Thursday, March 14, 2013

အလွန်ဖတ်ကောင်းသော Attitude စိတ်နေသဘောထား စံနာမူပြုကျမ်းစာတစ်ခုဖြစ်သည်။

Couple and Bible
သမ္မာကျမ်းစာ ကမ္ဘာဦးကျမ်း အခန်း၂၄ တွင် အာဗြာဟံ၏ သား က္ကုဇက်အတွက် ကြင်ယာရှာသည့် အဖြစ်အပျက်ကို ကျေးဇူးတော်ချီးမွမ်းစရာဖြစ်ပါသည်။ မိမိသားသမီးများ ကြင်ယာလိုအပ်ပါက ဘုရားသခင်အား အဆက်မပြက်ဆုတောင်းခြင်းဖြင့် စတင်ရသည်။ သွက်လက်၊ချက်ချာ၊ မိဘလူကြီးရိုသေသော၊ ချောမောလှပါသော ရေဘက္ကာ ဆိုသည့် မိန်းကလေးငယ်အား တစိမ်းတစ်ဦးဖြစ်သည် အာဗြာဟံ၏ လူယုံကျွန်တစ်ဦး လာရောက်တောင်းရမ်းသည်ကို မိဘများက သဘောတူသည်။ သမီးဖြစ်သူ သဘောဟု ဆိုသောအခါ သမီးဖြစ်သူက ဘုရားသခင်အလိုတော်ကို လက်ခံပြီး က္ကုဇက် ရှိရာဒေသသို့ လိုက်လာ လက်ထပ်ပေါင်းသင်းသည့် လှပသော အိမ်ထောင်ထူထောင်သည့် သမ္မာကျမ်းစာ မင်္ဂလာပုံပမာ တကယ့်အဖြစ်ပျက် ဖြစ်သည်။ ဖတ်ကြည့်ပါ။
ကမ္ဘာဦးကျမ်း အခန်း၂၄
http://burmesebible.com/buglish/Genesis24.htm

ထိုနည်းတူ ရိုမင်ကက်သလစ်ကျမ်းစာ တိုဘိဆိုသည်၏ ဇတ်လမ်းသည်လည်း အံ့သြဘွယ်ဖြစ်သည်။ ဘုရားကို အလွန်ရိုသေ၊ ချစ်မြတ်နိုး၊ နာခံ၊လိုက်လျှောက်သောသူ၊ အလွန်စေတနာစိတ်ရှိသူ၊ ပေးကမ်းရက်ရောသူ တိုဘိ ဆိုသူ သူဌေးတစ်ဦး ရှိသည်၊  အစ္စရေးလူမျိုးများအား စစ်နိုင်သော ဘုရင်တစ်ဦး ရှာမာနေဇာ ဖမ်းဆီးခံရပြီး၊ ကျွန်အဖြစ်ရောက်ခဲ့ရသည်။ ကိုယ့်လူမျိုးများကို မတရားသတ်ဖြတ်ခံရသည့် လူသေများကို လိုက်လံမြှတ်နှံပေးသူ၊ နောက်ဆုံး မျက်စိကွယ်ပြီး ဆင်းရဲဒုက္ခရောက်စဉ် သားဖြစ်သူအား ကြင်ယာရှာပေးသော အလွန်ကျော်ကြားလှသည့် စာရိတ္တပြုပြင်ရေး အစ္စရေးလူမျိုးများ စံနမူနာထားရသော ဇတ်လမ်းကြီးဖြစ်သည်။ နောက်ဆုံးတွင် နှစ်ပေါင်းများစွာ မျက်စိကွယ်သွားသော အဖိုးကြီး တိုဘိ၊ ငါးကြီးအဆီလိမ်းရာမှ ပြန်လည်မျက်စိမြင်ပြီး၊ သားလည်း လှပသောကြင်ယာရရှိ၊ ချမ်းသာကြွယ်ဝသည့် ဘ၀သို့ ရောက်ရှိသွားခြင်း၊ ဆင်းရဲ၊ ချမ်းသာ အမြဲတမ်း ဘုရားသခင်ကို ချီးမွမ်း၊ကျေးဇူးတင်နေသော တိုဘိဇတ်လမ်းလည်း အလွန်ဖတ်ကောင်းသော Attitude စိတ်နေသဘောထား 15 minutes reading စံနမူနာပြုကျမ်းစာတစ်ခုဖြစ်သည်။

ဒေါင်းလုပ်ဖတ်ရှုရန် လင့်ခ်
http://burmesebible.com/document/rc/1Tobit.pdf

https://sites.google.com/site/mdycym/1Tobit.pdf?attredirects=0

No comments: