Saturday, May 16, 2015

ကျည်ဆံတစ်တောင့်

အသွေးသားတက်မက်မှုကြောင့်လား၊ စာတန်မာနတ်ကြောင့်လား.. စာရေးသူ ဘုရားမကြိုက်တာတွေ လုပ်လေ့ရှိပါတယ်။ ဒီကနေ့ ကျမ်းစာလေ့လာတဲ့ ဇနီးမောင်နှံနှစ်ဦးနဲ့ ဆွေးနွေးရာမှာ .. ပညတ်တရား၁၀ပါး မကဘူး၊ ၆၀၀ကျော် ဓမ္မဟောင်းမှာ ရေးထားတယ်။ ဓမ္မသစ်မှာတော့ ၂ခုပဲ၊ ဘုရားသခင်ကို ကိုယ်နှင့်အမျှချစ်လော့၊ ကိုယ်နှစ်ဆက်ဆိုင်သူကိုလဲ ချစ်လော့  ...ဆိုတာကို ဇနီးမောင်နှံနှစ်ဦးက ၁ယော ၄း၈ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသည်။ ကိုယ့်မောင်နှမကို ချစ်နိုင်ရမည်၊ ခွင့်လွှတ်နိုင်ရမည် ..သို့မှသာ ဘုရားသခင်ကို တကယ်ချစ်နိုင်မည်...လို့ ဆွေးနွေးလာပါတယ်။ စာရေးသူကတော့ ပညတ်တော် ၁၀ပါးမှာ ဘုရားခွင့်မလွှတ်နိုင်တဲ့ ထိပ်ဆုံး(၃)ခု ရှိတယ်။ ကျန်တဲ့၈ခုကိုတော့ ဘုရားသခင်ခွင့်လွှတ်နိုင်ပါတယ် ..လို့ပြန်ပြောပါတယ်။ သူတို့နှစ်ယောက် ကျမ်းစာကို လှန်ကြည့်ပြီး ပထမ (၃)ချက်ကို ဖတ်ကြည့်ပါတယ်။

၁။ ငါမှတပါးအခြားသောဘုရားကို မကိုးကွယ်နှင့်
၂။ ငါ့ဖို့အလိုငှာ ရုပ်ထုမပြုလုပ်ရ
၃။ ငါ့၏နာမကို အလွဲမသုံးနှင့် ...

အခြားအချက်များမှာ သူ့တပါးပစ္စည်းမခိုးရ၊ မတက်မက်ရ၊ မဟုတ်မှန်သက်သေမခံရ ..စသဖြင့်ပါပါတယ်။

အခု ဆွေးနွေးမှာကတော့ တက်မက်မှုများမှာ သရဖူဆောင်းတဲ့ တက်မက်မှုအကြောင်းဖြစ်ပါတယ်။ ကျည်ဆန်တစ်တောင့် လို့ခေါင်းစဉ်တပ်လိုက်ပါတယ်။

အသွေးအသား ၊ ခန္တာကိုယ်တက်မက်မှုကြီး
၁။ ယောင်္ကျားများအတွက် ကာမတဏှာဖြစ်သည်။
၂။ မိန်းမများအတွက် အလှအပ် ဖြစ်သည်။

တက်မက်မှုတွေ မြောက်များစွာရှိပါတယ်။ အခုရေးတဲ့ အချက်၂ခုက အများဆုံးဖြစ်တတ်တာပါ။ အာရုံ၆ပါး တက်မက်မှုတွေ များစွာထဲမှာ အမြင်၊ အကြား၊ အနံ့၊အထိတွေ့၊ လျှာ၊ စအို စတဲ့ ဒွာရပေါက်များစွာ ရှိပါတယ်။ အနှိပ်အနင်းခံပြီး သာယာနေသူ၊ မူးယစ်ဆေးဝါး အသွေးသားထဲသွင်းပြီး သာယာနေသူ ... ဂလာတိ ၅း၁၀မှာ အသွေးသားမဟုတ်တဲ့ ဒေါသ၊ လောဘ၊ ရန်တွေ့ခြင်း၊ ဆူပူခြင်း ..စတာတွေလဲ ပါဝင်ပါတယ်။

ယောင်္ကျားများအတွက် ကာမတဏှာ ဆိုရာမှာ သိပံပညာအရလည်း ယောင်္ကျားများ၊ မိနစ်တိုင်း ကာမတဏဌာစိတ် ပေါ်ပေါက်တတ်သည်။ အထူးသဖြင့် ဆန့်ကျင့်ဖက် မိန်းမများနှင့် သာယာတတ်ခြင်း၊ မိန်းကလေးများကို ယောင်္ကျားများထက် ပိုသနားတတ်ခြင်း၊ ထိုထက် အဆင့်တက်လာတဲ့ ဖေါက်ပြန်ခြင်း၊ ပြည့်တဆာမှီဝဲခြင်း.. စတာတွေဟာ ယောင်္ကျားများအတွက် အလွန်ကြီးမားတဲ့ ရန်သူ၊ ကျည်ဆံဖြစ်ပါတယ်။ စာတန်ရဲ့ လက်နက်လို့ဆိုရင် ..မိန်းမတွေက အလွန်စိတ်ဆိုးမှာဖြစ်ပါတယ်။ စာတန်ရဲ့လက်နက် ကာမတဏှာ မဟုတ်ပါဘူး။ အသွေးသားတက်မက်တဲ့ ကာမတဏှာ ဖြစ်ပါတယ်။ မြန်မာဝန်ကြီးချုပ်ဟောင်း ဦးနု ရေးသားတဲ့ ကာမတဏှာ ဆိုတဲ့ စာအုပ်ကို ခဏခဏ ဖတ်မိပါတယ်။ ငယ်ရွယ်စဉ်ကတော့ ဒီစာအုပ်ဖတ်ပြီး မိန်းမချောများစွာနဲ့ ပျော်ပါးနေတဲ့ ကုလားသူဌေး၊ မြန်မာသူဌေးများကို အားကျချင်သလိုလိုဖြစ်ခဲ့ပါတယ်။ ကာမတဏှာ စာအုပ်ရေးတဲ့ ဦးနုကိုယ်တိုင် အသက်၂၀အရွယ်မှာ အပြောကောင်းတဲ့ ပြည့်တဆာ မိန်းမကို လက်ထပ်ယူမဲ့အထိ ဆင်မုန်ယိုသလို ကြမ်းရမ်း၊ ရန်ကုန်ကောလိပ် စာမေးပွဲကျခဲ့ရတာတွေ ဖတ်ရပါတယ်။ ဒါကြောင့် နှစ်နိုင်ငံ စစ်တိုက်ကြရင် စပိုင်၊ ထောက်လှမ်းရေးလုပ်တဲ့နေရာမှာ အမျိုးသမီးများကို အသုံးချကြပါတယ်။ ဗိုလ်ချုပ်ကြီးများ မိန်းမမာယာ၊ ကာမတဏှာကြောင့် တိုင်းပြည်ပျက်စီ၊ စစ်ရှုံးရတာမျိုးတွေ ရှိလို့ အစ္စရေးနိုင်ငံမှာဆို အမျိုးသမီးများ စစ်မှုထမ်းခြင်းကို လုံးဝတားမြစ်ထားပါတယ်။ အမျိုးသမီး တစ်ယောက် စစ်တပ်တခုကို ရောက်လာရင် ဒီအမျိုးသမီးကြောင့် ယောင်္ကျား စစ်သားကြီးတွေ ရန်ဖြစ်၊ အဆင်မပြေဖြစ်တတ်လွန်းလို့ ...အစ္စရေးစစ်တပ်မှာ အမျိုးသမီးစစ်သား၊ စစ်မတိုက်ခိုင်ပါဘူး။ ယောင်္ကျားတွေရဲ့ ကာမတဏှာစွဲလမ်းလာရင် တိုင်းပြည်နစ်နာလှပါတယ်။ မြန်မာနိုင်ငံမှာ မိန်းမတွေအများကြီးယူတဲ့ ဗိုလ်နေဝင်းဆိုသူ စစ်အာဏာရှင်ကြောင့် အနှစ်၅၀ကျော် ..တိုင်းပြည်ဖွတ်ဖွတ်ကြေခဲ့ရပါတယ်။ အခုတော့ ပြန်လည်ပြုပြင်ပြောင်းလဲနေပါပြီ။

မိန်းမများအတွက် အလှအပ ဆိုတာ၊ အံ့သြစရာဖြစ်ပါတယ်။ မိန်းမတိုင်း အလှပကြိုက်နှစ်သက်ပေမဲ့ တချို့ ယောင်္ကျားစိတ်ရှိတဲ့ မိန်းမ၊ ဘုရားနဲ့မွှေ့လျော်တဲ့မိန်းမ၊ စသဖြင့် အလှအပ ဖီးလိမ်းမပြင်ဆင်တဲ့ မိန်းမများလည်း ရှိပါတယ်။ အများစုသော မိန်းမများက အလှပ ကြိုက်ပါတယ်။ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဘယ်မိန်းကလေးမဆို လှတယ်ပြောလိုက်ရင် ..သဘောကျသွားကြတာပဲ။ ငါလို ဝဝ၊ ရုပ်မလှတာတောင် ဒီနေ့ပိုလှသလိုပဲ ပြောခံရရင် ဘဝင်ခိုက်သွားပြီး၊ အဲဒီမိန်းမရဲ့ အပြုံးကို တွေ့ရပါလိမ့်မယ်တဲ့... ငါတို့မိန်းမတိုင်း လှတယ်ပြောရင် ကြိုက်တယ်။ မိန်းမတစ်ယောက်ကို တယ်ချောပါလား၊ တယ်လှပါလား.. ပြောဆိုမြှောင့်ပင့်တတ်ခြင်းဟာ လူပိန်းကြိုက် နည်းလမ်းဖြစ်ပါတယ်။ မိန်းမများကို ချောလှတယ် ပြောချင်ရင်၊ တယ်ခန့်ငြားပါလား.. Today, so smart လို့ပြောတာကောင်းပါတယ်လို့ ..စာရေးသူကို ဆုံးမပြောဆိုပါတယ်။ စာရေးသူက မိန်းမငယ် လှပသူများဆိုရင် အသံနဲ့မျက်လုံးအရောင် ပြောင်းသွားတတ်တာ ဒီအမျိုးသမီး ရိပ်မိပုံရပါတယ်။ ယောင်္ကျားလဲ အလှပ ကြိုက်တတ်ပေမဲ့ မိန်းမလောက်တော့ အလှအပအတွက် ဖီးလိမ်းပြင်ဆင်၊ မှန်ခဏခဏ မကြည့်တတ်ကြပါဘူး။ တနေ့ကလဲ ဘုရားတရားနဲ့ မွေ့လျှော်တတ်တဲ့ မိန်းမချောတစ်ဦး အသက်၅၀အရွယ်ကြီးကို ပိုလှစေတဲ့ ဆေးလာရောင်းတာ ဒေါ်လာ ၁၅၀၀ ပေးပြီးဝယ်မလို့ လုပ်နေတယ်။ ခင်ပွန်းဖြစ်သူက စိတ်ပျက်ပြီး၊ မပြောတော့လဲ..အသက်၂၀အရွယ်၊ သားဖြစ်သူက ကြမ်းပြင်ပေါ်လူးလိမ့်ကန့်ကွက်တယ်။ မရပါဘူး။ ၃ခါလောက် တွေ့ပြီးပြီဆိုတော့ ငွေပေးချေဖို့ပဲ ကျန်တော့တယ်။ တလလောက် ငွေစုဆောင်းပြီး သွားပေးမဲ့နေ့ရက်မှာပဲ ... အရောင်းအေးဂျင့်ကောင်ကလေးနဲ့ စကားပြောနေစဉ်၊ တယ်လီဖုန်းဝင်လာတယ်။ ငါတို့သင်းအုပ်ဆရာရဲံ မော်တော်ကား ရန်ကုန်မှာကားတိုက်မှုဖြစ်ပြီး၊ ငါတို့သင်းအုပ်ဆရာနောက်လိုက်တဲ့ လူတစ်ယောက် ကားကြိတ်ခံရလို့ သေသွားပြီ၊ ဆုတောင်းပေးရအောင်..လာခဲ့ပါ..ခေါ်သံကြားလို့၊ ရုတ်တရက် ..သြော်... ငါက အလှအပအတွက် လုပ်နေတာ၊ ငါလဲ သေမှာပါလား ..သံဝေဂရပြီး အလှအပ ဆေးကို မဝယ်ဖြစ်တော့ဘူး..လို့သက်သေခံပါတယ်။

 ကျည်ဆံတစ်တောင့် ဖြစ်တဲ့ ယောင်္ကျားတွေရဲ့ ကာမတဏှာ နဲ့ မိန်းမများအတွက် အလှအပ အကြောင်း ဖြစ်ပါတယ်။ အသွေးသားတက်မက်မှု Flesh ဖြစ်ပါတယ်။ စာတန် Satan ကြောင့်မဟုတ်ပါဘူး။ ကိုယ်ဖာသာ မဟုတ်တာတွေလုပ်ပြီး စာတန်ကို ပုံချနေလို့ စာတန်တောင်ငိုရတဲ့ ရယ်စရာပုံပမာများလဲ ရှိပါတယ်။ မကောင်းမှု တစ်ခုလုပ်ပြီးရင် ဖုံးဖိဖို့မလုပ်သင့်ပါ။ ဘုရားသခင်ထံ ဝန်ချတောင်းပန်ပေမဲ့၊ ရင်းနှီးမိတ်ဆွေတစ်ယောက်လောက်ကိုလဲ ဝန်ချပြောဆိုရပါတယ်။ ဒါမှ ဒါဝိတ်မင်းကြီးလို သူ့ အတူထိုင်ပြီး၊ ပြောနိုင်တဲ့ ပရောဖက်နာသန် ကို ဘုရားသခင်စေလွှတ်မယ်ဖြစ်ပါတယ်။ အလှပကြိုက်နှစ်သက်တဲ့ အမျိုးသမီးများနဲ့ ကာမတဏှာနှစ်သက်တဲ့ အမျိုးသားများ ဗာသရှေဘ (စစ်သူကြီးမိန်းမ) နဲ့ ဒါဝိပ်မင်း (ဘုရင်) တို့ရဲ့ တက်မက်မှုပြသနာကို သတိရကြမှာပါ။ အချိန်မီ ကိုယ့်အပြစ်ကိုသိရှိသွားပြီး ပြင်လိုက်ရပါတယ်။ နောက်မလုပ်နဲ့ပေါ့။


အနည်းငယ်ရေးလိုက်ပါတယ်။ ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေ။
Burmese Bible 2015


No comments: