Wednesday, July 25, 2012

"S Gum Aung ၏ ဘ၀မှန် " သာသနာ ကာကွယ်စောင့်ရှောက်ရေး အကျိုးတော်ဆောင်များမှ ဖော်ထုတ်ရှင်းလင်းထားသော မှတ်တမ်းဗွီဒီယို


မိတ်ဆွေများ.

S Gum Aung အိနိယနိုင်ငံ မီဇိုပြည်နယ်မှာ ဇွန်လ(၁)ရက်နေ့က ရှင်းလင်းချက်ဗီဒီယိုထုတ်ပါတယ်။ သူက ဂျီဒီအိုင်ဘွဲ့ရဖြစ်ကြောင်း၊ ဗုဒ္ဒဘုန်းကြီးဘွဲ့ရှိကြောင်း တွေကို ပြောသွားတဲ့အခါ အဲဒီမှာရှိတဲ့ ချင်းလူမျိုး သင်းအုပ်ဆရာဆိုသူများကလည်း အတူပါဝင်ပြောဆိုသွားပါတယ်။ နောက် ရခိုင်၊ ရိုဟင်ဂျာအရေးအခင်းမှာ ငြိမ်သွားပြီး လောလောဆယ် ဇူလိုင်(၂၀) ရက်နေ့မှာ သူ့ဗီဒီယို ထပ်ထွက်လာပါတယ်။ အမ်စီအေအသင်းတော်ကိုလည်း ပြောသွားပါတယ်။ ဒီပုဂ္ဂိုလ်ဟာ လိမ်ပြောတတ်တဲ့ စိတ်ရောဂါရှိနေပါတယ်။


ဝန်ချတောင်းပန်ခြင်းမရှိ

RIT, ဗိုလ်ချုပ်မှုးကြီးစောမောင်ရဲ့ဘုန်းကြီး၊ သီရိလင်္ကာနိုင်ငံက ဗုဒ္ဒဘာသာ Ph.D ရရှိခြင်း အစရှိသဖြင့် လိမ်လည်ပြောမိတယ် အပြစ်မ၀န်ခံပဲ၊
ဆက်လက်တမျိုးတဖုံ လုပ်နေဆဲဖြစ်ပါတယ်။ မြန်မာ သာသနာရေးဝန်ကြီးဌာနက ဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးလည်း အမ်စီအေ ဘန်ကောက်ကို လာရောက်ပြီး မေးမြန်းစုံစမ်းသွားပါတယ်။ မဟုတ်မှန်မှန်း ဘာကြောင့် စောစောက မစုံစမ်းရသလဲ ဆိုတာမျိုး၊ S Gum Aung ဟာ လူလိမ်ဖြစ်ကြောင်းကို သက်သေအဖြစ် မေးမြန်းဆွေးနွေးပြီး ပြန်သွားပါတယ်။

စကားပြော အင်မတန်ကောင်းလှတဲ့ Talented S. Gum Aung ကို  အားပေးနေတဲ့ ခရစ်ယာန်များစွာရှိနေပါတယ်။ ဗုဒ္စဘာသာ ကနေ ခရစ်ယန်ပြောင်းလဲလာခြင်းအတွက် ယုံကြည်ခြင်းတရားဒေသနာ မမှားဘူး ဆိုပြီးထောက်ခံနေသူများစွာ ရှိပါတယ်။ ဒီအတွက် ပြောစရာမရှိသော်လည် လောကအရာများမှာလည်း မှားယွင်းပြောဆိုမှုများ ဆက်လက်မလုပ်တော့ရန် လည်း အရေးကြီးလှပါတယ်။

သူအတွက် ဘ၀မှားများကို ၀န်ခံပြီး နောင်တနဲ့ ဘ၀သစ်ကို ဆက်စေဘို့။ ယုံကြည်သူများကို တိုက်ခိုက်လာမှုများ အတွက် ခံနိုင်ရည်အားရှိရန်၊  ယုံကြည်သူအချင်းချင်း ညီညွတ်ရန်၊ အမ်စီအေ အသင်းတော်နဲ့ သင်းအုပ်၊ ဓမ္မဆရာ၊ အသင်းသားအားလုံးအတွက်လည်း ပိုပြီးဘုန်းတော်ထင်ရှားစေဖို့ ဆုတောင်းပါတယ်။

S Gum Aung ပဲခူးမှာ ကျောင်းထိုင်ခဲ့တဲ့ ရွှေကျင်ကျောင်းတိုက်က စုံစမ်းစစ်ဆေးပြီး လူလိမ်ဖြစ်ကြောင်း၊ ဗွီဒီယိုများလည်း ထွက်ပါတယ်။ အားရင်တော့ ကြည့်ပြီး ထပ်မံ (အထူးသဖြင့် ခရစ်ယန်မဟုတ်သူများကို) မဖြန့်ဝေရန် မေတ္တာရပ်ခံပါတယ်။


Rev T Peter (ခ) S. Gum Aung ၏ လိမ်လည်မှုများအပေါ် ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး အကျိုးတော်ဆောင်များမှ ဖော်ထုတ်ရှင်းလင်းထားသော မှတ်တမ်းဗွီဒီယို အမှတ် (၂) ဖြစ်ပါသည်။

S Gum Aung's mask
Rev T Peter (ခ) S. Gum Aung ၏ လိမ်လည်မှုများအပေါ် ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး အကျိုးတော်ဆောင်များမှ ဖော်ထုတ်ရှင်းလင်းထားသော မှတ်တမ်းဗွီဒီယို အမှတ် (၃) ဖြစ်ပါသည်။
YouTube - Videos from this email





S.Gum Aung's faith on Christ is almost fully accepted. He talked about Goodness of God are right except he said, "I do not want to feed un-believers"..

He lied a lot for His education at RIT, his education at Pakuku Buddhist university & including Ph.D from Columbo Buddhist University. Some more, he lied as he was Senior General Saw Maung's monk and traveled to Japan, Korea.  

He lied that his mother was raped and killed ... actually, his mother is still alive at his home town at Mon state.

One thing he talked about "Buddhist literature was modified by someone that real God will be born by a mother called Mary" .. is true.  Because of this word, Buddhist monks society want S.Gam Aung lied ..everything.

Actually he talked right on FAITH.  Therefore, I agreed 50% 50% ..

His interview video appeared again and never apologized on what he talked (I think, he is mentally some thing wrong). Blind faith - his FAITH on Christ is no doubt but how can he glorify Christ.

သူက ခရစ်တော်ကို ယုံကြည်ခြင်းနဲ့ပတ်သက်လို့ ဟောပြောသက်သေခံသွားတာ အားလုံးနီးပါးမှန်ပါတယ်။ မယုံကြည်သူကို မကျွေးချင်ဘူး  ..ဆိုတာကလွဲလို့ပေါ့..။

သူ RIT အင်ဂျင်နီယာဘွဲ့ရဆိုတာလဲ လိမ်ပြောခဲ့တယ်။ ပခုက္ကူ ဗုဒ္ဓတက္ကသိုလ်၊ ကိုလံဘို ဗုဒ္ဓတက္ကသိုလ် တွေက ဗုဒ္ဓဘာသာဘွဲ့၉ခု Ph.D ဒေါက်တာဘွဲ့ အပါအ၀င် ရခဲ့တာလည်း လိမ်ပြောခဲ့တယ်။ ဗိုလ်ချုပ်မှုးကြီးစောမောင်လက်စွဲဘုန်းကြီးအဖြစ် ဂျပန်၊ကိုးရီးယားတွေကိကို သွားခဲ့တာလည်း မဟုတ်ပဲနဲ့ လိမ်ပြောခဲ့တယ်။ မုဒိမ်းကျင့်ခံရပြီးအသတ်ခံလိုက်ရတဲ့သူ့အမေအကြောင်းပြောပေမဲ့ သူ့အမေအရင်းဆိုသူဟာ သူ့မွေးရပ်မြေမှာ အသက်ရှင်လျှက်ရှိသေးတယ် ဆိုပဲ။

ဗုဒ္ဓကျမ်းဂန်မှာ ဘုရားအစစ်အမှန်ဟာ အမေ မာရိ အမည်ရှိသူကနေ မွေးဖွားလာမယ် လို့ ရေးခဲ့တာတကယ်ရှိခဲ့ပါတယ်။ ဒါကို S.Gam Aung ကပြောခဲ့တော့ ဗုဒ္ဓဘာသာဘုန်းကြီးများအဖွဲ့က ပြောတာအားလုံးမှားတယ်လို့ စွပ်စွဲဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ယုံကြည်ခြင်း နဲ့ ပတ်သက်ပြီး ပြောခဲ့တာ အားလုံးမှန်ပါတယ်။ ဒါကြောင့် ၅၀-၅၀ ရာနှုန်းမှန်တယ် ပြောရပါမယ်။

သူ့ရဲ့ အင်တာဗျူးဗီဒီယို ထပ်မံပေါ်ထွက်လာပြီး၊ သူမလိမ်ဘူးလို့ ရှင်းလင်းထားပါတယ်။ ဒီဗွီဒီယိုမှာတော့ ဂျီတီအိုင်ဘွဲ့ရလို့ လျှော့ပြောထားပြီး၊ ဘုန်းကြီးဘွဲ၉ဘွဲ့မပြောတော့ဘူး..ဘုန်းကြီးဘွဲ့တော့ရခဲ့ပါတယ် ..လို့ လျှော့ပြောပါတယ်။ ယဉ်ယဉ်လေး စိတ်မမှန်တဲ့လူပုံစံ ဖြစ်နေတယ် ထင်ပါတယ်။ ဘယ်လိုပဲဖြစ်စေ သူမှားယွင်းပြောခဲ့တာကို ၀န်ချတောင်းပန်ခြင်းမရှိပဲ အပြောကောင်းကောင်းနဲ့ ဆက်လုပ်နေပါတယ်။ သူ့ရဲ့ ယုံကြည်ခြင်းကို သံသယ မရှိပါဘူး။ တကယ်ယုံကြည်သူပါပဲ။ သို့သော် . သူမှားပြောမိပါတယ် လဲမ၀န်ခံသေးခြင်းဟာ မယုံကြည်သူများကို ဘုန်းတော်မထင်ရှားစေပါဘူး။ 

Two links are posted - I spent 20 hours ++  to write every word of his testimony because it touch me a lot. Later, removed from Murann website because of his educational lies. Now, I am not interested to view all his interview (attached links).

အားရင်တော့ ကြည့်ပြီး (အထူးသဖြင့် ခရစ်ယန်မဟုတ်သူများကို) ထပ်မံ မဖြန့်ဝေရန် မေတ္တာရပ်ခံပါတယ်။
http://www.murann.com/monk.to.pastor.htm

http://www.murann.com/monk.to.pastor.doc.pdf


To Glorify Christ
Zaw Aung
YouTube - Videos from this email

2 comments:

မြန်မာ့မြေ said...

“ဗုဒ္ဓကျမ်းဂန်မှာ ဘုရားအစစ်အမှန်ဟာ အမေ မာရိ အမည်ရှိသူကနေ မွေးဖွားလာမယ် လို့ ရေးခဲ့တာတကယ်ရှိခဲ့ပါတယ်။”

ဆိုသော စာသားကို မည်သည့်ကျမ်းမှာ ပါပါသလဲ
မည်သည်ကို အကြောင်းပြုပြီး ဗုဒ္ဓ ကပြောခဲ့ပါသလဲ
ကျွန်တော်မသိလို့ သိချင်မိပါတယ်
immaculatezmt26@gmail.com
zawtun (facebook account)

Unknown said...

မောင်ဇော်အောင်ရေ - ကိုယ်ပြောတဲ့ စကားကို ကိုယ်တာဝန်ယူတတ်တဲ့ သူတယောက်၊ ပြီးတော့ သူတပါးရဲ့ ယုံကြည်မှုကိုလည်း အလွဲသုံးစား လုပ်သူ မဟုတ်ဘူးလို့  ကိုယ့်ကိုကိုယ် ယုံကြည်တယ်ဆိုရင် - မောင်ဇော်အောင်ပြောခဲ့တဲ့
“ဗုဒ္ဓကျမ်းဂန်မှာ ဘုရားအစစ်အမှန်ဟာ အမေ မာရိ အမည်ရှိသူကနေ မွေးဖွားလာမယ် လို့ ရေးခဲ့တာ တကယ်ရှိခဲ့ပါတယ်။” ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ဘယ်ကျမ်းဂန် ပါဠိမှာ ပါတယ်ဆိုတာ တိတိကျကျ မှန်မှန်ကန်ကန် ထောက်ပြပေးပါ။ ဒါမှမဟုတ် အတ္တနောမတိ ပြောမိတယ်ဆိုရင်လည်း ဗုဒ္ဓသာသနာကို ထိခိုက် ကျူးလွန်ပြီးတော့ ပြောမိတာနဲ့  ပတ်သက်ပြီး တိတိလင်းလင်း ဝန်ခံ တောင်းပန်ပါလို့  အကြံပြုပါရစေ။ ဦးကုသလ (မိတ္ထီလာ)