Tuesday, March 5, 2013

Myanmar Bible in smart phone (KingOfMyHeart) စံပီး၊ မုရန်

Myanmar Bible app for Android


အရင်က ဒီ Post မှာ ကျွန်တော် မြန်မာကျမ်းစာအုပ်ကို Apple's i-devices and Android device ထည့် နည်းကို ရေးခဲ့ပါတယ် ဒါပေမဲ့လဲ ဒီ နည်းလမ်းနဲ့ မြန်မာကျမ်းစာအုပ်ကို ဖတ်လို့တော့ရပေမဲ့ အလျှင်မြန် တလွယ်တကူ ရှာဖွေဖတ်ရှုလို့မရပါဘူး။ ဒါနဲ့ ကျွန်တော်လဲ Apps ကို လုပ်မယ်ဆို ပြီးတော့ စဉ်းစားမိ ပါတယ်။ ဒါပေမဲ့လဲ စာမေးပွဲနည်းလာတာနဲ့ အချိန်မပေးတာနဲ့ မလုပ်ဖြစ်မလုပ်ဖြစ်နဲ့ ဟိုတနေ့ကဘဲ မထင်မှတ်ဘဲ Google store မှာ Myanmar bible ရှိတာကို သူငယ်ချင်းတစ်ယောက်ဆီကနေ သိလိုက်ရပါတယ်။ ဒီ Myanmar Bible apps လေးက English version bible တွေလိုဘဲ Chapter, verses တွေကို သေသေချာချာရှာဖွေပြီး အလွယ်တကူ ဖတ်ရှုလို့ရသလို၊ Offline mode လဲ အသုံးပြုလို့ ရတဲ့ အတွက် အများကြီးကို အချိန်ကုန်သက်သာပြီး အလွန်အသုံးတည့်တာကို တွေ့လိုက်ရတဲ့အပြင် Free နဲ့ပေးထားတာကို တွေ့ရတာ တကယ်ကိုဝမ်းသားစရာကောင်းပါတယ်။ ဒီ Develper က အချိန်တွေ အများကြီးပေးပြီး သေချာလုပ်ထားတာကိုလဲ တွေ့ရပါတယ် ဒါကြောင့် KingofMyHeart ဆိုတဲ့ ဒီ Myanmar Bible app Developer ပေါ်မှာလဲ ဘုရားရှင်အထူးကောင်းကြီးပေးပါစေလို့ ဆုတောင်းပေးရင်း ပြန်လည်ဝေမျှလိုက်ပါတယ်။

Android phone ကနေ Market မှာ သွားပြီးတော့ Myanmar Bible လို့ Search လုပ်ပြီးတော့ Myanmar Bible လေးကို Install လုပ်ပေးလိုက်ရင် ကိုယ်ရဲ့ Android phone ထဲမှာ Internet မရှိလဲဘဲ မြန်မာကျမ်းစာကို အေးအေးဆေးဆေး လျှင်လျှင်မြန်မြန် ဖတ်ရှုခွန်အားယူနိုင်ပါပြီး ဖြစ်ကြောင်း

သတင်းကောင်းပေးလိုက်ပါတယ်။

Apple i-devices သမားတွေကတော့ ဒီနည်းနဲ့ဘဲ အသုံးပြုရင်းနဲ့ဘဲမျှော်ကြတာပေါ့။

update (http://www.sbsangpi.com/2013/01/myanmar-bible-for-ipad-iphone.html)

DOWNLOAD HERE


SBSangpi(စံပီး)



KingOfMyHeart နှင့်မိတ်သဟာရဖွဲခြင်း

မြန်မာကျမ်းစာကို အင်တာနက်ပေါ်မှာ တင်ခဲ့ပေမဲ့ သိပ်မထိရောက်ခြင်းဟာ အခု smart phone ခေတ်ရောက်တဲ့အချိန် ယုံကြည်သူ လူငယ်တစ်ဦးနဲ့ မိတ်ဆွေများ စုပေါင်းလုပ်ဆောင်မှုကြောင့် iPhone App  နဲ့ Android App များအားဖြင့် မြန်မာများ အလွယ်တကူ ကျမ်းစာဖတ်နိုင်ခြင်းကို ရရှိခဲ့ပါတယ်။ နှစ်ပေါင်းများစွာ မျှော်လင့်နေတဲ့ မြန်မာကျမ်းစာကို မူပိုင်ခွင့် စိုးရိမ်မှုတွေကြားက စင်ကာပူရှိ မြန်မာအသင်းတော် တစ်ပါး JBCS Media အဖွဲ့အနေနဲ့ Burmese-English Bible, Study Bible များကို စုပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ အချက်အလက်များ ယုဒသန်ကျမ်းစာ Text များကို iPhone & Sumsung တယ်လီဖုန်းများမှာ အလွယ်တကူ ကြည့်နိုင်ဖို့ အချိန်များစွာ နဲ့ ပညာရပ်ကြွမ်းကျင်မှုများကို ပေးဆပ်ခဲ့ပါတယ်။ စင်ကာပူ Ngee Ann Poly ကျောင်းဆင်း၊ ယခု မကြာခင် အင်္ဂလန်ကို ပညာဆက်လက်သင်ကြားမဲ့ Buu Bu (လားရှိုးသမီးငယ်) အတွက် ဆုတောင်းပါတယ်။ ဘုရားသခင် ဆက်လက်ပြီး ကြီးမားသော အသုံးပြုမှု၊ ဘုန်းတော် ထင်ရှားစေဘို့ ၊ သူမ ၀တ်ပြုကိုးကွယ်တဲ့ Full Gospel အသင်းတော် စင်ကာပူကိုလည်း ဘုရားရှင်အသုံးချနေခြင်းအတွက် ၀မ်းမြောက်ပါကြောင်း။  THANKs to Prayers..


သခင့်စကား မင်းအောင်သက်လွင်၊ Baby Kun Awng, Buu Bu, Zaw Aung, Dee De (Mi Mi) ..
5Feb2012

Buu Bu (အဖြူ၊နက် ကျားသစ်ဒီဇိုင်း၊ လားရှိုးဘူးဘူ) ..thanks
Facebook  http://facebook.com/KingOfMyHeart

No comments: