Thursday, February 14, 2013

ကတိတော် "GOD's Promis" ကြွယ်ဝချမ်းသာစေမဲ့ ဘုရားရဲ့ဂတိတော်


အာဗြာဟံရဲ့ ဂတ်တော် ၈၈ခု ရှိပါတယ်။ ဂတိတော်များစွာရှိပါတယ်။ သို့သော်လည်း ဘုရားကို အလွန်ယုံကြည်သူများစွာ ..ဆုတောင်းတယ်၊ ကျေးဇူးတော်ချီးမွမ်းပါတယ်။ ကြွေးကြော်ပါတယ်။ ဒါပေမဲ့ ဆုတောင်းချက်များ မရပါဘူး။ 

ဟေဗြဲ ၁၁း၃၉ ကိုဖတ်ပါ။ ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းဖြင့် ကျေးဇူးတော်ချီးမွမ်းကြသော်လည်း ဂတိတော်ကို အကျိုးကျေးဇူးမခံစားရပါဘူး။  ဒီလို လောကမှာ ယုံကြည်ပါလျှက်နဲ့ အကျိုးကျေးဇူးမခံစားရသူများ တွေ့ကြုံဖူးပါသလား။ ချီးမွမ်းခြင်းများစွာလုပ်ဆောင်
ပါလျှက်နဲ့ ဂတိတော်အတိုင်း အကျိုးမခံစားရပါဘူး။  တကယ်ပါ.. ရေရေလည်လည် မှန်ကန်တဲ့ ယုံကြည်သူတွေ အခန်း၃၆ ကနေဖတ်ပါ။ ဘုရားအတွက် အပြက် ရပ်တည်ခဲ့သူများဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ မြေကြီးပေါ်မှာ အကျိုးရလဒ်မရဘူး။ အကြီးအကျယ် ခရစ်တော် ကောင်းမြတ်ခြင်းများ အတွက် လုပ်ဆောင်ခဲ့ကြပါတယ်။ ဘာကြောင့် အကျိုးကျေးဇူးမရပါသလဲ..၊

အခန်းငယ် ၄၀မှာ ..ထိုသူတို့သည် ငါတို့မပါပဲ
သာ၍မြတ်သော ကျေးဇူးကို ကြံစည်တော်မူသည် ..လို့ရေးထားပါတယ်။ သူဟာ ယုံကြည်သူဖြစ်တဲ့ အတွက် ငရဲကို လွတ်ပါတယ်။ ကောင်းကင်ဘုံကို ရောက်တဲ့အချိန်မှာ ငါတို့မပါပဲ စုံလင်ခြင်းမရှိ ဆိုလိုတာကတော့ .. သူရဲ့ စုံလင်ခြင်းဟာ ရှင်ပေါလုကိုယ်တိုင် ကောင်းကင်ဘုံကိုရောက်တဲ့အခါမှာ အားလုံးရဲ့ရှေ့မှာ စုံလင်ခြင်းရောက်မယ် လို့ဆိုလိုပါတယ်။ ထိုသူဟာ ဒီမြေကြီးပေါ်မှာ အကျိုးခံစားမှုမရှိပေမဲ့ အပေါ်ဘ၀ ကောင်းကင်ဘုံမှာ သူ့ရဲ့ အထူးစုံလင်ခြင်းကို ရပါမယ်။ သူဟာ မြေကြီးပေါ်မှာတော့ အဆင်မပြေပါဘူး။ ချီးမွမ်းပေမဲ့ သာ၍အဆင်မပြေဖြစ်ရတယ်။ အရှက်ကွဲခံရပြီး၊ ချီးမွမ်းနိုင်ပေမဲ့  ပိုပြီးအရှက်ကွဲရတယ်။ ဒါတွေကို ဒီလောကမှာ ခံနိုင်တယ်။ ဒီ မြေကြီးပေါ်မှာ ကောင်းကြီးမင်္ဂလာများ မခံစားရပဲ သေဆုံးသွားရတယ်။ သူ့အတွက် ကောင်းကင်ဘုံမှာ အားလုံးရဲ့ရှေ့ ကောင်းကင်ဆုကို ရမှာဖြစ်ပါတယ်။

ကတိတော်အားဖြင့် ယုံကြည်သူများ မစခံရတဲ့နည်း အကြမ်းဖျဉ်း (၃)နည်း ပြောပါမယ်။
၁။ ငရဲမှ ကယ်တင်ခြင်းခံရသည်
၂။ မြေကြီးပေါ်မှာ ကောင်းကြီးမင်္ဂလာရရှိသည်
၃။ ကောင်းကင်ဘုံကျမှ ကောင်းကြီးမင်္ဂလာရရှိသည် (မြေကြီးပေါ်မှာမရ) ..တို့ဖြစ်ပါတယ်။

ဒါကြောင့် ယုံကြည်သူများ ဆုတောင်းရင်လည်း ချက်ခြင်းမရတာမျိုးတွေ ရှိပါတယ်။ စိတ်မပျက်ပါနဲ့။ ဘုရားရှင်က သင့်ကို ကောင်းကင်ဘုံအတွက် ချန်ထားဖြင်းဖြစ်ပါတယ်။
ဆရာစံတိုး

ဗွီဒီယိုလင့်
http://www.youtube.com/watch?v=bYXBprrc64w


ခက်ခဲလှတဲ့ဘ၀များအတွက် ဘုရားရှင်ရဲ့ရည်ရွယ်ချက်

ရောမ ၈း၂၈-၂၉
ဒီလမှာ ဘ၀အခက်အခဲ ဘယ်နှစ်ခုရွေးချယ်မလဲ ဆိုရင် သုည လို့ရွေးချယ်မယ်ဖြစ်ပါတယ်။ တန်ခိုးကြီးမားလှတဲ့ ဘုရားရှင်ဟာ အခက်အခဲများကို စမ်သပ်မှုအနေနဲ့ ပို့ပေးနေမှာဖြစ်ပါတယ်။ သင့်က သုည ဆိုပေမဲ့ မဖြစ်နိုင်ပါဘူး။

ဘုရာရှင်ရဲ့ ဘ၀ခရီးနှင်စေမဲ့ ရည်ရွယ်ချက်တစ်ခုဟာ ဘုရားနဲ့ဆက်သွယ်ရာမှာ ပိုမိုရင့်ကျက်ခိုင်မာလာစေဖိြု့
ဖစ်ပါတယ်။ ကျွန်တော်တို့ ရုန်းကန်လှုပ်ရှားနေရတာ ဘုရားရှင်သိပါတယ်။ ဘုရားကို ပထမနေရာထားရမဲ့အစာ မိသားစုအရေး၊ မိတ်ဆွေများကိစ္စတွေက ပိုပြီးအရေးကြီးတဲ့နေရာရောက်နေပါလိမ့်မယ်။ တချို့ကတွေ ငွေကြေးကိစ္စ၊ တစ်ချို့ကတော အလုပ်ခွင်၊ တချို့ဆိုရင် အပျော်အပါးများကို ရှေ့တန်းထားနေကြပါလိမ့်မယ်။  ကျွန်တော်တို့ ဦးတည်ချက်ဟာ ဘုရားထံမှ ဝေးကွာလာပြီဆိုရင်
ဘုရားရှင်က ခပ်မာမာ ကိုင်တွယ်လာမယ် ဖြစ်ပါတယ်။ ကျွန်တော်တို့ကို ပြန်ဆွဲခေါ်ဖို့ဖြစ်ပါတယ်။
အခြားအကြောင်းချက်တစ်ခုက ယေရှုရဲ့ရုပ်ပုံလွှာကို မြင်လာဖို့ အခက်အခဲများကို ခွင့်ပြုစေခြင်းပါ။ နာကျင်ခံစားမှုဟာ ဘုရားမဲ့ဖြစ်နေခြင်းရဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။ ဘုရားရှင်က နာကျင်မှုအားဖြင့် ကျွန်တော်တို့ကို ပုံသွင်းယူပါတယ်။ ယေရှုနဲ့တူတဲ့ ဘ၀ကိုရောက်ဖို့၊ တည်ဆောက်ဖို့၊  ကယ်တင်ခြင်းနဲ့စတင်ပြီး  နောက်ဆုံးထွက်သက်တိုင်အောင် ယေရှုကိုရရှိနေဖို့ဖြစ်ပါတယ်။


တတိယအချက်ကတော့ ယုံကြည်ခြင်းကို စမ်းသပ်ခြင်းဖြစ်ပါတယ်။ ခက်ခဲလှတဲ့ စုံစမ်းနှောက်ရှက်ခြင်းများမှာ ..ဘုရားရှင်ဟာကောင်းမြတ်တယ်..လို့ ပြောရတာလွယ်ပေမဲ့ လက်တွေ့ခံစားလာရင် အလွန်ခက်ပါတယ်။ ဒီလို ခက်ခဲမှုများဟာ ယုံကြည်ခြင်း ပိုမိုခိုင်မြဲလာစေပါတယ်။

ဒါဝိပ်မင်းကြီမှာ စုံစမ်းနှောက်ရှက်မှု၊ အခက်အခဲ အကြီးအကျယ် ခံစားရပါတယ်။  အမြင်ကပ်မှုနဲ့လိုက်လံသတ်ဖြတ်ခံရခြင်း၊ သစ္စာဖေါက်ခံရခြင်း၊ မိသားစုပုန်ကန်မှုများ.. စသဖြင့် အလွန်ခက်ခဲ၊ နာကျင်လှပါတယ်။ ထို စုံစမ်းနှောက်ရှက်မှုများအားဖြင့် ဒါဝိပ်မင်းကြီးရဲ့ ယုံကြည်ချက် ပိုမိုခိုင်မြဲလာပါတယ်။ ဘုရားနဲ့ ဆက်သွယ်မှု ပိုမိုမြင့်မားလာပါတယ်။ ဘုရားရှင်ရဲ့ ရည်ရွယ်ချက်ပြည့်စေဖို့အတွက် ဒီ ခက်ခဲလှတဲ့ စုံစမ်းမှုများ အခွင့်ပေးလိုက်ပါ။
(
yawhantone16@yahoo.com မှရရှိသော Scripture ကို မြန်မာမှုပြုသည်)။

 God's Purposes in Our Difficulties
If we could choose the number of difficulties we would face in a month, most of us would pick zero. Yet the Lord sees value in troublesome times. Through His mighty power, He uses trials to achieve His plans.
One of God’s purposes for us is a growing intimacy in our relationship with Him. But He knows we struggle to put Him first over our own interests. Many of us place higher priority on family and friends than on companionship with God. For others, finances, the workplace, or even pleasures interfere. When the Lord sees our attention is drifting away from Him, He might use hardships to draw us back so that we’ll give Him His proper place.
Another reason God allows difficulties is to conform us to the image of Jesus. Pain is a tool that brings areas of ungodliness to the surface; God also uses it to sift, shape, and prune us. The sanctification process—the building of Christlike character into our lives—starts at salvation and ends with our last breath.
A third aim for stressful circumstances is to reveal true convictions. Our faith is tested in tough times. It’s easy to say, “God is good” when things are peaceful. But when everything goes awry, what do we believe about Him? At such times, do our words and actions reveal an attitude of trust?
King David endured many heartaches—a disintegrating family, personal attacks, and betrayal by those close to Him. But through trials, he gained deeper intimacy with God, stronger faith, and more godly character. Won’t you let the Lord use your present situation to accomplish His good purpose?

*********************************

10 Scriptures About God’s Promises

2 Peter 1:4
And because of his glory and excellence, he has given us great and precious promises. These are the promises that enable you to share his divine nature and escape the world’s corruption caused by human desires.၂ပေ၁း၎ ထိုသို့သော အားဖြင့်လည်း အလွန်ကြီးမြတ်၍အဘိုးထိုက်သော ဂတိများ ကို ငါတို့၌အပ်ပေး တော်မူပြီ။ အကြောင်းမူကား၊ ထိုဂတိတော်များကိုအမှီပြု၍ သင်တို့သည် လောကီ တပ်မက်ခြင်း အညစ်အကြေးနှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကိုဆက်ဆံရသော သူဖြစ်ကြမည်အကြောင်း တည်း။


Jeremiah 29:11
For I know the plans I have for you,” says the Lord. “They are plans for good and not for disaster, to give you a future and a hope.
ယေရမိ ၂၉း၁၁ တဖန် မိန့်တော်မူသည် ကား၊ ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှါ၊ ကြံစည်သော အကြံမဟုတ်ဘဲ၊ သင်တို့သည် မြော်လင့်သော အကျိုးကို ရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှါသာ၊ သင်တို့အဘို့ ကြံစည်သောအကြံတို့ကို ငါသိ၏။

 

Matthew 11:28-29
“Come to me, all you who are weary and burdened, and I will give you rest. Take my yoke upon you and learn from me, for I am gentle and humble in heart, and you will find rest for your souls.မသဲ ၁၁း၂၈-၂၉  ဝန်လေး၍ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ငါ့ထမ်းဘိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၍ နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။
Isaiah 40:29-31
He gives power to the weak
and strength to the powerless.
Even youths will become weak and tired,
and young men will fall in exhaustion.
But those who trust in the Lord will find new strength.
They will soar high on wings like eagles.
They will run and not grow weary.
They will walk and not faint.
ဟေရှာယ ၄၀း၂၉-၃၁  ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အားကို ပေးတော်မူ၏။ နွမ်းနွယ်သော သူတို့အား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။ လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သော သူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင် ကြလိမ့်မည်။ ပြေးသောလည်းမပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။



Philippians 4:19
And this same God who takes care of me will supply all your needs from his glorious riches, which have been given to us in Christ Jesus.
ဖိလစ်ပိ ၄း၁၉ ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိ သည်အတိုင်း၊ သင်တို့အလိုရှိသမျှတို့ကို ယေရှုရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။


Romans 8:37-39
No, despite all these things, overwhelming victory is ours through Christ, who loved us.
And I am convinced that nothing can ever separate us from God’s love. Neither death nor life, neither angels nor demons, neither our fears for today nor our worries about tomorrow—not even the powers of hell can separate us from God’s love. No power in the sky above or in the earth below—indeed, nothing in all creation will ever be able to separate us from the love of God that is revealed in Christ Jesus our Lord.
ရောမ ၈း၃၇-၃၉  မကွာစေသည်သာမက၊ ငါတို့ကိုချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည်ထိုအမှုခပ်သိမ်းတို့ကို ခံစဉ်တွင်ပင်အထူးသဖြင့်အောင် မြင်ကြ၏။ ၃၈အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋိအမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသော ဘရားသခင်၏  မေတ္တာတော်နှင့်ငါတို့ကိုမကွာစေနိုင် ဟု ငါသည်သဘော ကျလျက်ရှိ၏။

Microsoft Word - Document1

Proverbs 1:33

But all who listen to me will live in peace,
untroubled by fear of harm.”

သတ္တံ ၁း ၃၃   ငါ့စကားကိုနားထောင်သောသူ မူကားလုံခြုံစွာနေ၍၊ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်။



John 14:27
“I am leaving you with a gift—peace of mind and heart. And the peace I give is a gift the world cannot give. So don’t be troubled or afraid.
ရှင်ယောဟန်ခရစ်ဝင် ၁၄း၂၇  ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။



Romans 10:9
If you confess with your mouth that Jesus is Lord and believe in your heart that God raised him from the dead, you will be saved.  ရောမ ၁၀း ၉အဘယ်သို့နည်း ဟူမူကား သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။


Romans 6:23
For the wages of sin is death, but the free gift of God is eternal life through Christ Jesus our Lord.
ရောမ ၆း၂၃  အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူး တော်ကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက် ပေတည်း။


**************************
The promises of God are powerful and awesome to grasp. I pray that these scriptures about God’s promises were helpful to you today.

Read more: http://www.whatchristianswanttoknow.com/the-promises-of-god-10-powerful-bible-verses-1/

No comments: