Sunday, July 14, 2013

ဆရာကြီးယုဒဿန်အောက်မေ့ဘွယ်ရာ တနင်္ဂနွေ


အောင်ပင်လယ်လက်မရွံထောင်
ညှင်ပမ်းနှိပ်စက်၊ သတ်ဖြတ်ခြင်းအားဖြင့် လူမျိုးတုံး၊ နိုင်ငံရေးမျိုးဆက်တုံးသွားပြီး၊ မိမိတို့ရဲ့အယူအဆကို အများလက်ခံကျင့်သုံး၊ လိုက်နာမယ်လို့ အကြမ်းဖက်၊ စစ်ဝါဒီများက ယူဆမှုဟာ လုံးဝမှားယွင်းပါတယ်။ ရှုံးနိုမ့်သူကို မေတ္တာပြပြီး၊ သူတို့ရဲ့ အခွင့်အရေးတွေကို ပေးမယ်။ ဒါပေမဲ့ လက်နက်ကိုင်တွယ်ခွင့်တော့ မပေးဘူး...ဆိုတဲ့နည်းလမ်းနဲ့ပဲ၊ အုပ်ချုပ်သူများက အနိုင်ယူကြပါတယ်။

အထက်က ပုံကို ကြည့်ပါ။
ရက်စက်ပါတယ်။

ပြိုင်ဖက်ကို ဒီလိုနှိပ်စက်ပြီး၊ အကျဉ်းချ၊ သူတို့မိသာစုတွေ လာကြည့်စေပြီး၊ စိတ်ဓါတ်ရေးရာ စစ်ဆင်ရေးကို စစ်နိုင်သူရော၊ စစ်ရှုံးသူရော တိုက်ပွဲဖြစ်လာရင် လုပ်ကြပါတယ်။ အခုပုံကတော့ စစ်အင်အားကြီးမားလှတဲ့ မြန်မာကုန်းဘောင်မင်းဆက် ဆင်ဖြူရှင်မင်းလက်ထက်၊ သူ့ထက်အားကြီးတဲ့ ဗြိတိသျှနဲ့တိုက်ပွဲမှာ မြန်မာများစစ်ရှုံးရပါတယ်။ ၁၈၂၄ခုနှစ်မှာ စစ်ရှုံးပြီး၊ နိုင်ငံခြားသားမှန်သမျှ ထောင်ထဲဆွဲထဲ့တော့ အမေရိကန်မစ်ရှင်ဆရာကြီး ယုဒသန်လဲ ထောင်ထဲရောက်သွားပါတယ်။ အမေရိကန်နဲ့ဗြိတိသျှဆိုတာ တစ်ခြားစီမှန်းလည်း မြန်မာဘုရင်သိပါတယ်။ ဗြိတိသျှနဲ့ပြင်သစ်တောင် တစ်ခြားစီဖြစ်တယ် ဆိုပေမဲ့၊ အဖြူကောင်ဆို အကုန်ဖမ်း၊ ထောင်သွင်း၊ နှိပ်စက်လုပ်ပစ်ပါတယ်။ တိုင်းသူပြည်သားများကိုလည်း အဖြူကောင်များ မုန်းတီးရေး ၀ါဒဖြန့်မှုလုပ်ဆောင်ပါတယ်။

အင်္ဂလိပ်အင်ပါယာရဲ့ နည်းဗြူဟာက တခြားစီပါ။ မြန်မာအကျဉ်းသားများကို ကောင်းမွန်စွာဆက်ဆံပါတယ်။ ဗြိတိသျှနယ်မြေမှာ လူ့အခွင့်အရေးပေးတယ် ဆိုတော့ မြန်မာတွေ၊ တဖြေးဖြေးနဲ့ ဗြိတိသျှအုပ်ချုပ်တဲ့ နယ်မြေကို ရွှေ့ပြောင်းလာကြပါတယ်။ မြန်မာပြည်ကို သာသနာပြုရောက်လာတဲ့ အမေရိကန်မစ်ရှင်တွေမှာ ဆရာကြီးယုဒဿန်တို့ ဇနီးမောင်နှံဟာ ပထမဆုံးဖြစ်ပါတယ်။

အထက်က ပုံကို ထပ်ကြည့်ရင်၊ မြန်မာစစ်အစိုးရ နိုင်ငံရေးအကျဉ်းသားများကို ရက်ရက်စက်စက်၊ နှိပ်စက်ပါတယ်..ဆိုပေမဲ့၊ တိုက်ပိတ်တယ်ဆိုတာ အမြင့်ဆုံးအဆင့်လို့ သိရပါတယ်။ အမှောင်ခန်းထဲ တိုက်ပိတ်၊ အဆက်သွယ်ဖြတ်၊ တစ်ယောက်ထဲထား၊ စိတ်ခြောက်ခြားစေပြီး၊ မှတ်သွားအောင် လနဲ့ချီ တိုက်ပိတ်နည်းလမ်းပါ။ စစ်အစိုးရလက်ထက်က ထောင်မှာ ညှင်းပမ်းနှိပ်စက်မှုတွေ၊ နိုင်ငံရေးအကျဉ်းသားများရေးတဲ့ စာများစွာ ဖတ်ဖူးပါတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံးနီးပါး အစိုးရသစ်က လွှတ်ပေးလိုက်ပါတယ်။ သူတို့ ဟောပြောပွဲတွေ၊ စာအုပ်တွေထုတ်၊ ရေး၊ ပြော နေကြပါတယ်။  အထက်ကပုံလို ထိတ်တုံးခပ်၊ ခြေထောက်ကို ဇောက်ထိုးချည်နှောင်ပြီး တွဲလောင်းထားတာမျိုးတော့ မရှိပါဘူး။

၃နှစ်လောက် ဆရာကြီးကို ဖမ်းဆီးပြီး၊ နှိပ်စက်၊ စစ်ဆေးပါတယ်။ အင်္ဂလိပ်ရဲ့ သသျှိုလို့ စွပ်စွဲပါတယ်။ နောက်ဆုံး အပြစ်မရှိမှန်းသိသော်လည်း အင်္ဂလိပ်နဲ့မြန်မာ စစ်ပြေငြိမ်းစာချုပ် ချုပ်ဖို့ရာ မြန်မာဖက်က စကားပြန်လိုက်လုပ်ပေးရပါတယ်။ စစ်ပြေငြိမ်း စာချုပ်ပြီးတဲ့အချိန်မှာ ဆရာကြီး၊ မြန်မာပြည်က ပြန်ပြေးချင်စိတ် ပေါ်လာမှာတော့ သေချာပါတယ်။ ဇနီးသေဆုံး၊ သားသမီးများသေဆုံး၊ သူတို့ ပြုစုထားတဲ့ ခရစ်ယာန်အသင်းတော်လေးလဲ ပျောက်ဆုံးသွားပါပြီ။ ရန်ကုန်မှာ ပထမဆုံး နှစ်ခြင်းခံတဲ့၊ ဦးနော တို့ အသင်းသားများလည်း ဘယ်ရောက်သွားမှန်းမသိတော့ပါ။ ဒါပေမဲ့ ဆရာကြီး စိတ်ဓါတ်မကျပါဘူး။  ရန်ကုန်က မြန်မာဘုရင်ကို ပြန်ပေးလိုက်ရတော့၊ အင်္ဂလိပ်လက်အောက်ရောက်သွားတဲ့ မော်လမြိုင်မှာ ဆက်လက်အမှုတော်ဆောင်ခဲ့ပါတယ်။

ဆရာကြီးယုဒဿန် နှစ်၂၀၀ပြည့်မှာ မြန်မာပြည်မစ်ရှင်အတွက် ဘယ်လောက်ပေးဆပ်ခဲ့သလဲဆိုတာ အစပိုင်းပဲရှိပါတယ်။ ဆရာကြီးရဲ့ အထုပတိ To the Golden Shore , by Courtney Anderson စာအုပ်ထူကြီးကို ဖတ်ကြည့်ရင်း အင်မတန် သက်ပြင်းချမိပါတယ်။ ဒါလောက်ပင်ပမ်းလှတဲ့ ဆရာကြီးရဲ့ မြန်မာပြည်မစ်ရှင်ခရီးစဉ် ၃၈နှစ်စာအုပ်၊ အထက်ပါ လက်မရွံ့ အကျဉ်းထောင်ဓါတ်ပုံများဟာ ရင်လေးစရာကောင်းပါတယ်။ သို့သော် ခရစ်တော်အတွက် အသက်ရှင်သူများအတွက်တော့ အင်မတန်ခွန်အားရတဲ့ ဓါတ်ပုံနဲ့စာအုပ်ပဲဖြစ်ပါတယ်။

ငါ ယုဒဿန်သည် ထိုတရားကို ဟောသောဆရာဖြစ်သည်နှင့် သင်တို့အဖို့အလိုငှာ ဆင်းရဲခံခြင်း၌ ယခု ၀မ်းမြောက်၍ ခရစ်တော်၏ ဆင်းရဲဒုက္ခ အကြွင်းအကျန်ကို အသင်းတော်တည်း ဟူသော ကိုယ်တော့်အဖို့ အလို့ငှာ ငါ့ကိုယ်ခန္တာ၌ ပြည့်စုံစေ၏။ ကောလောသဲ ၁း၂၄ (ပေါလု အစား ယုဒဿန် သုံးပါသည်)။ BurmesBible2008

စာအုပ်အမြည်း လင့်ခ်
http://www.murann.com/ezine/index.php?option=com_content&view=article&id=1186:2011-10-16-16-05-19&catid=3:literature&Itemid=12

No comments: