်။ အာရှနိုင်ငံတွေမှာတော့ ဘုရင်နဲ့သူဌေးများ မိန်းမများများရှိတာကို ခွင့်လွှတ်ကြပေမဲ့၊ ဥရောပနိုင်ငံများကတော့ ဟိုး... ရောမခေတ်၊ ခရစ်တော်ဖွားမြင်ကတည်းက ရောမဧကရာဇ်တွေတောင် တလင်တမယား၊ ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ကြပါတယ်။ အခုခေတ်မှာ အာရှနဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေလည်း တလင်တမယားစနစ်ကို တွင်ကျယ်စွာကျင့်သုံးနေပါပြီ။ အခုခေတ်ကြီးမှ တလင်တမယားစနစ်နဲ့ အစိုးရကိုယ်တိုင်က ထိန်းချုပ်ပေးတဲ့အချိန်မှာ ကျွန်တော်တို့လည်း စည်းမျဉ်းဘောင်အတွင်းမှာပဲ နေထတ်ရင်၊ ကာမတဏှာရန်သူကို ရှောင်ရှားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

အားလုံးရွှင်လန်းချမ်းမြေ့ပါစေ..။

ဇော်အောင်(မုံရွာ)

ကျမ်းပိုဒ်။  ရှင်မဿဲ ၅း၂၇-၃၀
 
၂၇သူ့မယားကိုမပြစ်မှားရ ဟူသောရှေးပညတ်စကားကို သင်တို့ကြားရပြီ။ ၂၈ငါ့ပညတ်သည်ကား ကိလေသာစိတ်နှင့်သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှာပြီ။ ၂၉ထိုကြောင့် လက်ျာ မျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တကိုယ်လုံးငရဲသို့ ချခြင်းကိုခံရသည်ထက် အင်္ဂါတခုပျက်သော် သာ၍ကောင်း၏။ ၃ဝထိုနည်းတူ လက်ျာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင်၊ ထိုလက်ကိုဖြတ်ပစ်လော့။ တကိုယ်လုံးငရဲသို့ချခြင်းကိုခံရသည်ထက် အင်္ဂါတခုသာ ပျက်သော် သာ၍ကောင်း၏။
http://murann.com/audio

No comments: