Thursday, May 9, 2013



စွဲလမ်းမှုကိုဖြေဖျောက်နည်း Addiction
တမြန်မနေ့ကသတင်း၊  ။ ရုရှား အာဏာရှင်လက်ကိုင်တုတ်၊ သူဌေးတစ်ဦး၊ 
Boris Berezovsky 67 နှစ်အရွယ်၊ ဘီလျှံနာ သူဌေးကြီးဖြစ်ပေမဲ့ တိုင်းပြည်ကထွက်ပြေးခြင်း၊ မိန်းမတွေရှုပ်ပြီး ငွေပြက်လို့ဗြိတိန်နိုင်ငံ ၁၂နှစ်လောက် ခြောက်ခြားမှုတွေနဲ့ အသက်ရှင်ခဲ့တယ်။ နောက်ဆုံးမှာ အင်္ဂလန်တောမြို့လေးမှာ စည်းစိမ်ဥစ္စာအားလုံးဆုံးရှုံးပြီး၊ စိတ်ဓါတ်ကျ၊ သေဆုံးရရှာတယ်။

ငွေကိုစွဲလမ်းခြင်း
ဆရာဦးအောင်သက်ညွန့် ..ဓမ္မပညာအထောက်အကူပြုလစဉ် မေလ၂၀၁၃မှာ ငွေချမ်းသာမှုကို ရေးထားပါတယ်။
လူသည် ဆင်းရဲဒဏ်ကိုခံနိုင်သည်။

ချမ်းသာဒဏ်ကို မခံနိုင်ဟု ဆိုကြသည်။ ထိုစကားသည် လောကသားများအတွက် မှန်နိုင်သော်လည်း နှုတ်ကပတ်တော်ကို ယုံကြည်သောသူများအတွက် မမှန်ကန်ပါ။
၂၀၀၃ခုနှစ်မှ ၂၀၁၁ခုနှစ် ၈နှစ်ကာလအတွင် တရုပ်ပြည်မှ ကုဋေကြွယ်သူဌေး ၇၂ဦးအကြောင်း သုတေသနပြုမှန်တမ်းကို ဂျာနယ်တစ်ခုတွင် ဖော်ပြထားပါသည်။ သူဌေးကြီးများ ဇတ်သိမ်းအကြောင်း ဖော်ပြချက်၌ ၁၅ဦး အသတ်ခံရသည်။ ၁၇ဦးက မိမိကိုယ်ကို သတ်သေကြသည်။ ချမ်းသာမှုက လူကို စိတ်ချမ်းသာမှုမပေးပါ။ ၇ဦးက သင်္ကာမကင်းဘွယ်သေဆုံးရသည်။ ၁၄ဦးက ရာဇ၀တ်မှုကြောင့် အဖမ်းခံရကာ သေဒဏ်ပေးခံလိုက်ရသည်။ ၁၉ဦး ရောဂါဆိုးနှင့်သေကြသည်။ အကြောင်းမှာ ကြွယ်ဝ၍အရက်သောက်၊ ဆေးလိပ်သောက်၊ မတရားမေထုန်လိုက်စားပြီး သေကြရသည်။ ၇၂ဦးစလုံး ဇတ်သိမ်းမလှကြပါ။ ထိုငွေကို ဘုရားသခင် ခံစားခွင့်ပေးခြင်းသည် သူတို့က အခြားသူများကို ဝေငှပေးဖို့ဖြစ်ကြောင်း သူတို့မသိလိုက်ကြပါ။ အမေရိကန်ပြည်ရှိ သန်းကြွယ်သူဌေးများစွာထဲမှာ တစ်ဦးအကြောင်း ဆင်ခြင်လိုပါသည်။ သူသည် တစ်နာရီလုပ်ရာတွင် လေးပြားရသည်။ သူတို့တိုင်းပြည်၌ တစ်နေ့ရှစ်နာရီလုပ်ရသည်။ ၃၂ပြားရသည်။ သူက ဆယ်ဖို့တစ်ဖို့ပေးဖို အဆင်မပြေ၍ သူ၏သူဌေးအား ၂နာရီတိုးပြီး လုပ်ရဖိုပြောသည်။ သူဌေးက သူ့ကို အိုဗာတိုင်ကြေးမပေးနိုင်ဟု ပြောသည်။ သူက မပေးပါနှင့်၊ အလုပ်သာပေးလုပ်ပါ..ဟု ဆိုသဖြင့် သူဌေးက ပေးလုပ်ပါသည်။ ထိုအခါ သူက ၁၀နာရီလုပ်သဖြင့် လုပ်အားခတွက်ပါက ၄၀ပြားရသင့်၍ ဆယ်ဖို့တစ်ဖို့ ၄ပြား လှုပါသည်။ အချိန်ပိုလုဒပ်ရသော်လည်း မခိုမကပ်ပဲ နေပူထဲလုပ်သဖြင့် အလုပ်ရှင်က သူ့အားခေါ်ပြီး ဘုရားသခင်ကို ယုံကြည်သောသူ၊ ဘုရားဘုန်းရှိသောသူများသည် လူပျင်းများမဟုတ်ကြပါ။ ထိုလူငယ်ကလေးသည် တနာရီ၎ပြားမှ တစ်ပတ်တွင် ဒေါ်လာ၂၀ရသောသူ ဖြစ်လာသညပ်။ သူသည် နောင်တချိန်တွင် သန်းကြွယ်သူဌေး လက်ချိုးရေတွက်ရသည့် အချိန်ကာလက သန်းကြွယ်သူဌေးဖြစ်လာပြီး တစ်နှစ်တစ်နှစ် ကမ္ဘာကြီးကို ဒေါ်လာသန်း၇၅၀ လှုနိုင်သူဖြစ်လာသည်။ ထိုသူဌေးကြီးသည် အသက်၉၇နှစ် အသက်ရှည်ပြီး သွားတစ်ချောင်းမှမကျိုးပါ။ ထိုပုဂ္ဂိုလ်ကြီးမရှိသည့်နောက် သူ့သားစဉ်မြေးဆက်ကလည်း ကမ္ဘာကြီးကို ဆက်လက်အကျိုးပြုနေဆဲဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်ကြီးကား အမေရိကန်သူဌေးကြီး ဂျွန်ဒီရောက့ကီဖယ်လာ ဖြစ်သည်။ သူသည် ဘုရားသခင်၏ ဘုန်းထင်ရှားအောင် အသက်ရှင်ခဲ့သလို သားစဉ်မြေးဆက်ကိုလည်း အမွေပေးခဲ့ပါသည်။

ရွှေကိုစွဲလမ်းခြင်း
မြန်မာပြည်လေယာဉ်ခရီးအတွက် ကီလိုအရောင်းအ၀ယ်ခေတ်စားပါတယ်။ တစ်ကီလို ၅ဒေါ်လာကနေ ၁၀ဒေါ်လာအထိ အရောင်းအ၀ယ်ဖြစ်ပါတယ်။ လူကိုခင်ပါတယ်။ ကီလိုလက်ဆောင်ပစ္စည်းပေးခြင်း သည်းခံပါတဲ့..။ ရွှေတစ်ကီလိုဘယ်လောက်တန်ပါသလဲ...။ တစ်ကီလိုဟာ ၄၄ကျပ်သားရှိပြီး၊ ရွှေတစ်ကျပ်သား ၇သိန်းဈေးပေါက်တော့ ရွှေတစ်ကီလို ကျပ် ၃၀၈သိန်း ဈေးရှိပါတယ်။ မြန်မာပြည်ပြန်လို့ ရတဲ့ ကီလို၂၀ကို ရွှေချည်းသယ်ရမယ်ဆိုရင် ကျပ်သိန်း၆ထောင် (S$600,000  ဒေါ်လာ၆သိန်း) ရှိပါတယ်။ အများကြီးပဲ တစ်သက်စားမကုန်တဲ့ Gold Bar ၊ ကီလို၂၀ကို ကျောပိုးအိပ်ထဲမှာ အသာလေးထည့်လို့ရပါတယ်။ ရွှေက သံထက် ၃ဆလောက် ပိုလေးတော့ ရွှေကီလို၂၀အထုတ်က သေးသေးပါ။ တော်တော်လေးပါတယ်။ ရွှေဘားတွေ အများကြီးတွေ့ဖူးသူတွေကတော့ ဘဏ်ဝန်ထမ်းတွေ၊ လုံခြုံရေးတွေဖြစ်ပါတယ်။ အရံရွှေဆိုပြီး နိုင်ငံအစိုးရဘဏ်များမှာ သိမ်းထားပါတယ်။ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ရွှေပြားတွေ၊ ရွှေခဲတွေပါ။ စင်ကာပူ၊အမေရိကားတွေမှာ နှစ်ပေါင်းများစွာလုပ်ကိုင်ပြီး အိမ်တစ်လုံးအပြီးပိုင်သွားသူတွေ တော်တော်များများရှိပါတယ်။ တချို့အိမ်တန်ဖိုးက ဒေါ်လာ၆သိန်းလောက် တန်တယ်ဆိုတော့၊ ရွှေ ကီလို၂၀လောက် ပိုင်တာပေါ့။ သေတဲ့အထိ ဒီငွေကို ဆုတ်ကိုင်ထားလေ့ရှိတာ လူ့ဗီဇပါ။ ပိုင်ဆိုင်မှုမရှိရင် လူမလေးစားဘူးလို့ ခံယူကြတယ်။ ဒီတော့ ပစ္စည်းဥစွာစွဲလမ်းမှု လူတိုင်းမှာရှိတော့ အပြစ်မဟုတ်ဘူး ပြောနိုင်ပါတယ်။ ဒါပေမဲ့ အပြစ်ကအပြစ်ပါပဲ။

လူ့ဖြစ်လာရင် အစွဲအလမ်းတွေရှိပါတယ်။ စွဲလမ်းမှုကို ချွတ်ပစ်တဲ့နည်းလမ်းများ
- အစာစွဲလမ်းမှု.. အရသာမရှိအောင်လုပ်ပစ်ခြင်း
- မျက်စိစွဲလမ်းမှု ... မမြင်ရအောင် ဝေးဝေးနေခြင်း
- အနံ့ စွဲလမ်းမှု ... ဝေးဝေးရှောင်
- အထိတွေ့စွဲလမ်းမှု၊ ...ဝေးဝေးရှောင်
- မေထုံစွဲလမ်းခြင်း ... လူသေ၊အသုဘ
- မူရစ်ဆေး၊အရက် .. ဆေးဖြက်နည်းမျိုးစုံ
- ငွေစွဲလမ်းမှု ...ပေးကမ်းခြင်း
အစားစွဲလမ်းခြင်းက သိပ်အရုပ်မဆိုးပေမဲ့၊ အချစ်၊ တဏှာရာဂ၊ မူးရစ်ဆေး၊ ငွေ၊ အာဏာ စွဲလမ်းမှုတွေက အရုပ်ဆိုးစေပါတယ်။ ပညာစွဲလမ်းခြင်း၊ အပေါင်းသင်းစွဲလမ်းခြင်း၊ ၀ါသနာပါတဲ့အလုပ်တခု စွဲလမ်းခြင်း၊ အင်တာနက်၊ ဖေ့စ်ဘုတ် ..စသည်များလည်း လွန်ကျူးလာရင်၊ မိမိနဲ့ကိုယ့်အပေါင်းသင်းများကိုပါ ထိခိုက်စေပါတယ်။

စွဲလမ်းမှုကို ဖျောက်တဲ့နည်းတွေကတော့ .. အများကြီပါ။ သို့သော်အထက်ပါနည်းများလည်း မထိရောက်ပါ။

ပိုပြီးစွဲလမ်းစရာတစ်ခုကိုတွေ့သွားခြင်း
အရက်ဖြက်ဖို့၊ ဆေးလိပ်သောက်၊ ဆေးလိပ်စွဲတော့ ကွမ်းနဲ့ဖြတ် .. ဒီလိုနဲ့ပဲ စွဲလမ်းမှုသံသရာအောက်က ရုန်မထွက်နိုင်ပါဘူး။ သာ၍ကောင်းသော စွဲလမ်းစရာတစ်ခု တွေ့သွားရင်ကော...။ ဥပမာ ..ဘုရားစွဲလမ်းခြင်းကော.. ကောင်းသလားမေးရင်.. ဘုန်းကြီး၊ သီလရင် အပြီးဝတ်နိုင်ရင် ကျွတ်ပြီလား ..ဆိုပြန်တော့ မဟုတ်ပြန်ဘူး။ သူများကို ပြန်လည်သွန်သင်၊ တရားကိုဖြန့်ဝေနိုင်ခြင်း (ခရစ်ယန် ဧ၀ံဂေလိ) လုပ်ခြင်းဟာ ဘုရားနဲ့မိတ်သဟာရ မှန်ကန်သူလို့ပြောရပါတယ်။ မှန်ကန်တဲ့  ဘုရားဝတ်နဲ့မွှေ့လျှော်သူဟာ အစွဲအလမ်းအားလုံးကို ချွတ်နိုင်ပါတယ်။ ကိုယ်ကိုယ်ကို ငြင်းပယ်ခြင်း၊ ဘုရားထံဆပ်ကပ်အပ်နှံလိုက်ခြင်း ... အဆင့်ရောက်သွားရင်။ ဘုန်းကြီး၊ သီလရင် မဟုတ်ပေမဲ့ ဘုရားဘုန်းတော်ထင်ရှားစေသူများ ဖြစ်ပါတယ်။ တချို့ လည်း ပိုင်ဆိုင်သမျှကို ဇနီး၊သားသမီးများပေးပစ်ပြီး သူကတော့ ဘုရားဝတ်နဲ့မွေ့လျှော်ပြီးနေပါတယ်။ ဒါပေမဲ့ ဇနီးသားသမီးမှာ ကိုယ်ပေးအပ်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေနဲ့ ကားကားကြီးကျန်နေတာ အကုသိုလ်ပေးသလိုဖြစ်နေပါတယ်။ သူများကိုလျှောက်ပေးကမ်းလှုဒါန်းနေလဲ စွဲလမ်းမှုများ မပျောက်နိုင်ပါဘူး။

ဒါကြောင့် ဘုရားဝတ်၌မွေ့လျှော်ခြင်းဖြင့်သာ စွဲလမ်းမှုကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ တကယ်စွဲလမ်းမှုပျောက်သွားသူများဟာ အသက်ရှင်နေရတာကို အရမ်းကျေနပ်နေပါတယ်။ နောင်ဘ၀အတွက်လည်း စိတ်ချနေပါတယ်။ မိမိဒီအဆင့်ရောက်ပါပြီလား...?
 

ကျမ်းပိုဒ်။    ၁တိမောသေ ၆း၉-၁၀
ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု သူတို့သည် စိတ်ထင်ကြသည်။ ထိုသို့သော သူတို့ကို ရှောင်လော့။ ရောင့်ရဲသော စိတ်ပါလျှင် ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားမှန်ဟ။ အကြောင်းမူကား ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှ မပါပဲ လာသည်ဖြစ်၍ ထွက်သွားလျှင်လည်း အဘယ်အရာမျှ ယူမသွားနိုင်ကြဟု ထင်ရှားလျှက်ရှိ၏။ သို့ဖြစ်၍ စားရန်၊ ၀တ်ရန် ရှိသမျှနှင့် ရောင့်ရဲလျှက် နေကြကုန်အံ့။ ငွေရတတခြင်းငှါ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်၏။ ထိုသို့ သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်ဆီးခြင်း၌ နစ်မွမ်းတတ်ကြ၏။ အကြောင်းမူကား၊ ငွေကိုတပ်မက် ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။

မောင်သာမန် 9May2013

No comments: