Friday, June 8, 2012

ကျမ်းစာပါသော၊ ပရောဖက်အကြီးစားနဲ့ပရောဖက်အငယ်စားများ

ဓ မ္မ ဟောင်း ကျမ်းစာကို အောက် ပါ အ တိုင်း လေ့ လာ လို့ ရ ပါ တယ်။
အ ပိုင်း (၁)။ မော ရှေ ၏ စာ များ
အ ပိုင်း (၂)။ အ စ္စ ရေး သ မိုင်း
အ ပိုင်း (၃)။ ဥာ ဏ် အ မြော် အ မြင် နှင့် ဆိုင် သည့် စာ များ
အ ပိုင်း (၄)။ အ ကြီး စား ပ ရော ဖက် ပြု ခြင်း များ
အ ပိုင်း (၅)။ အ သေး စား ပ ရော ဖက် ပြု ခြင်း များ

ပရောဖက်လို့ သတ်မှတ်ခြင်းကို ဓမ္မဟောင်းခေတ်ကို ညွှန်းကြပါတယ်။ ဓမ္မသစ်ခေတ် (သခင်ယေရှု၊ ကြွလာပြီးနောက်ပိုင်းမှာ
ကျမ်းပြုသူများကို တမန်တော်လို့ ခေါ်ဝေါ်ကြပါတယ်။ နမိတ်ဖတ်ခြင်းဟာ ဓမ္မစောင်းခေတ်နဲ့ အတူ ကျန်ရစ်ခဲ့ပြီး ဆိုသော်ငြားလည်း မိမိကိုယ်ကို ပရောဖက်အဆင့်သတ်မှတ်သူ၊ (သို့မဟုတ်) နောက်လိုက်များက ပရောဖက်အဖြစ် သတ်မှတ်သူများ ပေါ်လာမဆဲ တသဲသဲပါ။ မုရန်အဖွဲ့သားများအတွက် ပရောဖက်ဆိုတာ ဓမ္မဟောင်းမှာပဲ သတ်မှတ်တယ်လို့ ယူဆပြီး ဗဟုသုတဖြစ်ဖွယ် ပြုစုလိုက်ပါတယ်။


ပေါ်ထွန်းခဲ့သောပရောဖက်များ
အ ပိုင်း (၄)။ အ ကြီး စား ပ ရော ဖက် ပြု ခြင်း များ - ဟေရှာယအနာဂတ္တိ ၊ ယေရမိအနာဂတ္တိ ၊ ယေရမိမြည်တမ်း ၊ ယေဇကျေလအနာဂတ္တိ ၊ ဒံယေလအနာဂတ္တိ
အ ပိုင်း (၅)။ အ သေး စား ပ ရော ဖက် ပြု ခြင်း များ - ဟောရှေအနာဂတ္တိ ၊ ယောလအနာဂတ္တိ ၊ အာမုတ်အနာဂတ္တိ ၊ သြဗဒိအနာဂတ္တိ ၊ ယောန၀တ္တု ၊ မိက္ခာအနာဂတ္တိ ၊ နာဟုံအနာဂတ္တိ ၊ ဟဗက္ကုတ်အနာဂတ္တိ ၊ ဇေဖနိအနာဂတ္တိ ၊ ဟဂ္ဂဲအနာဂတ္တိ ၊ ဇာခရိအနာဂတ္တိ ၊ မာလခိအနာဂတ္တိ
Timeline of the Prophets
Jonah 770 B.C. to Ninevah
Amos 760 to Israel
Hosea 760 - 730 to Israel
Isaiah 740 - 700 to Judah
Micah 737 - 690 to Judah
Habakkah 630 to Judah
Zephaniah 627 to Judah
Jeremiah 627 - 580 to Judah
Daniel 605 - 530 to Judah
Ezekiel 593 - 570 to Judah
Nahum 593 - 570 to Ninevah
Haggai 520 to Judah
Zechariah 520 - 518 to Judah
Joel 500 to Judah
Obadiah 500 to Edom
Malachi 433 B.C. to Judah

Ref:
http://www.spiritrestoration.org/Church/Timelines/TimelIne_of_Minor_and_Major_Prophets_in_the_Old_Testament.htm

အထက်ပါဇယားအရဆိုရင် ပရောဖက်အကြီးစား ၄ဦးနဲ့ ပရောဖက်အငယ်စား ၁၂ဦးတို့ရဲ့ ခေတ်များကို ကြည့်ရင်

၁။ ဟာဖက္ကုပ်၊ ဇေဖနိ၊ ယေယမိ၊ ဒံယေလ၊ ယေဇကျေလ၊ နာဟုံ တို့ဟာ ရှေ့ဆင့်နောက်ဆင့် ပေါ်ထွန်းခဲ့ကြပါတယ်။

၂။ ယေယမိ၊ ဒံယေလ၊ ယေဇကျေလ တို့ခေတ်မှာ ယုဒနဲ့က္ကုသရေလ နိုင်ငံများ ပျက်စီးတဲ့အချိန်ဖြစ်ပါတယ်။ ဒံယေလတို့ကို ဘာဗုလုန်ဖမ်းခေါ်သွားတယ်ဆိုတဲ့ မှတ်တမ်းရှိပါတယ်။

၃။ ဖမ်းခံသွားရပြီး က္ကုသရေလနိုင်ငံပြည်လည်ထူထောင်
တဲ့ ဧဇရ နဲ့ အုတ်တံတိုင်းပြန်ကာတဲ့ နေဟမိ တို့ဟာ ပရောဖက်များမဟုတ်ပါဘူး။ မင်းမှုထမ်းများဖြစ်ကြပါတယ်။ သူတို့ဟာ ပါရှားဘုရင် (ယခုခေတ် အီရန်) ထံမင်းမှုထမ်းများဖြစ်ပြီး ဘုရင်ခွင့်ပြုချက်နဲ့ ယေရုဆလင်မြို့ ပြန်လည်ထူထောင်သူများဖြစ်ပါတယ်။ နေဟမိက နှစ်၇၀လောက် စောတယ်လို့ ဆိုပါတယ်။ ပညာရှင်များရဲ့ အဆိုအရ တခေတ်ထဲပေါ်ခဲ့ခြင်းမဟုတ်ဆိုပါတယ်။  သေချာတာကတော့ ပရောဖက်စာရင်းထဲ မထည့်ထားပါ။ မူဆလင်တို့ရဲ့ ကိုရမ်ကျမ်းစာမှာလည်း ပရောဖက်အဖြစ် မသတ်မှတ်လို့ ဆိုပါတယ်။  (၀ီကီကိုးကားသည်)

၎။ ဟဂ္ဂဲ၊ ဇေဖနိ၊ ယောလ၊ သြဗဒိ တို့ ၄ဦးဟာလည်း ခေတ်ပြိုင် ပရောဖက်အငယ်စားများအဖြစ် အတူပေါ်ပေါက်ခဲ့ပါတယ်။

ဆက်လက်ဆွေးနွေးရန် ကွန်မင့်ပေးစေလိုပါတယ်။

contact@murann.com

No comments: