Tuesday, November 8, 2011

သြော် မိုက်ကယ်ဂျက်ဆင် နဲ့ သူ့ရဲ့ဆရာဝန်



ဒီကနေ့ သတင်းစာတွင် သတင်း၂ခုကို သတိပြုမိသည်။ ပထမတစ်ခုမှာ ကမ္ဘာကျောှ်ဟဲဗီးဝိတ်လက်ဝှေ့သမား မိုဟာမက်အလီ ကို အနိုင်ထိုးခဲ့သူ ဂျိုးဖရေဇီယာ ၆၇နှစ် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။ ဂီတ၊ အားကစား၊ အနုပညာ ဆိုသည်မှာ လောကပျော်ရွှင်မှုများဖြစ်သည်။

နောက်သတင်းတခုမှာ သေဆုံးသွားသော မိုက်ကယ်ဂျက်ဆင်ဖြစ်သည်။ သူ့ကို အိပ်ပျော်အောင်ထိုးပေးသောဆေးကြောင့် သေရသည်ဟု ဂျုရီအဖွဲ့က ၂၂ရက် တရားရုံးမှ ထောာင်၎နှစ် အမိန့်ချမှတ်လိုက်သည်။ ဆရာဝန်က သူ့ကို ဒူးထောက်တောင်းပန်ပြီး အိပ်ပျော်အောင်ဆေးထိုးပေးပါ ခဏခဏပြောသော မိုက်ကယ် ဂျက်ဆင်ကို သူ့အမြင်ဖြင့် အသင့်တော်ဆုံးဆေး ထိုးပေးမိရာမှ သေဆုံးသွားသည်ဟု ဆိုသည်။ သြော် .. ဖြစ်မှဖြစ်ရပလေ။

ကမ္ဘာကျော် အဆိုတော်ကြီး၊ အသုံးအဖြုန်းကြောင့် အကြွေးဒေါ်လာသန်းပေါင်းရာချီနှင့် အိပ်မပျော်နိုင်ဖြစ်နေစဉ် ဆရာဝန်တစ်ဦးကို တစ်လ ဒေါ်လာတသိန်းခွဲ US$150,000 per month လစာပေးပြီး ခန့်ထားသည်။ ဆရာဝန်အလုပ်မှာ မိုက်ကယ်ဂျက်ဆင်တစ်ယောက်နောက် တစ်ကောက်ကောက်လိုက်ပြီး၊ ညတွင် နှစ်သိမ့်စကားနှင့်အိပ်ပျော်ရန်ဖြစ်သည်။ အိပ်ပျော်မှ ဒေါ်လာသန်းချီသော ဖျော်ဖြေပွဲများကို မိုက်ကယ်ဂျက်ဆင်လုပ်နိုင်ပေမည်။

တရားသဘောနှင့်ပြောလျှင် မိုက်ကယ်ဂျက်ဆင်နှင့်သူ့ဆရာဝန်၂ယောက် ငွေ၊ကျော်ကြားမှုနောက် ကောက်ကောက်ပါလိုက်နေသည်မှာ ခြေလှမ်းလွန်သွားလေပြီ။

သက်သေခံခြင်း
ကျွန်တော်လည်း သန်းချီသောငွေကြေးမဟုတ်သော်လည်း ငွေကြေးကြောင့် အိပ်မပျော် ၃နှစ်ဖြစ်ခဲ့ဖူးပါသည်။ အိပ်ဆေး တစ်ရက် ၁လုံးစားလိုက်သောအခါ စိတ်ဖိစီးမှုများမှ ကင်းဝေးသော အိပ်ပျော်ခြင်းသို့ ရရှိပါသည်။ သို့သော် ၃နှစ်ကြာသောအခါ မိမိဖာသာ မြန်မာပြည်မှ ၀ယ်ယူသုံးဆောင်ပြီး တစ်ည အိပ်ဆေးတစ်လုံးမှ ၆လုံးထိ တိုးသာက်မှ အိပ်ပျော်ရသည်။ အခြားဆေးတမျိုးကို ဆရာဝန်တဦးမှစမ်းသပ်သောက်သုံးစေရာ ၃ရက်အကြာတွင် လျှော့ခ်ဖြစ်ပြီး ဆေးရုံတင်လိုက်ရသည်။ တလဆေးရုံတက်ရပြီးနောက် အဖြေရှာသည်။ ညီဖြစ်သူက ရန်ကုန်ညီအစ်ကိုများအသင်းတော်မှ ဆရာဦးတင်မောင်ညို၊ ဦးတင်မောင်ထွန်း ကက်ဆက်ခွေများပေးလိုက်သည်။ ၂၀၀၃ နှစ်သစ်ကူးညတွင် အိပ်ဆေး၊ စိတ်ငြိမ်ဆေးများ လုံးဝရပ်လိုက်ပါသည်။ ဘုရားကိုပဲ စိတ်ထဲမြင်ပြီး တရားခွေများကိုသာ နားထောင်ခြင်းဖြင့် အိပ်ဆေးကို တိတိဖြက်နိုင်ခဲ့သည်။ ပြသနာများလည်း တဖြေးဖြေး ပြေလည်သွားပါသည်။

လောကအရာ ငွေ၊ပစ္စည်း၊ ရာထူး၊ ကာမဂုဏ် စွဲလမ်းမှုများကို ဖျောက်၍မရခြင်းမှာ လူဗီဇဖြစ်သော်လည်း၊ ထိုအရာများ၏ ကျေးကျွန်အဖြစ် အရှက်တကွဲဖြစ်ရချည်ရဲ့။ သေမှာကြောက်ခြင်း၊ သေပစ်လိုက်ချင်ခြင်း .. စသည့် ဗီဇနှင့်စာတန် လျှို့ဆော်ချက်များကြောင့် အိပ်မပျော်ခြင်း ဖြစ်ရပါသည်။

မိုက်ကယ်ဂျက်ဆင်အနေဖြင့် ခရစ်ယန်တစ်ဦးဖြစ်သော်လည်း အိပ်မပျော်သောရောဂါကြောင့် စောစီးစွာ ဘုန်းတော်ဝင်စားသွားရပါသည်။ အသင်းတော် ဆရာတပါးက ပြောပါသည်။ ဆေးလိပ်သောက်တဲ့လူတွေ ကောင်းကင်ဘုံရောက်နိုင်သလား ..မေးခွန်းကို ဖြေသည်။ အေးရောက်တာပေါ့ .. ပိုပြီးစောစောတောင် ရောက်သေးတယ် .. ဟူသတည်။

ကျမ်းစာတွင်မူ ..
ပစ္စည်ဥစ္စာချမ်းသာသူများ (ငွေကျေးကွန်၊ ငွေဂုဏ်မက်သူများ) သည် ကောင်းကင်ဘုံသိုရောက်ရန် ခဲယဉ်းကြောင်း သခင်ယေရှုကပြောရာ ဥစ္စာအလွန်ရတတ်သူ - သူဌေးတစ်ဦးစိတ်မသာစွာဖြစ်သွားလေ၏။ (လုကာ ၁၈း၂၄)၊ မိမိဥစ္စာများကို ကောင်းကင်ဘဏ္ဍာအဖြစ် သိမ်းဆည်းတတ်သူ ချမ်းသာသူများသာမက၊ ဆင်းရဲသော်လည်း ဒေနာရိတစ်ပြားလှုသောမုဆိုမကဲ့သို့ ကောင်းကင်ဘုံသို့ ရောက်နိုင်ကြောင်းကို ကျွနိုပ်နားလည်လိုက်ပါသည်။

သြော် မိုက်ကယ်ဂျက်ဆင် နဲ့ သူ့ရဲ့ဆရာဝန်

ဇော်အောင်
၉-နိုဝင်ဘာ-၂၀၁၁

2 comments:

Unknown said...

I like it post. Thanks for post

Unknown said...

i like your post. And thanks for that :)