Tuesday, July 23, 2013

ဧလိဟု - ယောဘဝတ္တု (Elihu in book of Job, Holy Bible)


ဧလိဟု - ယောဘဝတ္တု (Elihu in book of Job, Holy Bible)
ယောဘဝတ္တုကို ခရစ်ယာန်များစွာ (ယခင်ကကျန်ုပ်အပါအ၀င်) တချို့မှာ သိပင်မသိကြပါ။ အသင်းတော်များ၊ သင်းအုပ်ဆရာများလည်း ယောဘဝတ္တုကို ကျမ်းပိုဒ်လောက်သာ ယူငှင် သုံးနှုန်းကြသည်။ ဧသတဝတ္တုကို ဓမ္မဆရာများစွာ အထူးကိုးကားသုံးနှုန်းကြသည်။ သူတပါးမကောင်းကြံသူများကို ဖြောင့်မတ်သူများက အောင်ပွဲခံကြောင်း ဧသတာဝတ္တုဖြစ်သည်။ ယောဘဝတ္တု မှာ စာတန်မကောင်းကြံမှု အထွဏ်အထိတ် ယောဘခံစားရသည်။ ဘုရားသခင်နှင့်စာတန် ယှဉ်ပြိုင်မှုတွင် ဓါးစာခံအဖြစ် ပြင်းထန်စွာ လောကဆင်းရဲများကို မသေနိုင်ပဲ ရောဘခံစားရသည်။ အခန်းကြီး ၁ တွင်၊ ယောဘ သည်စုံလင်ဖြောင့်မတ်သူ၊ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူ၊ သားသမီး၊ ဥစ္စာပစ္စည်းများစွာဖြင့် ကြွယ်ဝချမ်းသာသောသူ အဖြစ်ဖေါ်ပြသည်။ ထို့နောက် စာတန်က ဘုရားသခင်ထံ စုံစမ်းနှောက်ရှက်လျှင် ယောဘမခံနိုင်ပဲ၊ ထာဝရဘုရားကို စွန့်ခွာမည်ဟု စာတန် ပြောသဖြင့်၊ ငါ့ကျွန်ယောဘကို အသက်မသေစေနှင့်။ ငါ့ကိုဘယ်တော့မှ မစွန်ခွာဟု ဘုရားသခင်က စာတန်စုံစမ်းစစ်ဆေးမှုကို ခွင့်ပြုခြင်း ဇတ်လမ်းဖြစ်သည်။ ယောဘ ပစ္စည်းဥစ္စာအားလုံးဆုံးရှုံး၊ သားသမီးများသေဆုံး၊ အနာရောဂါဖြင့် မသေရုံတမယ်၊ ခြေဖ၀ါးမှဦးထိပ်တိုင်အောင် အနာစိမ်းများ၊ ပြည်၊လောက်ကောင် အနာများဖြင့် လဲလျှောင်းနေရပြီး၊ နောက်ဆုံးတွင် စာတန်ရှုံးနိုမ့်သွားသည်။ ယောဘသည် ၂ဆသောကောင်းကြီးမင်္ဂလာများကို မသေမှီ ပြန်လည်ခံစားကြောင်း ကျမ်းစာအုပ်တစ်ခုဖြစ်သည်။

ဧသတာဝတ္တုကဲ့သို့ နာရီဝက်အတွင်းဖတ်ရှု၊နားလည်နိုင်သည့် ကျမ်းစာဝတ္တုမဟုတ်ပါ။ အခန်းကြီး၄၂ခုရှိပြီး ၂နာရီအထက် ဖတ်ရမည်။ နားလည်အောင် လေ့လာပါက လောကဆင်းရဲမခံစားဖူးသူအဖို့ နားလည်ရန်အလွန်ခက်ခဲပါသည်။

ကျမ်းစာအဓိပ္ပါယ်ဖွင့်ဆိုချက်
သမ္မာကျမ်းစာလေ့လာသူအများစုက ယောဘသည် အဗြဟံနှင့်တချိန်တည်း နေထိုင်အသက်ရှင်ခဲ့သည်ဟု ဆိုသည်။ လူသားတို့၏ ဝေဒနာနှင့်ဆင်းရဲဒုက္ခများ၏ အဖြေမှာ ထာဝရဘုရား၏ လွတ်လပ်စွာလုပ်ပိုင်ခွင့်ဖြစ်သည်။ ယောဘသည် မိမိ၏ ဖြောင့်မတ်ခြင်းဖြင့် အသက်ရှင်ရန်မဟုတ်၊ ကျေးဇူး၊ဂရုဏာတော်ဖြင့်သာ အသက်ရှင်ရန်ဖြစ်ကြေင်း၊ ယောဘ ဥစ္စာအားလုံးဆုံးရှုံး၊ ရောဂါဝေဒနာဖြင့် ပြည်၊လောက်ကောင်များဖြင့် ဒုက္ခခံစားနေစဉ်၊ သူငယ်ချင်းကောင်း ၄ဦးက လာရောက်အားပေးစကားပြောခြင်း၊ ယောဘက ပြန်လည်ပြောကြားခြင်းများမှာ နက်နဲလှသော ဆွေးနွေးချက်များဖြစ်သည်။ နောက်ဆုံးတွင် ငြိမ်နားထောင်သော အသက်အငယ်ဆုံးဖြစ်သည ဧလိဟု အခန်းကြီး ၃၂-၃၇  ၅ခန်းတိုင်တိုင် ၀င်ရောက်ဆွေးနွေး၊ ပြောကြားသည်။ ပြင်ထန်သော စကားလုံးများဖြင့် ယောဘကိုလည်း ဘုရားသခင်လောက် ဖြောင့်မတ်သည်ဟု ၀ါကြွားပြောဆိုခြင်း၊ အခြားသူငယ်ချင်း၃ဦးကိုလည်း ယောဘ၏ အပြစ်များကြောင့်ဟု စွတ်စွဲကြခြင်း ..စသည်တိုကို ရှင်းလင်းစွာပြောခဲ့သည်။ ဧလိဟု ပြောဆိုပြီးမှာ ထာဝရဘုရားသည် အခန်းကြီး ၃၈တွင် မိုဃ်းသက်မုန်တိုင်းထဲက မိန့်တော်မူခဲ့သည်။ အားလုံးကိုရှင်းလင်းခဲ့သည်။ ယောဘကိုလည်း ၂ဆသောကောင်းကြီးမင်္ဂလာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဧလိဟု

သူသည် ငယ်ရွယ်ပြီး၊ အသက်ကြီးသူများကို လေးစားစွာ သူတို့ပြောကြားသမျှတွင် နားထောင်နေသူဖြစ်သည်။ နားထောင်ရင်း နောက်ဆုံးတွင် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်ပြီး၊ ထာဝရဘုရားပြောလိုသည်များကို ယောဘနှင့်သူငယ်ချင်း၃ဦးအား ရှင်းလင်း၊ ရဲဝံ့စွာပြောကြားသည်။ အားလုံးကိုလည်း သူတို့မှားသည့်အချက်များကို ထောက်ပြပြီး၊ အပြစ်တင်ခဲ့သည်။ ထိုသူများ ပြန်မပြောနိုင်ပဲ အခန်း ၅ခန်းလုံး၊ ဧလိဟု ပြောစကားများကို နားထောင်ရသည်။ နားလည်ဖို့ ကြိုးစားနေစဉ်တွင် ထာဝရဘုရားကိုယ်တိုင်က မိုဃ်းသက်မုန်တိုင်းမှ အသံတော်ဖြင့် မိန့်တော်မူသံကြောင့် အားလုံးငြိမ်ဝပ်စွာ နားထောင်ကြသည်။ ထာဝရဘုရား ပြောစကားများကြောင့် ယောဘက မိမိအားနည်းချက်ကို ၀န်ခံ၊ နောင်တရကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။ ထာဝရဘုရားက ဧလိဟု အပြစ်တင်သကဲ့သို့ ယောဘ မိတ်ဆွေ၃ဦးကို "ငါအမျက်ထွက်သည်" ဟု ပြောခဲ့သည်။ ထာဝရဘုရား၏ကျွန် ယောဘကို ၂ဆသော ကောင်းကြီးမင်္ဂလာပေးသည်။

နောက်ဆုံးအခန်းကြီး ၄၂တွင် ထာဝရဘုရားပေးသော ကောင်းကြီးမင်္ဂလာများမှ အရင်ထက်ဥစ္စာ၂ဆ၊ ယခင်ကောင်းကြီးများထက် သာလွန်သော သိုးတသောင်းလေးထောင်၊ ကုလားအုပ်ခြောက်ထောင်၊ နွားယှဉ်တထောင်၊ မြည်းမတထောင်ကို ရတတ်၏။ သား ခုနှစ်ယောက်နှင့် သမီးသုံးယောက်ကိုလည်း ရပြန်၏။ တပြည်လုံးတွင် ယောဘ၏သမီးကဲ့သို့ လှပသော မိန်းမတစုံတယောက်မျှမရှိ၊ သူတို့၏အဘသည် သူတို့မောင်နှမများနှင့် အညီအမျှ သူတို့အား အမွေဥစ္စာကို ဝေပေးလေ၏။ ထို့နောက် ယောဘသည် အနှစ်တာလေးဆယ် အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စရောက်လေ၏။ ယောဘဝတ္တုပြီး၏ ..ဟု အဆုံးသပ်ထားသည်။

နောက်ဆုံးမေးခွန်း
ဟုတ်ပါသည်။ ဧလိဟုသည် ဘုရားသခင်ကိုယ်စား၊ ပြောဆိုပေးသောသူ Messenger of GOD ဖြစ်သည်မှာ ထင်ရှားပါသည်။ ဘာမှမရှိတော့ပဲ၊ နာကျင်စွာ၊ အနာရောဂါဖြင့် လဲလျှောင်းနေရစဉ် မယားက သင်သည်ဖြောင့်မတ်သော တရားကို စွဲလမ်းသေးသလော၊ ဘုရားသခင်ကို စွန့်ပယ်၍သေလော့ ဟုဆိုသည်။ ယောဘကလည်း မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏၊ အဘယ်သို့နည်း၊ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာများကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆိုသည်။ ယောဘသည် ဤအမှုများနှင့်ကြုံသော်လည်း နှုတ်ဖြင့်မျှ မမှားယွင်း...ဟု ကျမ်းစာကဆိုသည်။
မေးခွန်းမှာ ယောဘဆင်းရဲဒုက္ခများနှင့်သေလုမတတ်ကြုံစဉ်၊ ယောဘမယားသည် သူ့ကို ရိုင်းစိုင်းစွာပြောပြီး စွန့်ခွာသွားသလော၊ ယောဘ၏ နောက်မှရလာသည့် ကောင်းကြီးမင်္ဂလာ သားသမီးများသည် ၂ဆသော် ကောင်းကြီးမင်္ဂလာအရ၊ နောက်ထပ်မိန်းမတစ်ယောက်မှ ရရှိပါသလော ..ဟူသော ရယ်စရာမေးခွန်းဖြစ်သည်။

အဖြေမှာ 
အထက်ပါဓါတ်ပုံတွင် ကြည့်ပါ။ ဧလိဟုက ရဲဝံ့စွာထပြီး၊ ရောဂါများဖြင့် လဲလျှောင်းနေသော ယောဘနှင့်သူငယ်ချင်း၃ယောက်ကို မတ်တတ်ထက ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ပြောဆိုနေသည်။ အနားတွင် ဒူး၂ခုကြားခေါင်းရှိုပြီး၊ ငြိမ်ဝပ်၊ စိတ်ပျက်မှုများဖြင့် ထိုင်နေသောသူမှာ ယောဘ၏ မယားဖြစ်သည်။ ထို့ကြောင့် ယောဘ ဆင်းရဲဒုက္ခ ခံစားရချိန်တွင် ယေဘမယားသည် တချိန်လုံး အတူရှိခဲ့ကြောင်း၊ ယောဘမယားသည် ဘုရားသခင်ကို စွန့်လွှတ်ရန် ယောင်္ကျားကို တိုက်တွန်းသော်လည်း၊ ယောင်္ကျားက အထိမခံပြန်ပြောသောအခါ ယောဘမယား ငြိမ်သွားပါသည်။ နောက်ဆုံး ၂ဆသော ကောင်းကြီးမင်္ဂလာများ ရရှိချိန်၊ သားယောင်္ကျားများနှင့် ချောမောလှပသော သမီးများကို မွေးဖွားပေးသူမှာလည်း ထို မယားပင် ဖြစ်သည်။ ယောဘသည် အာဗြာဟံထက် သာလွန်ပါသည်။ မယားတစ်ယောက်တည်းရှိကြောင်း ဖြေလိုပါသည်။   မုရန်

1 comment:

Witmone said...

ယောဘနဲ့ဧလိဟု .. CLC ဘာသာပြန်အဖွဲ့မှထုတ်ဝေတဲ့ သမ္မာကျမ်းစာအနက်ဖွင့်ကျမ်း စာ-၂၃၉ ကိုးကားရရင်၊ လူတို့က အကြောင်းအမျိုးမျိုးကြောင့် လူတကာလေးစားရသူ ယောဘ အမှိုက်ပုံဘေူး ယိုယွင်းနေခြင်းကို ကြည့်ရန်၊ စပ်စုရန် ရောက်လာကြသည်။ နောက်ပိုင်းရောက်သူများတွင် ဥာဏ်ထက်သောလူငယ် ဧလိဟု လည်းပါသည်။ စကားရည်လုပွဲအရှိန်ရလာလေလေ ဧလိဟုက ပို၍စိတ်ဆိုးလေလေဖြစ်လာသည်။ အသက်ကြီးသော သူ၃ဦးအား ရိုသေလေးစားသောအားဖြင့် ဧလိဟု တိတ်ဆိတ်စွာ နေခဲ့ရသည်ဟု အစပြုသည်။ ဧလိဟုသည် ဘုရားသခင်စကားကို တဆင့်ပြောပြမည့်သူဖြစ်သည်။ ဧလိဟုက ယောဘကို ခင်မင်ရင်းနှီးစွာဖြင့် တန်းတူစကားပြော၏။ မိမိကိုယ်ဖြောင့်မတ်သည့် မာနအား ရဲရင့်စွာပြစ်တင်ရှုတ်ချသည်။ မိတ်ဆွေ၃ဦးပြောချက်များကို အကျယ်ချဲ့ရှင်းပြသည်။ ဘုရားသခင်၏မျှတခြင်းကို စိန်ခေါ်သည်။ ယောဘနှင့်မိတ်ဆွေများမေးခွန်းများကို ဘုရားသခင်ကိုယ်စား အဖြေပေးသည်။ ဘုရားသခင်နှင့်ငြင်းခုန်ခြင်းမပြုပဲ ကြောက်ရွံ့ရိုသေသင့်သည် ဟုပြောသည်။ (၂၁-၂၄)
ဘုရားသခင်၏ဖြေကြားချက်သည် အခန်း ၃၈း၁-၃၈ တွင်ဖေါ်ပြသည်။ ပုံပြင်ဆန်ဆန် အဆုံးသတ်ထားပါသည်။