Sunday, March 24, 2013

Daily Hope 10May2011 ဆုတောင်းခြင်း၌ ထိရောက်သောအကျိုးရှိသည်။

ဆုတောင်းသမျှသော စကားတို့ကို နားထောင်တော် မူသည်ကိုငါတို့သိလျှင်၊ အထံတော်၌ တောင်းသောဆုတို့ကို ရမည်ဟု သိရကြ၏။ ၁ယော ၅း၁၅

ဆုတောင်းခြင်းက အမှန်တကယ် အကျိုးရှိရဲ့လားဟု သင်စဉ်းစားဖူးပါသလား။ တစ်စုံတစ်ခုအတွက် သင်ဆုတောင်းနေစဉ် စာတန်မှ “ဒါအလကား အချိန်ဖြုန်းနေတာပဲ၊ မေ့လိုက်စမ်းပါ.. မင်းကိုယ်မင်း ဘယ်လိုလူထင်နေလဲ? မင်းဘာတွေလုပ်နေတယ် ထင်နေလို့လဲ? ဘုရားက နားထောင်နေတာမဟုတ်ဘူး အချိန်ကုန်ခံမနေနဲ့” ဟု တီးတိုးပြောဖူးပါသလား။
ဘုရားသခင်သည် အရာအားလုံးကို ထိန်းချုပ်သောကြောင့် ဆုတောင်းခြင်းသည် အကျိုးရှိပါသည်။ အံ့ဖွယ် တန်ခိုးတော်များအားလုံး၏ အရင်းအမြစ်မှာ ဘုရားသခင်၏ အုပ်စိုးနိုင်ခွင့် အချုပ်အခြာအာဏာ ပင်ဖြစ်သည်။ သူသည် အဘယ့်ကြောင့် တစ်စုံတစ်ခုကို ပြုလုပ်ပြီး အခြားတစ်ခုအား မပြုလုပ်သနည်း။ အကြောင်းမှာ သူ့သည် ထိန်းချုပ်နိုင်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူ၏ ဥာဏ်ပညာတော်နှင့် သူ၏ ကောင်းမြတ်ခြင်းအား ယုံကြည်ရန်သာဖြစ်သည်။
ဧဖက် ၃း၂၀ ပြောသည်မှာ “ငါတို့၌ ပြုပြင်သော တန်ခိုးတော်အတိုင်း၊ ငါတို့တောင်း ပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှါတတ်နိုင်တော်မူသော ဘုရားသခင်သည် ..”
ဘုရားသခင်တတ်စွမ်းနိုင်သမျှကို ဆုတောင်းခြင်းသည် တတ်စွမ်းနိုင်ပါသည်။ သူ၏ အရင်းအမြစ်များသည် သင်အသုံးပြုရန် အဆင်သင့်ရှိပါသည်။ “တောင်းကြလော့” ဟူသော စကားကို ဓမ္မသစ်ကျမ်းထဲတွင် အကြိမ် (၂၀) ပြောထားသည်။ ကျွန်ုပ် မထိန်းချုပ်နိုင်သောအရာများသည် ဘုရားသခင် မထိန်းချုပ်နိုင်သောအရာများမဟုတ်ကြောင်း သိရခြင်းမှာ အလွန် အားတက်စရာဖြစ်ပါသည်။ ကျွန်ုပ်သည် အခြေအနေတစ်ခုကို ပြောင်းလဲချင်မှ ပြောင်းလဲနိုင်မည်၊ သို့သော် ကျွန်ုပ် ဆုတောင်း၍ ထိုအရာအား ဘုရားသခင်သည် ပြောင်းလဲပေးနိုင်သည်။

မီမီချို
Original: http://murann.com/dailyhope1.htm

No comments: