Wednesday, May 4, 2011

ကမ္ဘာကျော် ပန်းချီဆရာကြီးဦးဘကြည်ရဲ့ ဇတ်တော်ကြီးဆယ်ဘွဲ့

ငယ်စဉ် မူလတန်းကျောင်းသားဘ၀တုံးက တေဇစာစောင်မှာ ဖတ်ဖူးတယ် ထင်ပါတယ်။ အခု အနှစ်၄၀လောက်အကြာမှာ သေချာပြန်ဖတ်ရတာ အလွန်အံ့သြဘွယ်ကောင်းလှပါတယ်။ ဦးနေ၀င်းလက်ထက်က ဒီလိုပညာပေး ပုံပမာလေးတွေ အများကြီးရှိခဲ့ပေမဲ့၊ ဦးသန်းရွှေခေတ်မှာတော့ ငွေမတတ်နိုင်တာရော .. အကျင့်ပျက်ကုန်တာရော၊ ခြုံကြည့်လိုက်ရင် ကျွန်တော်တို့လည်း ခေတ်သစ်ကျွန်အဖြစ် နိုင်ငံခြားရောက်လာရပါတယ်။

အားရင် ဗုဒ္ဓဘာသာဝင်မြန်မာများသာမက အခြားဘာသာဝင်၊ အထူးသဖြင့် ဗုဒ္ဓဘာသာလိုလိုနဲ့ ဘာသာမဲ့ဖြစ်နေတဲ့ ဖရီးသင့်ကားမြန်မာများ ဖတ်ဖို့ ပြန်လည်ပုံနှိပ်ရောင်းချနိုင်ပါ
စေ ဆုတောင်းလိုက်ပါတယ်။ 21MB ဖိုင်ကို ဒေါင်းလုပ်ယူထားပြီး ဖတ်ပါတယ်။
တေမိ - အသက်ကြီးသူများ အာဏာစွန့်ရေး
မဟာဇနက - မိခင်ကောင်း၏၊ သားကိုပြုစုပျိုးထောင်မှု
သူမဏ္ဍသာမ - မိဘမေတ္တာ နှင့် သမင်သားအလွန်တက်မက်သော (ကာမဂုဏ်) မင်းကြီးအကျွတ်တရား
နေမိမင်းကြီး - အပြစ်လမ်း နှင့် ကောင်းမှုကုသိုလ်၊ သကြားမင်းထံ အလည်သွားခြင်း
မဟောသဓာ - လောကပညာရှိကြီး၊ ပညာရပ်များ အံ့မခန်းဖွယ်ရာ
..... စသဖြင့် ဇတ်တော်ကြီးဆယ်ဘွဲ့ .. တိုရင်း၊လိုရှင်း ရုပ်ပြဖြင့် ဖေါ်ပြထားချက်ဖြစ်သည်။

Hardcopy is much better than softcopy. ကျွန်တော်လည်း အားရင် ကာလာနဲ့ Print Out ထုတ်ထားချင်ပါတယ်။ ပြန်လည်ထုတ်ထားတာရှိရင် ၀ယ်ယူသိမ်းဆည်းထားချင်ပါတယ်။ အင်္ဂလိပ်လို ဘာသာပြန်ရေးပြီး ဘိုလိုပဲပြောကြတဲ့ မြန်မာကလေးများအတွက်လည်း ဖတ်စေချင်ပါတယ်။

ရွှေပြည်သူကို ကျေးဇူးတင်ပါတယ်။

ဇော်အောင် (မုံရွာ)

ဆရာကြီး (ပန်းချီ) ဦးဘကြည်ရဲ့ “ဇာတ်တော်ကြီးဆယ်ဘွဲ့” (မဟော်သဓါအပါအဝင်) ကို Download ရယူနိုင်တဲ့ Link အောက်မှာ ပို့လိုက်ပါတယ်။
ကြာနီကြာညို Blog ကဝေမျှထားတာပါ။ (Shwepyithu)

http://www.mediafire.com/?xdiiaamtnnm

No comments: