Friday, March 8, 2013

အဖေါ်မဲ့ခြင်း၊ အထီးကျန်ခြင်း (Loneliness) - Biligram

လူများစွာသည် ငရဲလို့ ပြောပါက လှောင်ပြောင်၍ မထိတထိ ရယ်ကြသည်။ ၄င်းတို့က "ကောင်းပြီဟေ့၊ ငါတော့ ငရဲကိုပဲ သွားမလို့၊ အဲဒီနေရာမှာ ငါပျော်မှာပါ။ ည ကပွဲရုံ တွေလည်းရှိတယ်။ ပျော်ပျော်ပါးပါး နေမယ်၊ စာတန်၊ နတ်ဆိုးတွေနဲ့ ပျော်ပျော်ကြီး နေလိုက်မယ် " ဟု ပြောသော်လည်း လူ့အထင်နှင့် သမ္မာကျမ်းစာ၌ ဖော်ပြထားသည်မှာ မတူပါ။
အဖေါ်မဲ့ခြင်း၊ အထီးကျန်ခြင်း (Loneliness) - Biligram (Part III) Part I , Part II တို့တွင် ၄ချက်ကို ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ယခုအဆုံးသပ်ပိုင်း Part III ဖြစ်ပါသည်။
ပဉ္စမအချက်-သခင်ယေရှုအဖော်မဲ့ခြင်းအကြောင်း (Loneliness of Jesus) ပြောလိုပါသည်။ ကျွန်ုပ်တို့ ကယ်တင်ရှင်၏ အဖော်မဲ့ခြင်းအကြောင်း ဖြစ်သည်။ ကိုယ်တော်သည် အဖော်မဲ့သူ၊
အစွန့်ပစ်ခံရသူတို့ကို အချိန်များစွာ ပေးခဲ့ပါသည်။ (ယော ၄း၅-၃၀)။ "မထီမဲ့မြင်ပြုခြင်းကို ခံရ၍ လူတို့တွင် အယုတ်ခံရဆုံးသူ ဖြစ်၏။ ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် အကြွမ်းဝင်သောသူ ဖြစ်၏။ သူ့တပါး မျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကို ခံလျှက်ရှိ၍ ငါတို့သည် မရိုသေကြ" (ဟေရှာယ ၅၃း၅) ဟု ကျမ်းစာ၌ လာပါသည်။ လူပေါင်းများစွာ ကိုယ်တော့်ကို ၀န်းရံထားသော်လည်း ကိုယ်တော်တစ်ဦးတည်း ဖြစ်ရသည့် အချိန်များ ရှိခဲ့ပါသည်။ နောက်ဆုံးသော အချိန်မှာပင် သမ္မာကျမ်းစာက ပြောသည်မှာ "တပည့်တော်အပေါင်းတို့သည်၌ ကိုယ်တော့်ကို စွန့်ပစ်၍ ပြေးကြ၏" (မ ၂၆း၅၆)။ မကြာခင်လေးက "ဟောရှဏ္ဍဖြစ်စေသတည်း" ဟု ကြွေးကြော်ခဲ့သော လူအုပ်ကြီးသည် (မ ၂၁း ၈-၉) ထို ရက်သတ္တပါတ်ထဲမှာပင် "ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါ " ဟု ကြွေးကြော်ကြပြန်သည်။ (လု ၂၃း၂၁)၊ ကိုယ်တော် တစ်ကိုယ်တည်းဖြစ်ခဲ့ရသည်။

နောက်ဆုံး၌ ကားတိုင်ပေါ်မှ ကိုယ်တော် ဤသို့ ကြွေးကြော်တော်မူသည်ကို ကျွန်ုပ်တို့ ကြားကြရသည်။ "အကျွန်ုပ်ဘုရား၊ အဘယ့်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း" မ ၂၇း၄၆  လက်ဝါးကပ်တိုင်ပေါ်၌ ချိတ်ဆွဲခြင်းခံရသော ခရစ်တော်သည် အထီးကျန်အဖြစ်ဆုံးသူ ဖြစ်သည်။ အဘယ့်ကြောင့် ဤသို့ ဖြစ်ရသနည်း သင်နှင့် ကျွန်ုပ်၏ အပြစ်ကို သယ်ဆောင်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အပြစ်ကို ကြည့်မနေနိုင်ပါ။

သခင်ယေရှုအဖို့ ထိုအချိန်သည် ခမည်းတော် စွန့်ပစ်သည်ဟု ထင်ရသောအချိန်ဖြစ်သည်။ သင်နှင့်ကျွန်ုပ်အတွက် အိပ်မက်ငရဲကို ခံစားနေတော်မူရသည်။ ကျွန်ုပ်တို့ ငရဲသွားရမည့် အတွက် ဒဏ်ခံသွားတော်မူသည်။ ကျွန်ုပ်တို့အတွက် ပြစ်ဒဏ် စီရင်မှု ခံတော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တိုကို ဤမျှ ချစ်တော်မူပြီး သင့်ကို ကိုယ်တော့်ထံသို့ အလျှင်အမြန် ပြန်လာစေလိုပါသည်။

သင်နှင့်ကျွန်ုပ်အတွက် အသေခံသဖြင့် အဆုံးစွန်သော အထီးကျန်မှုကို တွေ့ကြုံခဲ့ရသည်။ အသေခံတော်မူခြင်းဖြင့် လူသားတို့၏ အထီးကျန်မှုကို ဖြစ်စေသည့် အခြေခံအကြောင်းတရား ဖြစ်သော ဘုရားသခင်နှင့် ဝေးကွာခြင်းကို ဖြေရှင်းပေးတော်မူသည်။ ကားတိုင်ပေါ်တွင် လက်တစ်ဖက်သည် ခမည်းတော်ကို ဖက်တွယ်ထားပြီး၊ ကျန်လက်တစ်ဖက်သည် ကျွန်ုပ်တို့ကို ကမ်းလင့်နေသည်။

ငရဲဆိုသည်မှာ အခြေခံအားဖြင့် ဘုရားသခင်ထံမှ ကွဲကွာခြင်းဖြစ်သည်။ ငရဲဆိုသည်မှာ ဤစင်္ကြာဝဌာတွင် အထီးကျန် အဖြစ်ဆုံးသော နေရာဖြစ်သည်။  လူများစွာသည် ငရဲလို့ ပြောပါက လှောင်ပြောင်၍ မထိတထိ ရယ်ကြသည်။ ၄င်းတို့က "ကောင်းပြီဟေ့၊ ငါတော့ ငရဲကိုပဲ သွားမလို့၊ အဲဒီနေရာမှာ ငါပျော်မှာပါ။ ည ကပွဲရုံ တွေလည်းရှိတယ်။ ပျော်ပျော်ပါးပါး နေမယ်၊ စာတန်၊ နတ်ဆိုးတွေနဲ့ ပျော်ပျော်ကြီး နေလိုက်မယ် "  ဟု ပြောသော်လည်း လူ့အထင်နှင့် သမ္မာကျမ်းစာ၌ ဖော်ပြထားသည်မှာ မတူပါ။ ကျမ်းစာ၌ပြောသော ငရဲဆိုသည်မှာ သင်သိဘူးသမျှ အရာခပ်သိမ်းနှင့် ကွေကွင်းခြင်း ဖြစ်ပြီး၊ သင်တစ်ဦးတည်း ဖြစ်မည်။ ဤသည်ကား ငရဲတကာ့ ငရဲ ဖြစ်သည်။ အဖော်မဲ့ခြင်း ၊ အထီးကျန်ခြင်း၊ တကိုယ်တည်း ရှိခြင်းဖြစ်သည်။

ငရဲအကြောင်း ကျွန်ုပ် အကုန်မသိသော်လည်း သခင်ခရစ်တော်ကို ငြင်းပယ်ကြသည့် သူများ၊ ငရဲသို့ ဦးတည်လျှက် သွားနေကြသည် ဟု ကျွန်ုပ် အသေအချာ ယုံကြည်သည်။ ဘုရားသခင်ကို ကျောခိုင်းထားသော် သင်လည်း ထိုမှာ လမ်းဆုံးသွားပါမည်။ ထိုနေရာ၌ သင်တစ်ဦးတည်း နေရမည့် အရပ်ဖြစ်သည်။ လူအစုအဝေးနှင့် နေရမည်မဟုတ်တော့ပါ။

သခင်ယေရှုသည် သင့်အတွက် ငရဲ၏ နာကျင်မှုဝေဒနာ ခံစားခဲ့ပြီးဖြစ်၍ သင် ငရဲသွားစရာ မလိုတော့ပါ။ တစ်မိနစ်မျှပင် သွားဖို့၊ နေဖို့ မလိုပါ။ ခရစ်တော် သင့်အတွက် လုပ်ပေးတော်မူခဲ့ပြီး ဖြစ်သည်။ သင်လုပ်ဖို့လိုသည်မှာ ခရစ်တော်ထံ လာဖို့နှင့် သင့်နှလုံးသားထဲ၌ ခရစ်တော်ကို လက်ခံဖို့ ဖြစ်သည်။


သေခြင်းနှင့်ပြစ်ဒဏ်စီရင်ခြင်းအထီးကျန်ဆန်မှု ရှိပါသည်။ (Loneliness of death and judgement) ကွန်ုပ်အဖွား သေအံ့ဆဲဆဲ အချိန်ကို သတိရပါသည်။ အဖွားတစ်ဦးတည်း မဖြစ်ခဲ့ပါ။ အဖွားသည် ခရစ်တော်ကို သိသည်။ နောက်ဆုံးအချိန်၌ အိပ်ယာပေါ်ထိုင်ကာ "အို... သင့်ကို မြင်တယ်"  ဟု ပြောသည်။ သင် ဆိုသူမှ နှစ်မကြာမီက ကွယ်လွန်သွားသူ ခင်ပွန်းဖြစ်သည်။ အဖိုးသည် Getlysburg တွင် ခြေတစ်ဖက်၊ မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့သည်။ သူသည် လယ်သို့ ပြန်လာကာ ချစ်စရာ သမီး(၃)ဦးကို ပြုစုပျိုးထောင်ခဲ့သည်။ အငယ်ဆုံးသမီးမှာ ကျွန်ုပ်မိခင်ဖြစ်သည်။

ကျွန်ုပ်အဖေနှင့်အမေ၊ ကွယ်လွန်သည့်အချိန်ကိုလည်း သတိရပါသည်။ သူတို့အနား ကျွန်ုပ်မရှိခဲ့ပါသည။ ဆုံးပြီး အနည်းငယ်ကြာမှ ရောက်သွားသည်။ သူတို့မျက်နှာပေါ်မှ ငြိမ်သက်မှုကို မြင်ရပါသည်။ ၄င်းတို့သည် ဘုရားသခင်ကို သိသည်။ ဘုရားသခင်နှင့် လျှောက်လှမ်းခဲ့ကြသည်။

ဘုရားသခင်ရှေ့ သင်တစ်ယောက်တည်း ရပ်နေရသည့်အခိုက်မှာ ပြစ်ဒဏ်စီရင်ခြင်းလည်း ရောက်လာပါမည်။ သင်ကလွဲ၍ မည်သူမျှရှိမည်မဟုတ်ပါ။ ဤလောက၌ အရေးကြီးသည်ဟု ဆိုသောအရာများ တစ်ခုချင်း ခွာကြည့်ခံရပါမည်။ သင် အသက်ရှင်ခဲ့သမျှ ပုံစံများအတွက် သင်ဖြေရှင်းရပါတော့မည်။ ခရစ်တော်ရှေ့တော်တွင် သင်ပြုခဲ့သမျှ အတွက် အဖြေပေးရပါတော့မည်။

ဘုရားသခင်၌ မှတ်တမ်းတင်စက် ရှိပါသည်။ သင့်အပြုအမူများကို သာမက သင်စဉ်းစားသမျှကိုလည်း မှတ်တမ်းတင်ထားပါသည်။ သင့်စိတ်နှလုံးထဲ၌ ရှိသမျှအားလုံးကို လူဘုံအလယ်၌ ချပြစ်ခံရပါလိမ့်မည်။ ပေးစရာအဖြေမရှိ၊ တစ်ဦးတည်းဖြစ်ရပါမည်။

တစ်ဦးတည်း ဆုံးဖြတ်ရမည့်အချိန် Loneliness of Decision လည်းရှိပါသည်။ ခရစ်တော်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချရန် သင့်မိဘ၊ မိတ်ဆွေများအပေါ် မမှီခိုနိုင်ပါ။ သင်ကိုယ်တိုင် ဆုံဖြတ်ရမည်။ အထီးကျန်ဆန်မှုကို ဖြေရှင်းရ၌ ပင်မအကြောင်းအရင်းကို မရှာပဲ အပေါ်ယံ လက္ခဏာလေးများကိုသာ ဖြေရှင်းတတ်ကြသည်။ အလုပ်ကို ဖိလုပ်ကြသည်။ ကာမဂုဏ်ခံစားမှုဖြင့် ဖြေရှင်းသည်။ အထီးကျန်ဆန်မှုကို ရှောင်ကွင်းရန် လူအချင်းချင်း အဖော်ပြု၍ အဖြေရှာကြသည်။ သို့ရာတွင် အလုပ်မဖြစ်ပါ။ ထိန်းမနိုင်၊ သိမ်းမရ ဖြစ်ကြရသည်။

အသစ်မွေးဖွားခြင်းမရှိပဲ၊ အပြစ်ကို ကိုင်တွယ်ဖြေရှင်းနေခြင်းသည် သဲနွံ quick sand ထဲ၌ ရုန်းကန်နေခြင်းနှင့် တူပါသည်။ မူးရစ်ဆေး၊ အရက်၊ လိင်မှုကိစ္စ သို့မဟုတ် စိတ်ပညာအတွေ့အကြုံ များနှင့် အထီးကျန်မှုအတွက် ဖြေဆေးရှာခြင်း ဖြစ်သည်။ တချို့ကိစ္စရပ်များအတွက် ကောင်းသော်လည်း မကြာခဏ ဒုက္ခရောက်ကြရသည်က များသည်။ နွံ့ထဲနစ်ပြီးရင်း နစ်သကဲ့သို့ ဖြစ်သည်။ အဆုံးသည် အစထက် သာ၍ ဆိုးပါသည်။

ဤအသက်တာအတွက် ခရစ်တော်မှလွဲ၍ အခြားကုထုံး မရှိပါ။ ခရစ်တော်အားဖြင့်သာ အသက်တာကို ပြန်လည်တည်ဆောက်နိုင်မည့် အခြေခံ ဆက်ဆံရေးရနိုင်သည်။ သင့် နှလုံးသား၌ ကျိုးကြေခဲ့ရသည့် အရာများကို ခရစ်တော်၌သာ ပြန်တည်ဆောက်နိုင်သည်။ ကိုယ်တော့်ကို ယုံကြည်ရမည်။ ကိုယ်တော် စိတ်ချမှုရှိရမည်။ ကိုယ်တော်သည် ကားတိုင်ပေါ် အသေခံတော်မူခဲ့ပါသည်။ သင့်အတွက် သေခြင်းမှ ရှင်ပြန်ခဲ့သည်။ ကိုယ်တော့်ထံသို့ လာရန် သင့်ကို စောင့်စားလျှက်ရှိပါသည်။

"ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်နေသည်။ အကြင်သူသည် ငါ၏အသံကို ကြား၍ တံခါးကို ဖွင့်အုံး။ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်၊ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်"  (ဗျာ ၃း၂၀)။ အလွန် အဖော်မဲ့သည့် ဆာလံဆရာသည် ဆာလံကျမ်း (၄၃) ကို ရေးဖွဲ့ခဲ့သည်။ "အိုး..ငါ့ဝိညာဉ်၊ သင်သည် အဘယ့်ကြောင့် ညှိုးငယ်သနည်း၊ ငါ့အထဲမှာ အဘယ့်ကြောင့် မငြိမ်မ၀ပ်ရှိသနည်း။ ဘုရားသခင်ကို မြျှော်လင့်လျှက်နေလော့။ ငါ့ကို ကယ်တင်တော်မူသော အရှင်၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာပြုအံ့သတည်း "  (ငယ်၅)။ ယခု သင်ပြုံးနိုင်ပါပြီ။ သခင်ဘုရား၏ ၀မ်းမြောက်ခြင်းကို သင့်စိတ်နှလုံးထဲ ခံစားနိုင်ပါသည်။

တခါတရံ အဖော်မဲ့ခြင်းသည် ဘုရားသခင်က ကျွန်ုပ်တို့ကို လက်ကမ်းရန် အချိန်တန်ပြီဟု သိစေသည့် နည်းဖြစ်တတ်သည်။ အကျွန်ုပ်တို့ ဘယ်သောအခါမှ အဖော်မဲ့ မဖြစ်ရလေအောင် ခရစ်တော်သည် အကြီးမားဆုံးသော အဖော်မဲ့မှုကို ကျွန်ုပ်တို့ ကိုယ်စား ခံစားခဲ့ရပါသည်။

ယခုအချိန်သမယ၌ အောင်မြင်ကျော်ကြားသော အားကစားသမား များစွာသည်၊ အားကစားအမျိုးမျိုး လုပ်ဆောင်လျှက်ရှိကြသည်။ အားကစားသမားတစ်ဦးသည် ဤတရားဟောပွဲမျိုးသို့ မကြာခဏ လာလေ့ရှိသည်။ သူ့နာမည် မပြောပါရစေနှင့်။ သူသည် လက်ရှိ အတော်ဆုံး အားကစားသမားထဲမှ တစ်ယောက်ဖြစ်သည်။ ယခုတစ်ပါတ် ပြုလုပ်ခဲ့သည့် လူတွေ့ မေးမြန်းမှုတစ်ခုတွင် လက်ရှိအချိန်သည် သူ၏ ရွှေရောင်ကာလ ဖြစ်သော်လည်း ဤအားကစားနည်းမှ အနားယူရမည့် အချိန်ကို စိုးရိမ်ကြောင်း ဖော်ထုတ်ပြသခဲ့ပါသည်။ ဤအားကစားနည်းသည် သူသိသမျှ သူဘ၀အတွက် တစ်ခုတည်းသော ဘ၀အဖော်ဖြစ်သည်။ သူက " ကျွန်တော် ကစားရက်တွေ ကုန်လွန်သွားတဲ့အခါ အဲဒီ ဟာနေတဲ့ ကွက်လပ်ကို ဖြည့်ရမဲ့ အရာအတွက် ရှာကြည့်ရတာ အလွန်စိတ်ရှုပ်ထွေးရတယ်ဗျာ "  ဟုပြောသည်။   "ကျွန်တော့်အတွက်တော့ ပူပြင်း ခြောက်သွေ့တဲ့ နွေကာလပါပဲဗျာ...။ အခုလောက် တစ်ခါမှ မပူပန်ခဲ့ရဘူး။ ကျွန်တော့်ဘ၀ရဲ့ အခုလိုအချိန်မျိုးမှာ ကိုယ့်ကိုယ်ကို တစ်ခုခု ရသွားပြီးလို့ ထင်မိတာ၊ ဒါပေမဲ့ ဘာမှ မတွေ့ရ၊ မရှိသေးပါလား " 
သူ ဘာကိုရှာနေတာလဲ၊ အခု ဘာကို ရှာနေတာလဲ။ ဒီည သူ ဒီမှာ ရှိမယ်လို့ မျှော်လင့်ပါတယ်။ သူ ဘုရားသခင်ကို ရှာနေတာပါ။ သူ သဘောပေါက်ချင်မှ ပေါက်ပါမယ်။ ခရစ်တော်ကို တွေ့ရှိသည့် အတွေ့အကြုံသည်သာ အရာခပ်သိမ်းကို ပြောင်းလဲစေနိုင်ပြီး၊ သူ့ ဘ၀၏ ကွက်လပ် လဟာပြင်ကို ဖြည့်ပေးနိုင်သည်။ အသက်ရှင်ဖို့ ထိုက်သင့်သည့် အရာတစ်ခုကို ပေးနိုင်သည်။ ဘ၀၏ အဖော်မဲ့ခြင်းကို ဖယ်ရှားပေးနိုင်ပါသည်။ ထိုကွက်လပ် ကျွန်ုပ်တို့၌ ရှိကြသဖြင့် ခရစ်တော်ကို မတွေ့မချင်း၊ စိတ်ရှုပ်ထွေးနေရသည်။ မိမိကိုယ်ကို မိမိ ဝေဖန်နေကြရသည်။ ခရစ်တော်ကို သင့် အမှန်တကယ် သိပါမလား။

ဖြစ်ရပ်တစ်ခု (အဖော်မဲ့သွားခြင်း)
လွန်ခဲ့သည့် တစ်လက ကျွန်ုပ် စာတစ်စောင်ရပါသည်။ ထိုစာ၌ လွန်ခဲ့သောတစ်လက ကျွန်ုပ်စာတစ်စောင် ရပါသည်။ ထိုစာထဲ၌ "လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော့ဇနီးနဲ့ ကျွန်တော် သီးသန့်ခွဲနေခဲ့ကြတယ်။ ကျွန်တော့နားမှာ သူမ ဆက်နေဖို့ မဖြစ်နိုင်တော့လို့ အိမ်က ထွက်သွားပြီ လို့ ပြောတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ ဆက်သွယ်လို့မရတဲ့ အခြေအနေကို ရောက်ခဲ့ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်စွပ်စွဲကြတာတွေလည်း အခြေအမြစ်ရှိတာတွေ ပါသလို၊ အခြေအမြစ်မရှိတာတွေလည်း ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အညှိုးတကြီး ပြောခဲ့ကြတယ်။ ကိုယ်ပိုင်တိုက်ခန်း မရခင် တခြားလူတစ်ယောက်နဲ့ ခဏ သွားနေမယ် ပြောပြီး ထွက်သွားတယ်"
"ကျွန်တော် အလုပ်ကနေ အိမ်ကို ပြန်ရောက်လာတယ်။ ညစာ စားပြီးတော့ TV မဖွင့်ဖွင့်အောင် လှုံ့ဆော်နေသလို ခံစားရတယ်။ ကျွန်တော်ထင်တာက အဖော်မဲ့တာတွေ၊ စိတ်ပျက်တာကြောင့် ဖြစ်တာပါလို့။ တစ်ခါတလေ ရုပ်မြင်သံကြားက ခဏတာလေးအတွက် မီးလောင်နေတဲ့အခါ ထွက်ပေါက်ကလေး ဖြစ်ပေမဲ့ လောင်နေတဲ့မီးကို ငြိမ်းသွားစေနိုင်တဲ့ ပစ္စည်းကောင်းတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲပြောပြော ခလုတ်ဖွင့်ပြီး၊ ဟိုပြောင်း ဒီရွှေ့ လိုက်ကြည့်ရာက၊ ကျွန်တော်ဖွင့်ကြည့်လိုက်မိတဲ့လိုင်းက ဆရာကြီး (ဘီလီဂရေဟမ်) ရဲ့ တရားဟောပွဲတစ်ခုကို စတင်လွှင့်တော့မဲ့ လိုင်းဖြစ်နေတယ်။ အမှန်အတိုင်းပြောရရင်၊ ရုပ်မြင်သံကြားက လွှင့်တဲ့အစီအစဉ်တွေကို ကျွန်တော့ သိပ်အယုံအကြည်မရှိဘူးခင်ဗျာ၊ ဒါပေမဲ့ ဆက်ကြည့်လိုက်ပါတယ်။ ဆရာကြီးတရားဟောအပြီးမှာ .. ပြောရရင်၊ ကျွန်တော်နဲ့ ကျွန်တော်အခြေအနေကို တိုက်ရိုက်ပြောနေသလိုပါပဲဗျာ။ မိမိဘ၀လမ်းကြောင်းကို ပြောင်းလဲချင်သူတွေ၊ ရှေ့ကိုထွက်လာပြီး ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံဖို့ ပြောတဲ့အခါ ကျွန်တော်တွန့်ဆုတ်မိတယ်ဗျ။ ဒါပေမဲ့ ကျွန်တော ရုပ်မြင်သံကြားရှေ့သွားလိုက်ပြီး၊ ဒူးထောက်ပြီး ကျွန်တော့နှလုံးသားထဲက ခရစ်တော်ကို လက်ခံလိုက်ပါတယ်"  အဲဒီနောက် သူ့အကြောင်း ဆက်ပြောပြသေးတယ်။ အတိုချုပ် ပြောရရင် သူ့စာ အဆုံးမှာတော့ "အခုအချိန်၊ ကျွန်တော်နဲ့ ကျွန်တော့ဇနီး နဂိုအတိုင်း ပြန်ဖြစ်ဖို့ စတင်လုပ်နေကြပါပြီ" .. ခရစ်တော် ပြန်လည်ပေါင်းစည်းပေးသည့် လူတစ်ယောက်နှင့် သူ့ဇနီးအကြောင်း ၀မ်းသာစရာ ဇတ်လမ်းလေးပေပဲ။

လက်ထပ်ထားကြသော်လည်း အခြေအနေမှန်၌ သီးခြားစီ ဖြစ်နေကြသူများ၊ ခင်ဗျားတို့အထဲ၌လည်း ရှိနိုင်ပါသည်။ တစ်ယောက်နှင့် တစ်ယောက် ပြောဆိုဆက်ဆံမှု မရှိသူ၊ မေတ္တာစစ် မရှိသလောက် နီးပါး ဖြစ်နေသူများလည်း ရှိပေမည်။ သို့ရာတွင် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ထိုအရာအားလုံိးကု ပြန်လည်ဆန်းသစ်၊ အသက်သွင်းပေးနိုင်ပါသည်။ ပျော်ရွှင်မှုအသစ်၊ ယုံကြည်မှုအသစ် စသည့် အသစ်အဆန်းတစ်ခုခု နောက်သို့ သဲသဲမဲမဲလိုက်ပြီး၊ မိမိဆန္ဒ ပြည့်လိုကြသည့် လူငယ်များစွာသည်လည်း ဤနေရာ၌ ဤညတွင် ရှိနေကြပါသည်။ သင်တို့ ခရစ်တော်ကို လိုအပ်ပါသည်။ သခင်ယေရှု ခရစ်တော်ကို နှလုံးသားထဲတွင် ဖိတ်ခေါ် လက်ခံကြည့်ပါ။ သင်၏တကယ်လိုအပ်နေသော စိတ်၏ငြိမ်းချမ်းမှုကို အမှန်ပင် ရရှိပါလိမ့်မည်။
ဘီလီဂရေဟန် (ဦးအောင်သက်ညွန်ဘာသာပြန်သည့်စာအုပ်မှ)။


အဖော်မဲ့ခြင်း၊ အထီးကျန်ခြင်း ဖတ်ရန်များ..
Part I
Part II
Part III (End)  this article

စာအုပ်ငယ် မာတိကာ။  အမှာစာရေးတွင် ဆရာဦးအောင်သက်ညွန့်က လူတိုင်းအတိတ်တွင် မှားယွင်းမှုများကို ပြင်၍မရနိုင်သော်လည်း၊ အနာဂါတ်ကို ပြင်နီုင်ကြောင်း။ လူမည်သည်ကား ခရစ်တော်ရှိလျှင် အသစ်ပြုပြင်သောသတ္တ၀ါဖြစ်သည် ..ဟူသည့်အတိုင်း ဘ၀သစ်သို့သွားရန် ဘီလီဂရေဟမ်၏ တရားဟောချက်၁၀ခုကို ဖတ်ရှု၊ဆင်ချင်နိုင်ပါသည်။

၁။ အဖေါ်မဲ့ခြင်း၊အထီးကျန်ခြင်း Loneliness
၂။ သခင်ယေရှုအဆုံးစွန်ဆုံးသောအဖြေ -Jesus: Ultimate solution
၃။ မိမိကိုယ်ကို အသုံးဝင်မည့်လူဖြစ်လာစေမည့်သော့၃ချောင်း  Three keys to usefullness
၎။ နှလုံးသားကိုနွေးထွေးစေမည့်ဘုရားသခင်၏မီး God's heart warming fire
၅။ အသက်တာကို အစမှတဖန်စတင်ခြင်း  Starting live over
၆။ လိင်၊အာဏာ၊ကြွယ်ဝချမ်းသာမှုနှင့်ရုပ်ဝါဒ  Sex, Power, Riches and Materialism
၇။ တောင်ပေါ်၌သွားပြောပါ  Go Tell it on the mountain
၈။ ဤလောက၏မျှော်လင့်ရာယေရှု  Jesus: the hope of the world
၉။ ဆုတောင်းသောအခါရသောတခိုး  Power when you prayer
၁၀။ တခုတည်းသောလမ်း The Only Way


 

မခွဲမခွာအမြဲသာ ဘုရားရှင်တောင်းဆိုသောပူဇော်သက္ကာ





မခွဲမခွာအမြဲသာ ဘုရားရှင်တောင်းဆိုသောပူဇော်သက္ကာ

လင်မယားတို့သည် နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။


No comments: